افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65074[صحيح]
HadeethEnc · 1.34.0

အို - လူသားအပေါင်းတို့ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် အမိုက်ခေတ်၏ မာန်မာနထောင်လွှားမှုနှင့် ၎င်းခေတ်၏ဘိုးဘေးတို့ဖြင့် ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်းတို့အား အသင်တို့ထံမှဖယ်ရှားတော်မူလိုက်လေပြီ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မက္ကဟ်မြို့ကို အောင်နိုင်သောနေ့တွင် လူတို့အားခွသ်ဗဟ်မိန့်ခွန်း ပြောကြားတော်မူခဲ့သည်။ ကိုယ်တော်က အမိန့်ရှိသည်မှာ အို - လူသားအပေါင်းတို့ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် အမိုက်ခေတ်၏ မာန်မာနထောင်လွှားမှုနှင့် ၎င်းခေတ်၏ဘိုးဘေးတို့ဖြင့် ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်းတို့အား အသင်တို့ထံမှဖယ်ရှားတော်မူလိုက်လေပြီ။ သို့ဖြစ်ပေရာ လူသည်နှစ်မျိုးသာရှိသည်။ ကောင်းမြတ်သောအကျင့်သီလရှိပြီး အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေအမိန့်နာခံသူနှင့် အလ္လာဟ်အရှင်မြတ်၏အမိန့်ကိုဖီဆန်သော နဖူးစာဆိုးသည့်သေးသိမ်သူတို့ဖြစ်သည်။ လူသားအားလုံးသည် အာဒမ်(အလိုင်းဟိစ္စလာမ်)၏ သားမြေးများပင်ဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် အာဒမ်(အလိုင်းဟိစ္စလာမ်)အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ (အို - လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။) (စူရဟ် အလ်ဟုဂျုရာသ်- အာယသ် ၁၃)
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မက္ကဟ်မြို့ကိုအောင်နိုင်သောနေ့တွင် လူတို့အား ခွသ်ဗဟ် မိန့်ခွန်းပြောကြားတော်မူခဲ့သည်။ ကိုယ်တော်က အမိန့်ရှိသည်မှာ အို-လူသားအပေါင်းတို့ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အမိုက်ခေတ်၏မာန်မာနထောင်လွှားမှုနှင့် ၎င်းခေတ်၏ ဘိုးဘေးတို့ဖြင့် ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်းတို့အား အသင်တို့ထံမှဖယ်ရှားတော်မူလိုက်လေပြီ။ လူသည် နှစ်မျိုးသာရှိသည်။

ပထမတစ်မျိုးမှာ အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်သူ ကောင်းမြတ်သောအကျင့်သီလရှိပြီး အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေအမိန့်နာခံသော မုအ်မင်န်ဖြစ်သည်။ ၎င်းသည် လူသားများထံတွင် ဆွေဂုဏ်၊မျိုးဂုဏ် မရှိလျှင်လည်း အလ္လာဟ်အရှင်မြတ်ထံပါးတွင် ဂုဏ်သရေရှိသူ ဖြစ်သည်။

ဒုတိယတစ်မျိုးမှာ အရှင်မြတ်၏အမိန့်ကိုဖီဆန်သော နဖူးစာဆိုးသူ ကာဖိရ်ဖြစ်သည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် သေးသိမ်သူဖြစ်ပြီး ဆွေဂုဏ် မျိုးဂုဏ်ရှိပြီး အဆင့်အတန်းမြင့်မားသူ၊ ဩဇာအာဏာရှိသူဖြစ်နေလျှင်လည်း မည်သည့်တန်ဖိုးမျှမရှိပေ။

လူသားအားလုံးသည် အာဒမ်(အလိုင်းဟိစ္စလာမ်)၏ သားမြေးများပင်ဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် အာဒမ်(အလိုင်ဟိစ္စလာမ်)အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ သို့ဖြစ်၍ မိမိ၏မူလဇစ်မြစ်မှာ မြေကြီးဖြစ်နေသူအနေဖြင့် မာန်မာနမထောင်လွှားပြီး မိမိကိုယ်မိမိ အထင်မကြီးသင့်ပေ။ ဤသည် အလ္လာဟ်အရှင်မြတ် မိန့်တော်မူထားသည့်အတိုင်းပင်ဖြစ်သည်။ အရှင်မြတ်မိန်တော်မူသည်မှာ (အို - လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။) (စူရဟ် အလ်ဟုဂျုရာသ်- အာယသ် :၁၃)
03

Benefits

မျိုးရိုးဖြင့် ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်းကို တားမြစ်ထားသည်။

Attribution

[رواه الترمذي وابن حبان]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...