افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65787[صحيح]
HadeethEnc · 1.34.0

“ငါကိုယ်တော်အပေါ်၌ ဤကဲ့သို့သော အာယသ်တော်တစ်ခု ချပေးသနားတော်မူခြင်းခံရလေ၏။ ၎င်းအာယသ်တော်သည် ငါကိုယ်တော့်ထံ ဤလောကကြီးတစ်ခုလုံးထက်ပင် ပို၍နှစ်သက်ဖွယ်ကောင်း၏။”

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ "တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဟုဒိုင်ဘီယာမှ ပြန်လည်ကြွမြန်းလာတော်မူသည့်အချိန်၌ စူရဟ်ဖသဟ်၏ ဤအာယသ်တော်များ၊
{إِنَّا فَتَحْنَا لَكَ فَتْحًا مُبِينًا لِيَغْفِرَ لَكَ اللهُ} إِلَى قَوْلِهِ {فَوْزًا عَظِيمًا} [الفتح: ١-٥]
(အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်ကို ထင်ရှားသော အောင်မြင်မှုတစ်ခု ချီးမြှင့်တော်မူလိုက်ပြီ ဖြစ်သည်။ (ထိုသို့ အောင်မြင်မှုပေးရခြင်းမှာ) အလ္လာဟ် အရှင်မြတ်သည် အသင်၏ နောက်ဖြစ် လျော့နည်းမှုများနှင့် အသင်၏ ရှေ့ဖြစ်လျော့နည်းမှုများကို ခွင့်လွှတ်တော်မူရန် နှင့်...” မှ “...ထို့ပြင် အသင်တို့အား ကြီးကျယ်ခမ်းနားသော အောင်မြင်မှုကို ပေးအပ်တော်မူရန်အတွက်” (အလ်-ဖသ်ဟ် ၁-၅) ကျရောက်လာခဲ့၏။ ထိုအချိန်၌ စွဟာဗဟ်များမှာ ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ဓာတ်ကျဆင်းမှုတို့နှင့် ကြုံတွေ့ခဲ့ရပြီး၊ တမန်တော်မြတ်သည်လည်း ဟုဒိုင်ဘီယာတွင်ပင် ကုရ်ဗာနီသားကောင်ကို ဇ‌ဗဟ်ပြုတော်မူခဲ့၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ − “ငါကိုယ်တော်အပေါ်၌ ဤကဲ့သို့သော အာယသ်တော်တစ်ခု ချပေးသနားတော်မူခြင်းခံရလေ၏။ ၎င်းအာယသ်တော်သည် ငါကိုယ်တော့်ထံ ဤလောကကြီးတစ်ခုလုံးထက်ပင် ပို၍နှစ်သက်ဖွယ်ကောင်း၏။”
02

Explanation

အနတ်စ် ဗင်န် မာလစ်က် ( ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဟုဒိုင်ဘီယာမှ ပြန်လည်ကြွမြန်းလာတော်မူသည့်အချိန်၌ စူရဟ်ဖသဟ်၏ ဤအာယသ်တော်များသည် ကိုယ်‌တော့်အပေါ်၌ ကျရောက်လာခဲ့၏။ إِنَّا فَتَحْنَا لَكَ فَتْحًا مُبِينًا (١) لِيَغْفِرَ لَكَ اللَّهُ مَا تَقَدَّمَ مِنْ ذَنْبِكَ وَمَا تَأَخَّرَ وَيُتِمَّ نِعْمَتَهُ عَلَيْكَ وَيَهْدِيَكَ صِرَاطًا مُسْتَقِيمًا (٢) وَيَنْصُرَكَ اللَّهُ نَصْرًا عَزِيزًا (٣) هُوَ الَّذِي أَنْزَلَ السَّكِينَةَ فِي قُلُوبِ الْمُؤْمِنِينَ لِيَزْدَادُوا إِيمَانًا مَعَ إِيمَانِهِمْ وَلِلَّهِ جُنُودُ السَّمَاوَاتِ وَالْأَرْضِ وَكَانَ اللَّهُ عَلِيمًا حَكِيمًا (٤) لِيُدْخِلَ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَيُكَفِّرَ عَنْهُمْ سَيِّئَاتِهِمْ وَكَانَ ذَلِكَ عِنْدَ اللَّهِ فَوْزًا عَظِيمًا} [الفتح: ١-٥]،
{(၁) အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်ကို ထင်ရှားသော အောင်မြင်မှုတစ်ခု ချီးမြှင့်တော်မူလိုက်ပြီ ဖြစ်သည်။ (၂) (ထိုသို့ အောင်မြင်မှု ပေးရခြင်းမှာ) အလ္လာဟ် အရှင်မြတ်သည် အသင်၏ နောက်ဖြစ် လျော့နည်းမှုများနှင့် အသင်၏ ရှေ့ဖြစ်လျော့နည်းမှုများကို ခွင့်လွှတ်တော်မူရန် အတွက်၊ ထို့ပြင် အရှင်မြတ်၏ ကျေးဇူးတော်ကို အသင်၏ အပေါ်တွင် ပြည့်ဝစေတော်မူရန် အတွက်၊ ထို့ပြင် အသင့်အား ဖြောင့်မတ်သော တရားလမ်းကို ညွှန်ကြားပြသတော်မူရန် အတွက် ဖြစ်သည်။ (၃) ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် အသင့်အား အားလုံးအပေါ်တွင် လွှမ်းမိုးသော ကူညီမှုကို ချီးမြှင့်ပေးသနားတော်မူရန် အတွက်လည်း ဖြစ်သည်။ (၄) အရှင်မြတ်သည်ပင် မုအ်မင်န် ယုံကြည်သူများ၏ စိတ်နှလုံးများ ထဲတွင် သူတို့၏ အီမာန်များ နှင့်တကွ အီမာန် ထပ်တိုးစေရန် အတွက် စိတ်တည်ငြိမ်မှုကို ချပေးတော်မူခဲ့သည်။ ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီတွင် ရှိသော စစ်တပ် ဟူသမျှသည် အလ္လာဟ် အရှင်မြတ်ပင် စိုးပိုင်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ သိတော်မူသော အရှင်၊ ပညာဉာဏ် အမြော်
အမြင်နှင့် အလွန် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူသည်။ (၅) (ထိုသို့အောင်မြင်မှု ပေးရခြင်းမှာ) အရှင်မြတ်သည် မုအ်မင်န် ယုံကြည်သူ အမျိုးသားများနှင့် မုအ်မိနဟ် ယုံကြည်သူ အမျိုးသမီးများကို အကြင် ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူရန် အတွက် ဖြစ်သည်။ သူတို့သည် ၎င်း(ဥယျာဉ်များ)တွင် အမြဲ နေကြရမည် ဖြစ်သည်။ ၎င်း(ဥယျာဉ်များ)၏ အောက်မှ စမ်းရေချောင်းများ စီးဆင်းနေမည်။ ထို့ပြင် အရှင်မြတ်သည် သူတို့ထံမှ သူတို့၏ ပြစ်မှုများကို ပပျောက်စေတော်မူရန် အတွက် ဖြစ်သည်။ ထို့ပြင် ၎င်းသည် အလ္လာဟ် အရှင်မြတ် ထံတော်တွင် ကြီးကျယ်
သော အောင်မြင်မှုပင် ဖြစ်သည်။} ( စူရဟ်ဖသဟ် - ၁-၅ )
ထိုအချိန်၌ စွဟာဗဟ်များမှာ ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ဓာတ်ကျဆင်းမှုတို့နှင့် ကြုံတွေ့ခဲ့ကြရ၏။ အကြောင်းမှာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့သည့်အချက်ကြောင့်လည်းကောင်း၊ ၎င်းစာချုပ်သည် မွတ်စ်လင်မ်များ၏ အကျိုးစီးပွားအတွက် မဟုတ်ဟု သူတို့ထင်မြင်မိခြင်းကြောင့်ဖြစ်ပြီး၊ ထိုအချက်သည် အွမ်ရာပြုလုပ်ခြင်းနှင့် သူတို့အကြား၌ အတားအဆီးဖြစ်ခဲ့၏။ ၎င်းနောက် သူတို့သည် ဟုဒိုင်ဘီယာတွင်ပင် ဟဒီသားကောင်ကို ဇ‌ဗဟ်ပြုခဲ့ကြ၏။ ထိုအခါ တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားတော်မူသည်မှာ- ငါကိုယ်တော်အပေါ်၌ ဤကဲ့သို့သော အာယသ်တော်တစ်ခု ချပေးသနားတော်မူခြင်းခံရလေ၏။ ၎င်းအာယသ်တော်သည် ငါကိုယ်တော့်ထံ ဤလောကကြီးတစ်ခုလုံးထက်ပင် ပို၍နှစ်သက်ဖွယ်ကောင်း၏ ဟု မိန့်ကြားတော်မူပြီးနောက် ထိုအာယသ်တော်ကို ရွတ်ဖတ်တော်မူခဲ့၏။
03

Benefits

၁။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီတမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဟုဒိုင်ဗီယာ ငြိမ်းချမ်းရေးသဘောတူစာချုပ်တွင် ချီးမြှင့်တော်မူခဲ့သော ကြီးမားလှသောအောင်နိုင်မှု၏ ကြီးကျယ်မြင့်မြတ်ပုံကို ဖော်ပြထားခြင်း။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား “အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်ကို ထင်ရှားသော အောင်နိုင်မှုတစ်ခု ချီးမြှင့်တော်မူလိုက်ပြီ ဖြစ်သည်” (စူရဟ်ဖသဟ် - ၄၈း၁) ဟုမိန့်ကြားတော်မူခဲ့သောကြောင့်ဖြစ်သည်။
၂။ အလ္လာဟ်အရှင်မြတ်သည် စွဟာဗဟ်များအား မိမိ၏ အမိန့်တော်ကို လက်ခံလိုက်နာပြီး နာခံယုံကြည်ကြသောအခါ ၎င်းတို့အပေါ် ကျေးဇူးပြုတော်မူခဲ့ပုံကို ဖော်ပြထားခြင်း။ အ ကြောင်းမှာ ၎င်းတို့အဖို့ အရှင်မြတ်က “အရှင်မြတ်သည် မုအ်မင်န်ယုံကြည်သူ အမျိုးသားများနှင့် မုအ်မင်န်ယုံကြည်သူ အမျိုးသမီးများကို အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူရန် အတွက် ဖြစ်သည်။ ၎င်း(ဥယျာဉ်များ)၏ အောက်မှ စမ်းရေချောင်းများ စီးဆင်းနေမည်။” (အလ်ဖသ်ဟ် ၄၈း၅)။ ဟူသော အာယသ်တော်ကို ချပေးတော်မူခဲ့သည်။
၃။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီတမန်တော်နှင့် မုအ်မင်န်ယုံကြည်သူတို့အပေါ်၌ ကျေးဇူးပြုတော်မူ‌သောအားဖြင့် အောင်နိုင်မှုနှင့် ကူညီစောင်မတော်မူမည်ဖြစ်ကြောင်း ကတိပြုတော်မူခဲ့သည်ကို ဖော်ပြထားခြင်း။
ရှိုင်ခ်စအ်ဒီက ဤအာယသ်တော် {အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်ကို ထင်ရှားသော အောင်မြင်မှုတစ်ခု ချီးမြှင့်တော်မူလိုက်ပြီ ဖြစ်သည်။} (စူရဟ်-ဖသဟ် ၁) ၏သဖ်စီရ်အကျယ်ရှင်းလင်းချက်တွင် အောက်ပါအတိုင်း မိန့်ကြားခဲ့သည်- “ဤတွင် ဖော်ပြသော အောင်မြင်မှုဟူသည် ဟုဒိုင်ဗီယာ ငြိမ်းချမ်းရေးစာချုပ်ဖြစ်သည်။ မုရှ်ရစ်များက အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား အွမ်ရာဟ်ပြုလုပ်ရန် ကြွရောက်လာစဉ် တားဆီးခဲ့ကြသည် (ဤအကြောင်းအရာသည် ရှည်လျားသော အဖြစ်အပျက်တစ်ခုဖြစ်သည်)။ နောက်ဆုံး၌ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်းတို့နှင့် အောက်ပါအချက်များဖြင့် ပြန်လည်သင့်မြတ်ရေး ပြုလုပ်ခဲ့သည်- · မိမိနှင့် ၎င်းတို့ကြား စစ်ပွဲကို ဆယ်နှစ်ကြာ ရပ်ဆိုင်းရန်၊ · နောက်နှစ်တွင် အွမ်ရာဟ် ပြန်လည်ပြုလုပ်ရန်၊ · ကုရှိုင်းရှ်မျိုးနွယ်တို့၏ ကတိစာချုပ်နှင့် မဟာမိတ်အုပ်စုထဲတွင် ပူးပေါင်းပါဝင်လိုသူသည် ပါဝင်နိုင်ပြီး၊ . တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကတိစာချုပ်နှင့် သဘောတူညီချက်ထဲတွင် ပူးပေါင်းပါဝင်လိုသူသည် ပါဝင်နိုင်သည်ဟူသော အချက်များဖြစ်သည်။ ဤငြိမ်းချမ်းရေး၏ အကျိုးဆက်အနေဖြင့်၊ လူများသည် အချင်းချင်း ငြိမ်းချမ်းစွာ နေထိုင်လာကြသောအခါ၊ အလ္လာဟ်အရှင်မြတ်၏ သာသနာတော်သို့ ဖိတ်ခေါ်ခြင်းလုပ်ငန်းသည် ကျယ်ပြန့်လာခဲ့သည်။ မည်သည့်ဒေသတွင်နေထိုင်သော မုအ်မင်န်မဆို ထိုလွတ်လပ်ခွင့်ကို ရရှိလာကာ အစ္စလာမ်သာသနာတော်၏ အမှန်တရားကို သိရှိလိုသော စိတ်အားထက်သန်သူတိုင်း အဆင်ပြေချောမွေ့စွာ သိနိုင်လာသည်။ ထို့ကြောင့် ထိုကာလအတွင်း လူတို့သည် အလ္လာဟ်၏ သာသနာတော်ထဲသို့ အုပ်စုလိုက် အစုလိုက် ဝင်ရောက်လာကြသည်။ ဤအကြောင်းကြောင့် အလ္လာဟ်အရှင်မြတ်က ၎င်းကို ‘ဖသ်ဟ်’ (အောင်မြင်မှု) ဟု အမည်ပေးတော်မူပြီး ‘ဖသ်ဟန်မုဘီနန်’ (ထင်ရှားလှသော အောင်မြင်မှု) ဟု ကင်ပွန်းတပ်တော်မူခဲ့ခြင်း ဖြစ်သည်။ ဤသို့ ခေါ်ဝေါ်ခြင်းမှာ မုရှ်ရစ်က်များ၏ နိုင်ငံများကို သိမ်းပိုက်အောင်မြင်ခြင်း၏ ရည်ရွယ်ချက်မှာ အလ္လာဟ်၏ သာသနာတော်ကို ချီးမြှင့်မြှောက်စားရန်နှင့် မွတ်စ်လင်မ်များ အောင်နိုင်မှုရလာရန် ဖြစ်သည်။ ထိုအကြောင်းရပ်သည် ထိုစာချုပ်အားဖြင့် ပြည့်ဝစုံလင်စွာ ရရှိခဲ့ပြီဖြစ်သည်။”

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...