افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#10411[صحيح]
HadeethEnc · 1.34.0

။ အသင်တို့သည် မိမိတို့စွမ်းဆောင်နိုင်သည့်အရာများကိုသာ ဆောင်ရွက်ကြလော့။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မြတ်သည် (သင်တို့အား ဆုလာဘ်ချီးမြှင့်ရာတွင်) ငြီးငွေ့သွားတော်မူခြင်း မရှိပေ။ သို့ရာတွင် သင်တို့ကသာလျှင် (ကောင်းမှုကုသိုလ် ပြုလုပ်ရာတွင်) ငြီးငွေ့သွားကြပေသည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )၏ ဇနီးကြင်ယာတော်၊ မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သူမထံရှိနေစဉ် ဟောင်လာအ် ဗင်န်သေ သုဝိုင်သ် ဗင်န် ဟဘီးဗ် ဗင်န် အစဒ် ဗင်န် အဗ်ဒွလ်အွဇ္ဇာက သူမအနားမှ ဖြတ်သွားခဲ့သည်။ ကျွန်မက ဤသို့ပြောကြားခဲ့သည်: "ဤသည်မှာ ဟောင်လာအ် ဗင်န်သေ သုဝိုင်သ်ဖြစ်ပြီး သူမသည် တစ်ညလုံးအိပ်စက်ခြင်းမရှိဟု လူတို့က ယူဆပြောဆိုကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်: "သူမသည် တစ်ညလုံး အိပ်စက်ခြင်းမရှိလေသလော။ အသင်တို့သည် မိမိတို့စွမ်းဆောင်နိုင်သည့်အရာများကိုသာ ဆောင်ရွက်ကြလော့။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မြတ်သည် (သင်တို့အား ဆုလာဘ်ချီးမြှင့်ရာတွင်) ငြီးငွေ့သွားတော်မူခြင်း မရှိပေ။ သို့ရာတွင် သင်တို့ကသာလျှင် (ကောင်းမှုကုသိုလ် ပြုလုပ်ရာတွင်) ငြီးငွေ့သွားကြပေသည်။
02

Explanation

ဟောင်လာအ် ဗင်န်သေ သုဝိုင်သ် (ရဿွိယလ္လာဟုအန်ဟာ)သည် မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ထံ၌ ရှိနေခဲ့စဉ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အာအိရှဟ်သခင်မထံသို့ ရောက်ရှိလာတော်မူရာ သူမသည် သခင်မထံမှ ထွက်ခွာသွားခဲ့သည်။ အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား လျှောက်ထားခဲ့သည်မှာ - ဤအမျိုးသမီးသည် တစ်ညလုံး အိပ်စက်ခြင်းမရှိဘဲ ညဉ့်အချိန်များကို ဆွလာသ်ဝတ်ပြုခြင်းဖြင့် နိုးကြားစွာဖြတ်သန်းလေ့ရှိပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သူမ၏ မိမိကိုယ်ကို အလွန်အမင်း ပင်ပန်းစေသော အပြုအမူကို ကန့်ကွက်တော်မူသည်အ‌နေဖြင့် မိန့်ကြားတော်မူခဲ့သည်မှာ - သူမသည် တစ်ညလုံး အိပ်စက်ခြင်းမရှိလေသလော။
(အို လူအပေါင်းတို့) သင်တို့ ပုံမှန်စွဲစွဲမြဲမြဲလုပ်ဆောင်နိုင်သည့် ကောင်းမှုကုသိုလ်များကိုသာ ဆောင်ရွက်ကြလော့။ အလ္လာဟ်အရှင်မြတ်၏ကစမ်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဖြောင့်မှတ်မှန်ကန်‌သောဗန္ဒဟ်‌ကျေးကျွန်များအား ၎င်းတို့၏အမိန့်နာခံမှုများ၊ ကောင်းမှုကုသိုလ်များနှင့် ကောင်းမြတ်သောအမလ်ကျင့်‌ဆောင်မှုများအပေါ် အကျိုးဆုလာဘ်ချီးမြှင့် တော်မူရန် လုံးဝငြီးငွေ့တော်မူခြင်းမရှိပေ။ နောက်ဆုံး သင်တို့ကိုယ်တိုင် ထိုအလုပ်များကို ငြီးငွေ့လာပြီး စွန့်လွှတ်ကြသည်အထိဖြစ်သည်။
03

Benefits

၁။ ကိုယ်ခန္ဓာက တတ်စွမ်းနိုင်သည်ထက်ပို၍ အိဗာဒသ်ခဝပ်ကိုးကွယ်မှုများကို ပြုလုပ်ခြင်းသည် စိတ်ပျက်ခြင်းနှင့် ပျင်းရိခြင်းကို ဖြစ်ပေါ်စေပြီး၊ နောက်ဆုံးတွင် စိတ်သည် ထိုအိဗာဒသ်များကိုလုပ်ခြင်စိတ်မရှိတော့ဘဲ စွန့်လွှတ်တော့သည်။
၂။ အိဗာဒသ်ခဝပ်ကိုးကွယ်ရာတွင် သင့်တင့်မျှတသော အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးခြင်းသည် အိဗာဒသ်ကို ဆက်လက်ဆောင်ရွက်ရန်နှင့် ယင်းအပေါ် ခိုင်မြဲစွာရပ်တည်နိုင်ရန်အတွက် အဓိကသော့ချက်ဖြစ်သည်။
၃။ ပုံမှန်စွဲစွဲမြဲမြဲလုပ်‌ဆောင်သော အနည်းငယ်သော်အမလ်ကျင့်‌ဆောင်မှုသည် များပြားသော်လည်း ရပ်တန့်သွားသော အမလ်များထက် ပိုမိုကောင်းမွန်သည်။
၄။ အိမာမ်နဝဝီက မိန့်ဆိုခဲ့သည်။ အနည်းငယ်သောအမလ်ကို အဆက်မပြတ် ဆောင်ရွက်ခြင်းသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၊ အာရုံပြုခြင်း၊ အိခ်လားစ်ွစိတ်စေတနာဖြူစင်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်ဘက်သို့ ဦးလှည့်ခြင်းတို့ဖြင့် အမိန့်နာခံမှု (ကောင်းမှု)ကို ဆက်လက်တည်မြဲစေသည်။ ထို့ပြင် ၎င်းသည် ခက်ခဲပြီးများပြားသော အမလ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ပုံမှန်စွဲစွဲမြဲမြဲလုပ်‌ဆောင်သော အနည်းငယ်သော်အမလ်ကျင့်‌ဆောင်မှုသည် များပြားသော်လည်း ရပ်တန့်သွားသော အမလ်များထက် အဆများစွာ သာလွန်ကောင်းမွန်ကြောင်း တွေ့ရှိရသည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...