။ အသင်တို့သည် မိမိတို့စွမ်းဆောင်နိုင်သည့်အရာများကိုသာ ဆောင်ရွက်ကြလော့။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မြတ်သည် (သင်တို့အား ဆုလာဘ်ချီးမြှင့်ရာတွင်) ငြီးငွေ့သွားတော်မူခြင်း မရှိပေ။ သို့ရာတွင် သင်တို့ကသာလျှင် (ကောင်းမှုကုသိုလ် ပြုလုပ်ရာတွင်) ငြီးငွေ့သွားကြပေသည်။
တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )၏ ဇနီးကြင်ယာတော်၊ မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သူမထံရှိနေစဉ် ဟောင်လာအ် ဗင်န်သေ သုဝိုင်သ် ဗင်န် ဟဘီးဗ် ဗင်န် အစဒ် ဗင်န် အဗ်ဒွလ်အွဇ္ဇာက သူမအနား…

