افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3410[صحيح]
HadeethEnc · 1.34.0

ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အို ကျွန်တော့်ဘကြီးတော် ‘လာအိလာဟ အိလ္လလ္လာဟ်’ဟူသည့် ကလိမဟ်တော်ကို ရွတ်ဆိုလိုက်ပါ။ ကျွန်တော်သည် ဘကြီးအတွက် ဤကလိမဟ်တော်ဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အရေးဆိုလျှောက်ထားပေးတော်မူမည်ဟု ပြောကြားခဲ့သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

စအီးဒ်ဗင်န် မုစိုင်းယစ်ဗ်က သူ၏ဖခင်ထံမှ ဆင့်ပြန် ပြောကြားခဲ့သည်။ အဗူသွာလိဗ် သေဆုံးခါနီးအချိန် ရောက်လာသည့်အခါ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူထံ ကြွမြန်းတော်မူလာသည်။ သူ့အနားတွင် အဗူဂျဟ်လ်နှင့် အဗ်ဒုလ္လာဟ် ဗင်န် အဗီအုမိုင်းယဟ် ဗင်န် မုဂီးရဟ် တို့နှစ်ဦးကို ကိုယ်တော်က တွေ့မြင်ခဲ့သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အို ကျွန်တော့်ဘကြီးတော် ‘လာအိလာဟ အိလ္လလ္လာဟ်’ဟူသည့် ကလိမဟ်တော်ကို ရွတ်ဆိုလိုက်ပါ။ ကျွန်တော်သည် ဘကြီးအတွက် ဤကလိမဟ်တော်ဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အရေးဆိုလျှောက်ထားပေးတော်မူမည်ဟု ပြောကြားခဲ့သည်။ ထိုအခါ အဗူဂျဟ်လ်နှင့် အဗ်ဒုလ္လာဟ်ဗင်န် အဗီအုမိုင်းယဟ်တို့က အသင်သည် အဗ်ဒုလ်မုသ်ွသွလိဗ်၏ သာသနာကို စွန်လွှတ်တော့မှာလားဟု ပြောဆိုခဲ့ကြသည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူ့အား ကလိမဟ်တော်ကို တင်ပြကာ အဆက်မပြတ်နားချတော်မူသည်။ ၎င်းတို့နှစ်ဦးကလည်း ထိုစကားကိုသာ ပြန်လည်ပြောဆိုကြသည်။ နောက်ဆုံးတွင် အဗူသွာလိဗ်က ၎င်းတို့အား ပြန်လည်ပြောဆိုသည့် နောက်ဆုံးစကားမှာ ၎င်းအနေဖြင့် အဗ်ဒုလ်မုသ်ွသွလိဗ်၏ သာသနာပေါ်တွင်သာ တည်မြဲနေမည်ဟူသည့် စကားပင်ဖြစ်သည်။ ၎င်းသည် ‘လာအိလာဟ အိလ္လလ္လာဟ်’ ရွတ်ဆိုရန် ငြင်းပယ်ခဲ့သည်။ ဆင့်ပြန်သူက ဆက်လက် ပြောပြသည်မှာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပါသည်။ ကျွန်ုပ်သည် သင်နှင့်ပတ်သက်၍ တားမြစ်ပိတ်ပင်ခြင်း မခံရသမျှ ကာလပတ်လုံး(အလ္လာဟ် အရှင်မြတ်ထံတော်တွင်) အသင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပေးမည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ဤအာယသ်တော်ကို ချပေးတော်မူသည်။ (နဗီတမန်တော်မြတ်၌ လည်းကောင်း၊ ထို့အတူ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌ လည်းကောင်း၊ မုရှ်ရိက်တို့အဖို့ ၎င်းတို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့် မရှိချေ။) ကုရ်အာန် (၉:၁၁၃) အလ္လာဟ်အရှင်မြတ်သည် အဗူသွာလိဗ်နှင့် ပတ်သက်၍ အောက်ပါအာယသ်တော်ကို ချပေးတော်မူခဲ့သည်။ ထိုအာယသ်တော်၌ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မိန့်ကြားတော်မူသည်မှာ- (ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိ အလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၈:၅၆)
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိဘကြီး အဗူသွာလိဗ် ကွယ်ခါလွန်နီးအချိန်တွင် သူ့ထံ ဝင်ရောက်လာခဲ့သည်။ ထို့နောက် ကိုယ်တော်က အို ကျွန်တော်၏ဘကြီး ‘လာအိလာဟ အိလ္လလ္လာဟ်’ဟူသည့် ကလိမဟ်တော်ကို ရွတ်ဆိုလိုက်ပါ။ ကျွန်တော်သည် ဘကြီးအတွက် ဤကလိမဟ်တော်ဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် သက်သေခံပေးပါမည်ဟု ပြောကြားခဲ့သည်။ ထိုအခါ အဗူဂျဟ်လ်နှင့် အဗ်ဒုလ္လာဟ်ဗင်န် အဗီအုမိုင်းယဟ်တို့က အို အဗူသွာလိဗ် အသင်သည် သင့်ဖခင် အဗ်ဒုလ်မုသ်ွသွလိဗ်၏ သာသနာကို စွန့်လွှတ်တော့မှာလားဟု ပြောဆိုခဲ့ကြသည်။ ထိုသာသနာမှာ ရုပ်တုကိုးကွယ်သည့် သာသနာဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် သူ့အား ထိုစကားကိုသာ အဆက်မပြတ်ပြောကြားနေရာ နောက်ဆုံးတွင် အဗူသွာလိဗ်က ၎င်းတို့အား နောက်ဆုံး ပြန်လည်ပြောကြားသည့်စကားမှာ ၎င်းအနေဖြင့် ရုပ်တု ကိုးကွယ်သည့် သာသနာ၊ ဖက်စပ်ယှဉ်တွဲကိုးကွယ်သည့် သာသနာဖြစ်သော အဗ်ဒုလ်မုသ်ွသွလိဗ်၏ သာသနာပေါ်တွင်သာ တည်မြဲနေမည်ဟူသည့် စကားပင်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က သင်နှင့်ပတ်သက်၍ ကျွန်ုပ်အား တားမြစ်ပိတ်ပင်ခြင်း မပြုသမျှ ကာလပတ်လုံး အသင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပေးမည်ဟု ပြောကြားခဲ့သည်။ ထိုအခါ ဤအာယသ်တော်ကို ကျရောက်လာသည်။ (နဗီတမန်တော်မြတ်၌လည်းကောင်း၊ ထို့အတူ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌လည်းကောင်း၊ မုရှ်ရိက်တို့အဖို့ ၎င်းတို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိချေ။) ကုရ်အာန် (၉:၁၁၃) ထို့ပြင် အဗူသွာလိဗ်နှင့် ပတ်သက်၍ အောက်ပါအာယသ်တော် ကျရောက်လာခဲ့သည်။ (ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိ အလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၈:၅၆) ထိုအာယသ်တော်၌ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အသင်သည် မိမိနှစ်သက်လိုလားသူအား ဟိဒါယသ် တရားလမ်းမှန် မချီးမြှင့်နိုင်ကြောင်းနှင့် အသင်၏တာဝန်မှာ ပို့ချရန်သာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ကသာ မိမိ အလိုရှိသူအား ဟိဒါယသ် တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူကြောင်း မိန့်ကြားတော်မူထားသည်။
03

Benefits

မုရှ်ရိက်များနှင့် မည်သို့ပင် ဆွေမျိုးတော်စပ်သည်ဖြစ်စေ၊ ၎င်းတို့၏လုပ်ရပ်များ၊ ကောင်းကျိုးပြုမှုများသည် မည်သို့ပင်ရှိသည်ဖြစ်စေ ၎င်းတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းပေးခြင်းကို တားမြစ်ထားသည်။
မကောင်းမှု၌ ဘိုးဘေးများ၊ ဆရာသခင် အကြီးအကဲများအား နောက်လိုက်ခြင်းသည် ဂျာဟိလီယသ် အမိုက်ခေတ်ရှိသူများ၏ လုပ်ရပ်ပင်ဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကရုဏာတရားပြည့်ဝမှု၊ လူတို့အား ဒါဝသ်ပေး ဖိတ်ခေါ်ရန်နှင့် ၎င်းတို့ လမ်းမှန်တရားရရှိရန်အတွက် စိတ်အားထက်သန်မှုတို့ကို ဖော်ပြထားသည်။
အဗူသွာလိ‌‌ဗ် အစ္စလာမ်သာသနာကို လက်ခံခဲ့သည်ဟု ယုံကြည်သူများကို ချေပထားသည်။
အမလ်လုပ်ရပ်တိုင်းသည် နိဂုံးပေါ်တွင် မူတည်သည်။
ကောင်းကျိုးရရှိခြင်း၊ ဆိုးကျိုးကိုဖယ်ရှားပေးခြင်းကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ဘက်သို့ဖြစ်စေ၊ အခြားသူဘက်သို့ဖြစ်စေ ပတ်သက်ဆက်နွယ်ခွင့် မရှိပါ။
မည်သူမဆို ‘လာအိလာဟ အိလ္လလ္လာဟ်’ (အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသော အရှင်မရှိ)၏ အဓိပ္ပါယ်ကို သိနားလည်ပြီး ဒွိဟသံသယကင်းကာ ယုံကြည်ချက်နှင့်တကွ ရွတ်ဆိုပါက အစ္စလာမ်သာသနာဝင်ဖြစ်သွားမည်။
မကောင်းသော အပေါင်းအဖော်များ၊ ဆိုးသွမ်းသည့် မိတ်ဆွေများသည် လူတို့အပေါ် ဆိုးကျိုးဖြစ်စေကြောင်းကို ဖော်ပြထားသည်။
‘လာအိလာဟ အိလ္လလ္လာဟ်’၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ရုပ်တုများ၊ သူတော်စင် သူတော်ကောင်းများအား ခဝပ်ကိုးကွယ်ခြင်းကို စွန့်လွှတ်ပြီး အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။ (အရဗ်) မုရှ်ရိက်များသည် ထိုအဓိပ္ပါယ်ကို သိနားလည်ကြသည်။
အစ္စလာမ်နှင့် ပတ်သက်၍ မျှော်လင့်ချက်ရှိပါက နာမကျန်းဖြစ်နေသည့် မုရှ်ရိက်အား လူမမာသတင်း မေးပိုင်ခွင့်ရှိသည်။
တရားလမ်းမှန်ပေါ်တွင် လိုက်နာကျင့်သုံးနိုင်စွမ်း ချီးမြှင့်သည့် ဟိဒါယသ်သည် ဖက်စပ်ယှဉ်တွဲသူ ကင်းတော်မူသော တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ လက်တော်၌သာရှိသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တရားလမ်းမှန်ကို ညွှန်ကြားပြသပေးခြင်း၊ ပို့ချခြင်း စသည့် ဟိဒါယသ်ကိုသာ ပိုင်ဆိုင်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...