افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65013[صحيح]
HadeethEnc · 1.34.0

အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။
02

Explanation

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ရှိုင်သွာန်မိစ္ဆာ ဘက်မှထည့်သွင်းပေးသော မကောင်းသည့် သံသယမေးခွန်းများကို ထိရောက်စွာကုသနိုင်မည့် နည်းလမ်းကို ညွှန်ပြတော်မူခဲ့သည်။ ရှိင်သွာန်မိစ္ဆာက ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ မိုးကောင်းကင်ကို မည်သူဖန်ဆင်းခဲ့သနည်း၊ မြေပထဝီကို မည်သူဖန်ဆင်းခဲ့သနည်းဟူ၍ မေးမြန်းလိမ့်မည်ဖြစ်သည်။ ထိုအခါ မုအ်မင်န်က ဘာသာတရား၊ ပင်ကိုအသိ၊ အသိဉာဏ်ပညာတို့ဖြင့် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်သည်ဟု ဖြေကြားလိမ့်မည်။ သို့သော် ရှိုင်သွာန်မိစ္ဆာသည် မကောင်းသည့် သံသယမေးခွန်းများကို ဤအတိုင်းအတာလောက်ဖြင့် မရပ်တန့်သွားဘဲ နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု ဆက်လက်မေးမြန်းမည်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် မုအ်မင်န်တစ်ဦးအနေဖြင့် ဤသို့သော မကောင်းသည့် သံသယမေးခွန်းများကို အချက်(၃) ချက်အားဖြင့် ဖယ်ရှားပစ်ရမည်။

၎င်းတို့မှာ (၁) အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း၊

(၂) ရှိုင်သွာန်မိစ္ဆာ၏ နှောက်ယှက်မှုမှ ကင်းဝေးရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူခြင်း၊

(၃) ဆက်တိုက်ဖြစ်ပေါ်လာသော မကောင်းသည့် သံသယမေးခွန်းများ ရပ်တန့်ပစ်ခြင်း စသည်တို့ဖြစ်သည်။
03

Benefits

ရှိုင်သွာန်၏ အန္တရာယ်နှင့် ၎င်းဘက်မှ ဖြစ်ပေါ်လာသော မကောင်းသည့် အတွေးများကို ဆက်လက်တွေးတော စဉ်းစားခြင်းမပြုဘဲ ကျောခိုင်းလိုက်ရမည်။ ထိုအတွေးများကို ဖယ်ရှားပေးရန် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူရမည်။
လူသား၏ စိတ်နှလုံးထဲတွင် ပေါ်ပေါက်လာသော သာသနာနှင့် ဆန့်ကျင်သည့်အတွေးများသည် ရှိုင်သွာန်ဘက်မှဖြစ်သည်။
အလ္လာဟ်ရှင်မြတ်၏ ‘ဇာသ်’ ဇာတိတော်နှင့်ပတ်သက်၍ စဉ်းစားခြင်းမပြုရန် တားမြစ်ထားပြီး အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများနှင့် အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို စဉ်းစားရန် တိုက်တွန်းထားသည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...