افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65044[صحيح]
HadeethEnc · 1.34.0

ကျွန်တော်သည် ဿွိမားမ်ဗင်န် ဆအ်လဗဟ်ဖြစ်ပြီး ဗနူစအဒ်ဗင်န်ဗကရ် မျိုးနွယ်ဝင်တစ်ဦးလည်း ဖြစ်ပါသည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အနတ်စ်‌ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ဗလီဝတ်ကျောင်းတော်၌ ထိုင်နေကြစဉ် ပုဂ္ဂိုလ်တစ်ဦးသည် ကုလားအုတ်စီးပြီး ဝင်ရောက်လာခဲ့သည်။ ၎င်းသည် ကုလားအုတ်ကို ဗလီ(မျက်နှာစာ)၌ ဝပ်တွားစေပြီး ချည်နှောင်ခဲ့သည်။ ထို့နောက် ၎င်းက လူတို့အား အသင်တို့ထဲ၌ မုဟမ္မဒ် ဆိုသူမှာ မည်သူပါနည်းဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွဟာဗဟ်တို့၏ အလယ်တွင် မှီလျက်ထိုင်နေတော်မူခဲ့သည်။ ကျွန်ုပ်တို့က ဤမှီလျက်ထိုင်နေတော်မူပြီး အသားဖြူသော ပုဂ္ဂိုလ်ဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ၎င်းက ကိုယ်တော်မြတ်အား အို- အဗ်ဒုလ်မုသ်သွလိဗ်၏သားဟု ခေါ်လိုက်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား ကျွန်ုပ်အသင့်စကားကို (နားထောင်ပြီး) အဖြေပေး(ရန်အသင့်ဖြစ်)နေပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ ၎င်းက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားသည်မှာ ကျွန်တော် ကိုယ်တော့်ကို မေးခွန်းတချို့ မေးမြန်းမည့်သူ ဖြစ်ပါသည်။မေးသည့်အခါတွင်လည်း ကိုယ်တော့်အပေါ် ခက်ခက်ထန်ထန်ပြောဆိုပါမည်။ ထိုအခါ ကိုယ်တော့်စိတ်ထဲ၌ ကျွန်တော့်အား ဒေါသမဖြစ်ပါနှင့်။ ထိုအခါကိုယ်တော်က အသင်မေးမြန်းချင်သည်ကို မေးမြန်းပါဟု မိန့်တော်မူလိုက်သည်။ ၎င်းကပြောသည်မှာ ကိုယ်တော်၏ အရှင်သခင်၊ကိုယ်တော်မတိုင်ခင်က ရှိခဲ့ကြသူများ၏ အရှင်သခင်ကို တိုင်တည်၍ ကိုယ်တော့်အား ကျွန်တော် လျှောက်ထားမေးမြန်းပါမည်။ အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား လူသားအားလုံးထံသို့ (တမန်တော်အဖြစ်)စေလွှတ်တော်မူသည်ဆိုခြင်းမှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟုဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နေ့နှင့်တစ်ညတွင် ကျွန်ုပ်တို့ဆွလာသ်ငါးကြိမ်ဆောက်တည်ရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နှစ်တွင် ဤ(ရမသွာန်)တစ်လ ကျွန်ုပ်တို့ ဆွိယာမ်ဥပုသ် စောင့်ထိန်းရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ကျွန်တော်တို့အနက်မှ ချမ်းသာသောသူများထံမှ ဤဇကာသ်ကိုယူ၍ ကျွန်တော်တို့အနက်မှ ဆင်းရဲသားများကို ပြန်၍ခွဲဝေပေးရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်ကပြောကြားသည်မှာ ကိုယ်တော်ယူဆောင်လာခဲ့သည့်အရာ(အစ္စလာမ်သာသနာတော်)အား ကျွန်တော်မျိုး အီမာန်သက်ဝင်ယုံကြည်ပါ၏။ ကျွန်တော်သည် ကျွန်တော့်နောက်တွင်ကျန်ရစ်ခဲ့ကြသော ကျွန်တော့်အမျိုးသားများ၏ ကိုယ်စားလှယ်ဖြစ်ပါသည်။ ကျွန်တော်သည် ဿွိမားမ်ဗင်န် ဆအ်လဗဟ်ဖြစ်ပြီး ဗနူစအဒ်ဗင်န်ဗကရ် မျိုးနွယ်ဝင်တစ်ဦးလည်း ဖြစ်ပါသည်။
02

Explanation

အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်။ ဆွဟာဗဟ် သာဝကကြီးများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ဗလီဝတ်ကျောင်းတော်၌ ထိုင်နေကြစဉ် ပုဂ္ဂိုလ်တစ်ဦးသည် ကုလားအုတ်စီးပြီး ဝင်‌ရောက်လာခဲ့သည်။ ၎င်းသည် ကုလားအုတ်ကို ဗလီမျက်နှာစာ၌ ဝပ်တွားစေပြီး ချည်နှောင်ခဲ့သည်။ ထို့နောက် ၎င်းက သာဝကြီးများအား အသင်တို့ထဲ၌ မုဟမ္မဒ် ဆိုသူမှာ မည်သူပါနည်းဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွဟာဗဟ်တို့၏ အလယ်တွင် မှီလျက်ထိုင်နေတော်မူသည်။ ကျွန်ုပ်တို့က ဤမှီလျက်ထိုင်နေတော်မူပြီး အသားဖြူသော ပုဂ္ဂိုလ်ဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ၎င်းက ကိုယ်တော်မြတ်အား အို- အဗ်ဒုလ်မုသ်သွလိဗ်၏သားဟု ခေါ်လိုက်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား ကျွန်ုပ်နားထောင်‌နေသည် အသင်မေးပါ အသင့်စကားကို အဖြေပေးမည်ဟုဖြေကြားခဲ့သည်။ ထိုအခါ ၎င်းက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားသည်မှာ ကျွန်တော် ကိုယ်တော့်ကို မေးခွန်းတချို့ မေးမြန်းမည့်သူ ဖြစ်ပါသည်။ မေးသည့်အခါတွင်လည်း ကိုယ်တော့်အပေါ် ခက်ခက်ထန်ထန်ပြောဆိုပါမည်။ ကိုယ်တော့်စိတ်ထဲ၌ ကျွန်တော့်အား ဒေါသမဖြစ်ပါနှင့်။ စိတ်မဆိုးပါနှင့်။ ထိုအခါကိုယ်တော်က အသင်မေးမြန်းလိုသည်ကို မေးမြန်းပါဟု မိန့်တော်မူလိုက်သည်။ ၎င်းက ပြောသည်မှာ ကိုယ်တော်၏ အရှင်သခင်၊ကိုယ်တော်မတိုင်ခင်က ရှိခဲ့ကြသူများ၏ အရှင်သခင်ကို တိုင်တည်၍ ကိုယ်တော့်အား ကျွန်တော် လျှောက်ထားမေးမြန်းပါမည်။ အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား လူသားအားလုံးထံသို့ (တမန်တော်အဖြစ်)စေလွှတ်တော်မူခဲ့သည်မှာ ဟုတ်ပါသလား။ ထိုအခါ ကိုယ်တော်က မှန်ကန်ကြောင်းကို လေးနက်စေရန်အတွက် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နေ့နှင့်တစ်ညတွင် ကျွန်ုပ်တို့ ဆွလာသ်ငါးကြိမ် ဆောက်တည်ရန်အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ဤသည် ဖရ်ဿ်ွဆွလာသ်များနှင့် ပတ်သက်၍မေးမြန်းခြင်းဖြစ်သည်။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နှစ်တွင် ဤ(ရမသွာန်)တစ်လ ကျွန်ုပ်တို့ ဆွိယာမ်ဥပုသ် စောင့်ထိန်းရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ ကျွန်တော်တို့အနက်မှ ချမ်းသာသောသူများထံမှ ဤဇကာသ်ကိုယူ၍ ကျွန်တော်တို့အနက်မှ ဆင်းရဲသားများကို ပြန်၍ခွဲဝေပေးရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်သည် အီမာန်သက်ဝင်ယုံကြည်ခဲ့သည်။ ထို့နောက် ၎င်းက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မိမိသည် မိမိအမျိုးသားများကို အစ္စလာမ်သာသနာဘက်သို့ ဖိတ်ခေါ်မည်ဖြစ်ကြောင်းကို အသိပေးခဲ့သည်။ ၎င်းနောက် မိမိကိုယ်မိမိ မိတ်ဆက်ခဲ့ပြီး သူသည် ဿွိမားမ်ဗင်န် ဆအ်လဗဟ်ဖြစ်ပြီး ဗနူစအဒ်ဗင်န်ဗကရ်မျိုးနွယ်ဝင် တစ်ဦးလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
03

Benefits

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရိုကျိုးနှိမ့်ချမှုကို ဖော်ပြထားသည်။ မေးမြန်းရန် လာရောက်သူသည် ကိုယ်တော်နှင့် ကိုယ်တော်၏သာဝများအား မခွဲခြားနိုင်ခဲ့ပေ။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မွန်မြတ်သည့် ကိုယ့်ကျင့်တရားနှင့် မေးမြန်းသူအား အဖြေပေးရာတွင် နူးညံ့သိမ်မွေ့မှုတို့ကို ဖော်ပြထားသည်။ ကောင်းမွန်စွာ အဖြေပေးခြင်းသည် ဒအ်ဝဟ် ဖိတ်ခေါ်မှုကို လက်ခံရန်အတွက် အကြောင်းခံတစ်ရပ်ဖြစ်သည်။
ကာယကံရှင်အ‌နေဖြင့် မနှစ်သက်ခြင်း မရှိပါက အပြစ်ပြောရန် ရည်ရွယ်ချက်မပါဘဲ လူတစ်ဦးအားအသားဖြူခြင်း၊ နီခြင်း၊ အရပ်ရှည်ခြင်း၊ အရပ်ပုခြင်းအစရှိသည့် လက္ခဏာများဖြင့် သရုပ်ဖော် တင်ပြခွင့်ရှိသည်။
လိုအပ်ချက်ရှိပါက ‘ကာဖိရ်' ဘာသာခြားများ ဗလီဝတ်ကျောင်းတော်သို့ ဝင်ခွင့်ရှိသည်။
ဤဟဒီးဆ်တော်တွင် ဟဂ်ျအကြောင်း ဖော်ပြထားခြင်းမရှိပေ။ ဤသည် ၎င်းသူလာရောက်သည့် အချိန်၌ ဟဂ်ျ ဖရ်ဿ်ွမဖြစ်‌သေးခြင်း ဖြစ်နိုင်သည်။
ဆွဟာဗဟ် သာဝကကြီးများသည် လူတို့အား ဒအ်ဝဟ်ပြုရန် အလွန်ပင် စိတ်အားထက်သန်ကြသည်။ အစ္စလာမ်သာသနာကို လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် မိမိ၏အမျိုးသားများကို ဒအ်ဝဟ်ပြုရန် ဆန္ဒပြင်းပြခဲ့သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...