افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65026[صحيح]
HadeethEnc · 1.34.0

အနောက်အရပ်မှ နေမထွက်မချင်း ကိယာမသ် ဖြစ်မည်မဟုတ်ပေ။ အနောက်အရပ်မှနေထွက်သောအခါ ၎င်းကိုလူတို့တွေ့မြင်ကြမည်ဖြစ်ပြီး အားလုံးအီမာန်သက်ဝင်ယုံကြည်လာကြလိမ့်မည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အနောက်အရပ်မှ နေမထွက်မချင်း ကိယာမသ် ဖြစ်မည်မဟုတ်ပေ။ အနောက်အရပ်မှနေထွက်သောအခါ ၎င်းကိုလူတို့တွေ့မြင်ကြမည်ဖြစ်ပြီး အားလုံးအီမာန်သက်ဝင်ယုံကြည်လာကြလိမ့်မည်။ ထိုအချိန်သည် (ရှေးဦးမဆွက အီမာန်ယုံကြည်မှုမရှိခဲ့သောသူကိုသော်လည်းကောင်း၊ မိမိယုံကြည်မှုနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ကောင်းမှုပြုခဲ့ခြင်း မရှိသောသူကိုသော်လည်းကောင်း၊ ထိုသူ၏ ယုံကြည်မှုသည် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည်မဟုတ်ပေ။) (ကုရ်အာန် ၆:၁၅၈) ဟုဆိုထားသော အချိန်ပင်ဖြစ်သည်။ လူနှစ်ယောက်သည် မိမိတို့ကြား၌ မိမိတို့၏ အဝတ်အထည်ကို ဖြန့်ကာ အရောင်းအဝယ် မလုပ်ရသေးခင်၊ ၎င်းအဝတ်ကို မခေါက်ရသေးခင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ လူတစ်ဦးသည်မိမိကုလားအုတ်မှ နို့ညှစ်ပြီး ပြန်သွားခဲ့ရာ ၎င်းနို့ကိုမသောက်မီ ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ ၎င်းသည် မိမိရေကန်(၏အက်ကွဲကြောင်းများကို)ဖာထေးပြီး(ရေဖြည့်၍) မိမိ၏တိရစ္ဆာန်ကို ရေမတိုက်ရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ထမင်းလုတ်ကိုမြှောက်ပြီး ပါးစပ်ထဲမသွင်းရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။
02

Explanation

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကိယာမသ်၏နိမိတ်လက္ခဏာကြီးများနှင့်ပတ်သက်၍ မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့မှာ နေသည်အရှေ့အရပ်မှ ထွက်ရမည့်အစား အနောက်အရပ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအခြင်းအရာကို လူတို့မြင်တွေ့ကြပြီးနောက် အားလုံးအီမာန်သက်ဝင်ယုံကြည်ကြမည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ကာဖိရ်၏ အီမာန်သက်ဝင်ယုံကြည်မှုသည်လည်းကောင်း၊ အမလ်ကောင်းမှုများ ဆောင်ရွက်ခြင်းသည်လည်းကောင်း၊ သောင်ဗဟ် အမှားဝန်ချတောင်းပန်ခြင်းသည်လည်းကောင်း အကျိုးဖြစ်ထွန်းမည်မဟုတ်ပေ။ ၎င်းနောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဆက်လက် မိန့်ကြားတော်မူသည်မှာ လူတို့သည် မိမိတို့၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်လျက်ရှိနေစဥ် ကိယာမသ်သည် ရုတ်တရက် ဆိုက်ရောက်လာမည်ဖြစ်သည်။ အရောင်းအဝယ်ပြုသူ နှစ်ဦးသည် မိမိတို့ကြား၌ မိမိတို့၏ အဝတ်အထည်ကိုဖြန့်ကာ အရောင်းအဝယ် မပြုရသေးမီ၊ ၎င်းအဝတ်ကို မခေါက်ရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ လူတစ်ဦးသည်မိမိကုလားအုတ်မကို နို့ညှစ်ပြီး ၎င်းနို့ကိုမသောက်မီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ လူတစ်ဦးသည် မိမိရေကန်ကို ပြန်လည်ပြုပြင်ဖာထေးပြီးရေဖြည့်၍ မိမိ၏တိရစ္ဆာန်ကိုရေမတိုက်ရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ ထို့အတူ လူတစ်ဦးသည် ထမင်းစားရန် ထမင်းလုတ်ကိုမြှောက်ပြီး မစားရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။
03

Benefits

အနောက်အရပ်မှ နေမထွက်ခင်အချိန်ထိ အစ္စလာမ်သာသနာကို လက်ခံခြင်းနှင့် သောင်ဗဟ် အမှားဝန်ချတောင်းပန်ခြင်းတို့ကို လက်ခံမည်ဖြစ်သည်။
ကိယာမသ်သည် ရုတ်တရက်ဆိုက်ရောက်လာမည် ဖြစ်သဖြင့် အီမာန်သက်ဝင်ယုံကြည်မှုနှင့် ကောင်းမြတ်သည့် အမလ်ကျင့်ဆောင်မှုများကို ဆောင်ရွက်ကာ ကိယာမသ်အတွက် ပြင်ဆင်ထားရန် တိုက်တွန်းနှိုးဆော်ထားသည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...