افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#4723[صحيح]
HadeethEnc · 1.34.0

လူသား ဖြည့်ခဲ့သောအရာတွင် ဝမ်းဗိုက်ထက်ပို၍ ဆိုးယုတ်သော အိုးခွက်မရှိ‌ပေ။ လူသားအတွက် သူ့ကျောရိုးကို မတ်မတ်ထားရန် လောက်ငှသော အနည်းငယ်မျှသော အစားအစာသာလိုအပ်သည်။ အကယ်၍ ပို၍စား‌သောက်ရန်လိုအပ်ပါက ဝမ်းဗိုက်၏သုံးပုံတစ်ပုံကို စားရန်အတွက်၊ သုံးပုံတစ်ပုံကို သောက်ရန်အတွက်နှင့် သုံးပုံတစ်ပုံကို အသက်ရှုရန်အတွက် ချန်ထားရမည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

မိက်ဒါးမ် ဗင်န် မအ်ဒီ ကရိဗ် ( ရဿွိယလ္လာဟုအန်ဟု )က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ကိုယ်တော်က မိန့်ကြားသည်မှာ - " လူသား ဖြည့်ခဲ့သောအရာတွင် ဝမ်းဗိုက်ထက်ပို၍ ဆိုးယုတ်သော အိုးခွက်မရှိ‌ပေ။ လူသားအတွက် သူ့ကျောရိုးကို မတ်မတ်ထားရန် လောက်ငှသော အနည်းငယ်မျှသော အစားအစာသာလိုအပ်သည်။ အကယ်၍ ပို၍စား‌သောက်ရန်လိုအပ်ပါက ဝမ်းဗိုက်၏သုံးပုံတစ်ပုံကို စားရန်အတွက်၊ သုံးပုံတစ်ပုံကို သောက်ရန်အတွက်နှင့် သုံးပုံတစ်ပုံကို အသက်ရှုရန်အတွက် ချန်ထားရမည်။
02

Explanation

တမန်တော်မြတ် ﷺ သည် လူသားတို့အား ဆေးပညာ၏
အခြေခံမူတစ်ရပ်ကို ညွှန်ပြထားတော်မူသည်။ ၎င်းမှာ ကာကွယ်ခြင်းပင်ဖြစ်ပြီး၊ လူသားသည် မိမိ၏
ကျန်းမာရေးကို ထိန်းသိမ်းရန် အစားလျှော့စားခြင်းဖြစ်သည်။ လူသားသည် မိမိဆာလောင်မှုကို ပြေပျောက်စေရန်နှင့် မလုပ်မ‌ေနရလုပ်ရန်လိုအပ်သော အလုပ်များအတွက် ခွန်အားရရှိရန် လုံလောက်သော ပမာဏသာ စားသုံးသင့်သည်။ဧကန်အမှန်ပင် ဖြည့်စွက်ခြင်းခံရသော ခွက်များအနက် အဆိုးရွားဆုံးမှာ ဝမ်းဗိုက်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဝစားခြင်းကြောင့် များပြားလှစွာသော သေလောက်သည့် ရောဂါများသည် ချက်ချင်းဖြစ်စေ၊ နောက်ပိုင်းမှဖြစ်စေ၊ အတွင်းပိုင်းတွင်ဖြစ်စေ၊ အပြင်ပိုင်းတွင်ဖြစ်စေ ဖြစ်ပွားတတ်သောကြောင့်တည်း။ ထို့နောက် တမန်တော်မြတ် ﷺ က မိန့်တော်မူသည်မှာ - အကယ်၍ လူသားသည် မဖြစ်မနေဝမ်းဗိုက်ပြည့်အောင်စားရမည်ဆိုပါက၊ အစာအတွက်သုံးပုံတစ်ပုံ၊ အခြားသုံးပုံတစ်ပုံကို ရေသောက်သုံးရန်နှင့် ကျန်သုံးပုံတစ်ပုံကို အသက်ရှုဖို့ရန်အတွက် ထားရမည်။ သို့မှသာ သက်သောင့်သက်သာမရှိမှုနှင့် ဆိုးကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်မည်မဟုတ်သလို၊ မိမိ၏သာသနာ‌ေရးရာနှင့် လောကီ‌ေရးရာ ကိစ္စရပ်များတွင်လည်း အလ္လာဟ်အရှင်မြတ် ပြဌာန်းထားတော်မူသော တာဝန်များကို ထမ်းဆောင်ရာတွင် ပျင်းရိခြင်း ဖြစ်ပေါ်မည်မဟုတ်ပေ။
03

Benefits

အစားအသောက်ကို များပြားစွာ မစားသောက်ခြင်း။ ဤသည် ဆေးပညာရပ်တစ်ခုလုံး၏ အခြေခံစည်းမျဥ်းတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်းဗိုက်ကိုတင်းကားနေအောင် အလွန်အကျွံစားသောက်ခြင်းသည် ရောဂါအမျိုးမျိုးကို ဖြစ်ပွားစေနိုင်သောကြောင့်ဖြစ်သည်။
အစာစားခြင်း၏ ရည်ရွယ်ချက်မှာ ကျန်းမာရေးနှင့် ခွန်အားကို ထိန်းသိမ်းရန်ဖြစ်ပြီး ထိုအချက်နှစ်ကြောင့် လူ့ဘဝသက်တမ်းသည် အေးချမ်းသာယာနိုင်သည်။
ဗိုက်အပြည့်အဝစားခြင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် သာသနာရေးဆိုင်ရာ ဆိုးကျိုးများရှိသည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က “ဗိုက်အပြည့်အဝစားခြင်းမှ ရှောင်ကြဉ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ခန္ဓာကိုယ်ကို ထိခိုက်စေပြီး ဆွလာသ်ဝတ်ပြုခြင်းမှ ပျင်းရိထိုင်းမှိုင်းစေသောကြောင့်ဖြစ်သည်” ဟု မိန့်ကြားခဲ့သည်။
စားခြင်းနှင့်ပတ်သက်၍ တရားတော်လာအမိန့်၏ အမျိုးအစားများ - ဝါဂျစ်ဗ် ( မလုပ်မနေရတာဝန် ) - အသက်ရှင်သန်ရေးအတွက် စားသောက်ရန် လိုအပ်ပြီး မစားသောက်ပါက ထိခိုက်နစ်နာမှုဖြစ်စေနိုင်လျှင် ထိုအခါမျိုးတွင် မဖြစ်မနေ စားသုံးရန်လိုအပ်သည်။ ဂျာအိဇ်(ခွင့်ပြုထားသောလုပ်ရပ်) - လိုအပ်သည်ထက်ပိုမိုစားသုံးခြင်းဖြစ်ပြီး အန္တရာယ်ဖြစ်စေနိုင်ခြင်းမရှိသော စားသုံးသည့်ပုံစံ။ မက်ရူဟ် (မနှစ်မြို့ဖွယ်ကောင်းသောလုပ်ရပ်) - အန္တရာယ်ဖြစ်စေနိုင်ခြေရှိသော စားသုံးသည့်ပုံစံ။ ဟရာမ် (တားမြစ်ထားသောလုပ်ရပ်) - အန္တရာယ်ရှိကြောင်း သိရှိထားသော အစားအစာ။ မွစ်သဟ်ဗ် (လုပ်လျှင်အကျိုးကုသိုလ်ရသောလုပ်ရပ် ) - အလ္လာဟ်အရှင်မြတ်အား အေဗာဒသ်ခဝပ် ကိုးကွယ်မှုနှင့် အရှင်မြတ်၏ အမိန့်နာခံမှုအတွက် အထောက်အကူပြုသော စား‌‌သောက်သည့်ပုံစံ။ ဤအချက်အားလုံးကို ဟဒီးဆ်တော်တွင် အဆင့်သုံးဆင့်ဖြင့် အနှစ်ချုပ်ထားသည် - ပထမအဆင့် - ဗိုက်ပြည့်အောင်စားခြင်း။ ဒုတိယအဆင့် - ခန္ဓာကိုယ်အား ရပ်တည်နိုင်စွမ်းရှိရန် အထောက်အကူပြုရန် စားသုံးခြင်း။ တတိယအဆင့်မှာ တမန်တော်မြတ်၏ မိန့်ကြားချက်အတိုင်း - "သူ၏အစားအစာအတွက် သုံးပုံတစ်ပုံ၊ သူ၏သောက်စရာအတွက် သုံးပုံတစ်ပုံနှင့် သူ၏အသက်ရှူရန်အတွက် သုံးပုံတစ်ပုံ" ဟူ၍ ဖြစ်သည်။ ဤအချက်အားလုံးသည် စားသုံးသည့်အရာ၏ အမျိုးအစားသည် ဟလာလ် (ခွင့်ပြုထားသော) ဖြစ်သည့်အခါမှသာ အကျုံးဝင်သည်။
ဤဟဒီးစ်တော်တွင် ဆေးပညာရပ်၏ အခြေခံမူတစ်ခုပါဝင်သည်။ ဆေးပညာသည် အဓိကအားဖြင့် အခြေခံမူသုံးရပ်ကို အခြေခံသည် - ခွန်အားကိုထိန်းသိမ်းခြင်း၊ ရှောင်ကျဉ်ခြင်းနှင့် ခန္ဓာကိုယ်အတွင်းရှိမလိုလားအပ်သည်များကို ဖယ်ရှားခြင်းတို့ ဖြစ်သည်။ ဟဒီးဆ်‌တော်တွင် ပထမနှစ်မျိုးကို ထည့်သွင်းဖော်ပြထားသည်။ ထိုနည်းတူ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - "သင်တို့ စားကြ၊ သောက်ကြလော့။ သို့ရာတွင် များစွာ ဖြုန်းတီးခြင်း မပြုကြ‌လေနှင့်။ ဧကန်မလွဲ အရှင်မြတ်သည် ဖြုန်းတီးသူတို့အား နှစ်သက်တော်မမူချေ။" (စူရဟ် အအ်ရာဖ် - ၃၁)
ဤရှရီအသ်တရားလမ်းစဥ်၏ ပြီးပြည့်စုံမှု။ အဘယ်‌ကြောင့်ဆိုသော် ၎င်းတွင် လူသားတို့၏ သာသနာရေးနှင့် လောကီရေးကောင်းကျိုးများလည်း ပါဝင်နေသောကြောင့်ဖြစ်သည်။
ရှရီအသ်တရားတော်၏ ပညာရပ်များအနက် ဆေးပညာရပ်ဆိုင်ရာ အခြေခံမူများနှင့် ၎င်း၏ ကွဲပြားသည့်နည်းလမ်းများလည်း ပါဝင်ပါသည်။ ပမာဆိုရသော်ပျားရည်နှင့် စမုံနက်တို့နှင့်ပတ်သတ်၍ ဟဒီးစ်တော်များလာရှိထားသည်။
ရှရီအသ်တရားတော်၏ အမိန့်ပညတ်ချက်များတွင် ဟိက်မသ်ဉာဏ်အလင်းပြချက်များ ပါဝင်နေပြီး ဆိုးကျိုးများကို တားဆီးကာကွယ်ခြင်းနှင့် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးခြင်းအပေါ် အခြေခံထားကြောင်း သိရှိရသည်။

Attribution

[رواه الإمام أحمد والترمذي والنسائي وابن ماجه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...