ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အို ကျွန်တော့်ဘကြီးတော် ‘လာအိလာဟ အိလ္လလ္လာဟ်’ဟူသည့် ကလိမဟ်တော်ကို ရွတ်ဆိုလိုက်ပါ။ ကျွန်တော်သည် ဘကြီးအတွက် ဤကလိမဟ်တော်ဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အရေးဆိုလျှောက်ထားပေးတော်မူမည်ဟု ပြောကြားခဲ့သည်။
စအီးဒ်ဗင်န် မုစိုင်းယစ်ဗ်က သူ၏ဖခင်ထံမှ ဆင့်ပြန် ပြောကြားခဲ့သည်။ အဗူသွာလိဗ် သေဆုံးခါနီးအချိန် ရောက်လာသည့်အခါ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူထံ ကြွမြန်းတော်မူလာသည်။ သူ့အနားတွင် အဗူဂျဟ်လ်နှင့် အဗ်ဒုလ္လာဟ် ဗင်န် အဗီအုမိုင်းယဟ် ဗင်န် မုဂီးရ…

