افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65062[صحيح]
HadeethEnc · 1.34.0

“အသင်မအနေဖြင့်ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က (စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများဟု ကျမ်းမြတ်ကုရ်အာန်၌) အမည်ပေးထားသူများဖြစ်သည့်အတွက် အသင်တို့ ၎င်းတို့ကိုရှောင်ကြဉ်ပါ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူခဲ့သည်။ (ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ် ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချတော်မူသော အရှင်မြတ်ပင်တည်း။ထိုကျမ်းမြတ်အနက် မပြောင်းမလဲပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပါယ် တစ်မျိုးတစ်စားတည်းထွက်သော အာယသ်တော်များလည်းရှိပေ၏။ ယင်းအာယသ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တစ်ဝ အခြားအာယသ်တော်များမှာမူကား အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များလည်းရှိ၏။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသော သူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယတ်တော်များ၏ အဓိပ္ပါယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်းဆင်တူယိုးမှား အာယသ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာသ်၊ မုသရှာဗိဟာသ်၊ အာယသ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟုပြောဆိုကြကုန်၏။ အမှန်သော်ကား ပညာဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်မရနိုင်ချေ။) (ကုရ်အာန်- ၃:၇) အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ “အသင်မအနေဖြင့်ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က (စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများဟု ကျမ်းမြတ်ကုရ်အာန်၌) အမည်ပေးထားသူများဖြစ်သည့်အတွက် အသင်တို့ ၎င်းတို့ကိုရှောင်ကြဉ်ပါ။”
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအယာသ်တော်ကိုဖတ်ရွတ်တော်မူခဲ့၏။ (ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ် ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချတော်မူသော အရှင်မြတ်ပင်တည်း။ထိုကျမ်းမြတ်အနက် မပြောင်းမလဲပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပါယ် တစ်မျိုးတစ်စားတည်းထွက်သော အာယသ်တော်များလည်းရှိပေ၏။ ယင်းအာယသ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တစ်ဝ အခြားအာယသ်တော်များမှာမူကား အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များလည်းရှိ၏။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသော သူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယသ်တော်များ၏ အဓိပ္ပါယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်းဆင်တူယိုးမှား အာယသ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာသ်၊ မုသရှာဗိဟာသ်၊ အာယသ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယသ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟုပြောဆိုကြကုန်၏။ အမှန်သော်ကား ပညာဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်မရနိုင်ချေ။) (ကုရ်အာန်- ၃:၇) အထက်ပါ အာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူထားသည်မှာ အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို မိမိ၏ နဗီတမန်တော်အပေါ်သို့ ချပေးတော်မူခဲ့ပြီး ထိုကျမ်းဂန်တွင် အဓိပ္ပါယ်ပေါ်လွင်ထင်ရှားသည့် အာယသ်တော်များ၊ ရှုပ်ထွေးမှုမရှိဘဲ တိကျပြတ်သားသည့် အမိန့်ပညတ်ချက်များပါရှိသည်။ ထိုအာယသ်တော်များသည် ကုရ်အာန်ကျမ်းတော်မြတ်၏ အဓိကအရင်းအမြစ်ဖြစ်ပြီး ကွဲလွဲမှုများဖြစ်ပေါ်လာသည့်အခါ ပြန်လှည့်ရမည့် အာယသ်တော်များလည်းဖြစ်သည်။ ၎င်းပြင် ထိုကျမ်းမြတ်တွင် အဓိပ္ပါယ်အမျိုးမျိုးထွက်သော အခြားအယသ်တော်များလည်းရှိသည်။ ယင်းအာယသ်များသည် အချို့သူများအတွက် အဓိပ္ပါယ်ရှုပ်ထွေးမှုများ သို့မဟုတ် ယင်းအာယသ်တော်များနှင့် အခြားအာယသ်တော်များကြားတွင် ဆန့်ကျင်ကွဲလွဲမှုများရှိသည်ဟု အထင်ရောက်နိုင်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်က အာယာသ်တော်များနှင့်ပတ်သက်၍ လူတို့၏ ဆောင်ရွက်ပုံကိုရှင်းပြတော်မူသည်။ အမှန်တရားမှ စိတ်နှလုံးယိမ်းယိုင်သူများသည် အဓိပ္ပါယ်ရှင်းလင်းသည့်ပြတ်သားသည့် အာယသ်တော်များကိုစွန့်ကာ အဓိပ္ပါယ်အမျိုးမျိုးထွက်သော အာယသ်တော်များကို လိုက်စားကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ၎င်းတို့အနေဖြင့် သံသယများကို နှိုးဆွပေးရန်နှင့် လူတို့အားလှည့်ဖျားရန်အတွက်ဖြစ်ပြီး ထိုအာယာသ်များကို မိမိတို့ဆန္ဒနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုကြရန်လည်းဖြစ်သည်။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာရင့်သန်သော ပညာရှင်များသည် ကုရ်အာန်ကျမ်းလာ မုသရှာဗိဟာသ် အာယသ်တော်များကို သိရှိကြပြီး ၎င်းတို့ကိုကုရ်အာန်ကျမ်းလာ မုဟ်ကမာသ် အာယသ်တော်များဘက်သို့ ပြန်လှည့်ကြသည်။ ၎င်းတို့က ထိုအာယသ်တော်များသည် သန့်ရှင်းစင်ကြယ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျရောက်လာသော အာယသ်တော်များဖြစ်ပြီး အဓိပ္ပါယ်ရှုပ်ထွေးခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်ခြင်းတို့မရှိကြောင်း ယုံကြည်ကြသည်။ အမှန်စင်စစ် ယင်းနှင့်ပတ်သက်၍ မှန်ကန်ဖြောင့်မတ်သော အသိဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်ရယူနိုင်ခြင်းမရှိ‌ပေ။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအ်မင်န်တို့၏ မိခင်မွန်ကြီး အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)အား မိန့်ကြားတော်မူသည်မှာ “အသင်မအနေဖြင့် အဓိပ္ပါယ်အမျိုးမျိုးထွက်သော ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က “စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများ”ဟု (ကျမ်းမြတ်ကုရ်အာန်၌) အမည်ပေးထားသူများဖြစ်သည့်အတွက် အသင်တို့ ၎င်းတို့ကိုရှောင်ကြဉ်ကြပါ။ သူတို့ပြောကြားသည့်အရာများကို နားမထောင်ကြလေနှင့်။
03

Benefits

ကုရ်အာန်ကျမ်းမြတ်ရှိ အာယသ်တော်များအနက် မုဟ်ကမ်ဟူသည် အဓိပ္ပါယ် ရှင်းလင်းပေါ်လွင်သော အာယသ်တော်များကို ခေါ်ဆိုပြီး၊ မုသရှာဗိဟ်ဟူသည် အဓိပ္ပါယ်တစ်ခုထက်ပို၍ ဖြစ်နိုင်ချေရှိပြီး စဉ်းစားဆင်ခြင်ရန်နှင့် နားလည်နိုင်စွမ်းရှိရန် လိုအပ်သော အာယသ်တော်များကို ခေါ်ဆိုသည်။
စိတ်နှလုံးသား သွေဖည်ယိမ်းယိုင်သူများ၊ တရားသစ်တီထွင်သူများ၊ လူတို့အားလမ်းလွဲစေရန်နှင့် သံသယများဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် ပြဿနာဖန်တီးသူများနှင့် ရောနှောခြင်းမပြုဘဲ ရှောင်ကြဉ်ရန်သတိပေးထားသည်။
အလ္လာဟ်အရှင်မြတ်က အာယသ်တော်၏အဆုံးတွင် (အမှန်သော်ကား ပညာဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်မရနိုင်ချေ။) ဟူ၍မိန့်ကြားထားသည်။ ဤသည် စိတ်နှလုံးသားသွေဖည်ယိမ်းယိုင်သူများကို ရှုံ့ချကာ ပညာရှင်ပါရဂူများကို ချီးမွမ်းထားခြင်းဖြစ်သည်။ အကြင်သူသည် တရားရယူခြင်းမရှိဘဲ မိမိစိတ်အလိုဆန္ဒနောက်လိုက်ပါက ၎င်းသည် ဉာဏ်ပညာရှင်များတွင် မပါဝင်နိုင်ပေ။
အဓိပ္ပါယ် အမျိူမျိုးထွက်သော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များနောက်ကို လိုက်ခြင်းသည် စိတ်နှလုံးသား သွေဖည်ယိမ်းယိုင်ခြင်း၏ အကြောင်းခံတစ်ရပ်ဖြစ်သည်။
အဓိပ္ပါယ်နားမလည်နိုင်သော မုသရှာဗိဟဟ် အာယသ်တော်များနှင့် ပတ်သက်၍ အဓိပ္ပါယ်ပေါ်လွင်ထင်ရှားသော မုဟ်ကမ် အာယသ်များဘက်သို့ ပြန်လှည့်ရန်အရေးကြီးသည်။
အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းတော်မြတ်၏ အချို့အာယသ်များကို ‘မုဟ်ကမ်’ အဓိပ္ပါယ်ပေါ်လွင်ထင်ရှားသော အာယသ်တော်များအဖြစ်လည်းကောင်း၊ အချို့အာယသ်များကို ‘မုသရှာဗိဟ်’ အဓိပ္ပါယ် အမျိုးမျိုးထွက်သော အာယသ်တော်များအဖြစ်လည်းကောင်း ပြုလုပ်ထားခြင်းမှာ လူတို့အနက် အီမာန်သက်ဝင်ယုံကြည်သူများနှင့် လမ်းလွဲ‌သူများကိုခွဲခြားရန်အလို့ငှာ စမ်းသပ်တော်မူခြင်းဖြစ်သည်။
ကုရ်အာန်ကျမ်းတော်မြတ်တွင် အဓိပ္ပါယ်အမျိုးမျိုးထွက်သော ဆင်တူယိုးမှား အာယသ်များရှိနေခြင်းသည် အခြားသူများထက် ပညာရှင်များ၏ ထွတ်မြတ်မှုကို ဖော်ထုတ်ပြသခြင်း၊ အသိဉာဏ်၏ မပြည့်စုံမှုကို အသိပေးထားခြင်းဖြစ်ပြီး ထိုအသိဉာဏ်အားဖန်ဆင်းထားသော အလ္လာဟ်အရှင်မြတ်၏အမိန့်ကို နာခံရန်နှင့် အသိဉာဏ်၏ မတတ်စွမ်းနိုင်မှုကို ဝန်ခံရန်အတွက်ဖြစ်သည်။
ပညာအရာ၌ ကျွမ်းကျင်လိမ္မာခြင်း၏ မွန်မြတ်မှုနှင့် ပညာပေါ်၌ မြဲမြံတည်ကြည်မှု ရှိရန်လိုအပ်ကြောင်း ဖော်ပြထားသည်။
ကုရ်အာန်ကျမ်းမြတ်၏ အာယာသ်တော် {وَمَا يَعْلَمُ تَأْوِيلَهُۥٓ إِلَّا ٱللَّهُ ۗ وَٱلرَّٰسِخُونَ فِى ٱلْعِلْمِ} တွင် {الله} ဟူသော နေရာ၌ ရပ်နားခြင်းနှင့် ပတ်သက်၍ သဖ်စီးရ်ပညာရှင်များထံတွင် အဆိုနှစ်ခုရှိသည်။ မည်သူမဆို {الله} နေရာ၌ ရပ်နားပါက အာယသ်၏ အဓိပ္ပါယ်မှာ (အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။)ဟူ၍ဖြစ်သည်။ ယင်း၏အလိုသဘောမှာ- အရာတစ်ခု၏ အဖြစ်မှန်ကိုသိခြင်း၊ ယင်း၏အနှစ်သာရကိုသိခြင်းအား ရည်ညွှန်းခြင်းဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်က မိမိ၏အသိပညာ၌သာ သီးသန့်ထားရှိသော အရာများဖြစ်သည့် “ကိယာမသ်” ဆိုက်ရောက်လာမည့်နေ့၊ “ရူဟ်” ဝိညာဉ်ကဲ့သို့ မည်သို့မျှ နားလည်နိုင်စွမ်းမရှိသောကိစ္စများကို ရည်ညွှန်းသည်။ သို့ဖြစ်၍ ပညာအရာ၌ ကျွမ်းကျင်လိမ္မာရင့်သန်သော ပါရဂူများသည် ယင်းအဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များအား သက်ဝင်ယုံကြည်ကြပြီး ၎င်းတို့၏အဖြစ်မှန်များကို အလ္လာဟ်အရှင်မြတ်ထံသာ လွှဲအပ်ကြသည်။ထို့ကြောင့် ၎င်းတို့သည် ငြိမ်းချမ်းမှုရယူသူများဖြစ်ကြပြီး ငြိမ်းချမ်းမှုချီးမြှင့်ခံရသူများဖြစ်ကြသည်။ မည်သူမဆို {الله} နေရာ၌ မရပ်နားဘဲ တဆက်တည်းဖတ်ပါက အာယသ်၏ အဓိပ္ပါယ်မှာ (အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကို အလ္လာဟ်အရှင်မြတ်နှင့် ပညာအရာ၌ ကျွမ်းကျင်လိမ္မာရင့်သန်သော ပါရဂူများ သိရှိကြသည်။)ဟူ၍ဖြစ်သည်။ ဤသို့ဆိုလျှင် ယင်း၏အလိုသဘောမှာ- သဖ်စီးရ် အကျယ်ဖွင့်ဆိုခြင်း၊ အလိုသဘောကို ဖော်ပြရှင်းလင်းခြင်းတို့ကိုရည်ညွှန်းသည်။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်သည် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်တို့ကို အကြွင်းမဲ့သိရှိတော်မူသည်။ ၎င်းအပြင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာရင့်သန်သော ပါရဂူများကလည်း ယင်းအာယာသ်တော်များကို သိရှိကြပြီး ထိုအရာများကို သက်ဝင်ယုံကြည်ကာယင်းတို့အား ကုရ်အာန်ကျမ်းလာ မုဟ်ကမာသ် အာယတ်တော်များဘက်သို့ ပြန်လှည့်ကြသည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...