افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65046[صحيح]
HadeethEnc · 1.34.0

သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ဤအတိုင်းသာပြောဆိုကြကုန် (ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ကျွန်ုပ်တို့ထံချပေးခြင်းခံရသည့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်းကောင်း အီမာန်သက်ဝင်ယုံကြည်ခဲ့ကြပါသည်။)

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ဂျူး(ယဟူဒီ)တို့သည် သောင်ရာသ်ကျမ်းကို ဟီဗရူးဘာသာစကားဖြင့် ဖတ်ရွတ်ပြီးမွတ်စ်လင်မ်များကို အရဗီဘာသာစကားဖြင့် ရှင်းပြလေ့ရှိကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ဤအတိုင်းသာပြောဆိုကြကုန် (ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ကျွန်ုပ်တို့ထံချပေးခြင်းခံရသည့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်းကောင်း အီမာန်သက်ဝင်ယုံကြည်ခဲ့ကြပါသည်။) ကုရ်အာန် (၂:၁၃၆)
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မိမိ၏အွမ္မသ်နောက်လိုက်များကို ကျမ်းရပုဂ္ဂိုလ်များက ၎င်းတို့၏ ကျမ်းဂန်များမှ ဖတ်ကြားပြောပြသည့် စကားများဖြင့် လှည့်ဖျားမခံရစေရန် သတိပေးတော်မူခဲ့သည်။ ကျမ်းရပုဂ္ဂိုလ် ယဟူဒီတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ခေတ်သမယ၌ သောင်ရာသ်ကျမ်းကို ၎င်းတို့၏ဘာသာစကားဖြစ်သည့် ဟီဗရူးဘာသာစကားဖြင့်ဖတ်ပြပြီး အစ္စလာမ်ဘာသာဝင်များကို အရဗီဘာသာဖြင့် ရှင်းပြလေ့ရှိသည်။ ၎င်းတို့ပြောကြားချက်များသည် အမှားအမှန်မသိရသည့်အတွက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသင်တို့ ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလည်းမပြုကြနှင့် ငြင်းပယ်ခြင်းလည်းမပြုကြနှင့်ဟု မိန့်ကြားတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့အပေါ်ချပေးထားသည့် ကုရ်အာန်ကျမ်းမြတ်နှင့် ၎င်းတို့အပေါ်ချပေးခဲ့သည့် ကျမ်းဂန်များအပေါ် အီမာန် သက်ဝင်ယုံကြည်ရန် အမိန့်ပေးထားသည်။ သို့သော် ၎င်းတို့တင်ပြလိုက်သည့်အရာများနှင့်စပ်လျဥ်း၍ ကျွန်ုပ်တို့၏ ရှရီအဟ်တရားတော်၌ အမှားအမှန် ရှင်းပြထားခြင်းမရှိလျှင် ထိုကျမ်းဂန်များမှ ၎င်းတို့၏တင်ပြချက်များသည် မှန်ကန်ပါသည်ဟု သိနိုင်ရန် နည်းလမ်းမရှိပေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထောက်ခံခြင်းလဲမပြု၊ ငြင်းပယ်ခြင်းလည်း မပြုကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ပြောင်းလဲထားသည့် ကဏ္ဍများတွင် ကျွန်ုပ်တို့သည်၎င်းတို့နှင်အတူ မဖြစ်စေရန်အတွက် ၎င်းတို့အား ထောက်ခံခြင်းမပြုပေ။ ထို့အတူ ၎င်းတို့၏တင်ပြချက်သည် မှန်ကောင်းမှန်နေလျှင် ကျွန်ုပ်တို့သည် ယုံကြည်ရန်အမိန့်ခြင်းခံရသောအရာကို ငြင်းပယ်သလို ဖြစ်သွားနိုင်သည့်အတွက် ငြင်းပယ်ခြင်းလဲမပြုပေ။ သို့ဖြစ်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့အား ဤကဲ့သို့ပြောဆိုရန်သာ အမိန့်ပေးတော်မူခဲ့သည်။ (အို-မွတ်စ်လင်မ်အပေါင်းတို့) အသင်တို့သည် ဤသို့ပြောဆိုကြကုန်လော့၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ အကျွန်ုပ်တို့ထံ ပို့ချသော ဓမ္မဒေသနာ (ကုရ်အာန်ကျမ်းမြတ်) ကို လည်းကောင်း၊ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)၊ နဗီတမန်တော် အစ္စမာအီလ်(အလိုင်းဟိစ္စလာမ်)၊ နဗီတမန်တော် အစ္စဟာက်(အလိုင်းဟိစ္စလာမ်)၊ နဗီတမန်တော် ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)နှင့် နဗီတမန်တော် ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)၏ အမျိုးအနွယ် သားမြေးတို့ထံ ထုတ်ပြန်ပို့ချသော တရားဒေသနာတော်များကို လည်းကောင်း၊ ယုံကြည်ကြပါသည်။ ထို့ပြင် နဗီတမန်တော် မူစာ(အလိုင်းဟိစ္စလာမ်)နှင့် နဗီတမန်တော် အီစာ(အလိုင်းဟိစ္စလာမ်)တို့အား ပေးသနားတော်မူခြင်းခံရသော တရားဓမ္မများကိုလည်း ယုံကြည်ကြပါပြီ။ ထို့ပြင်အကျွန်ုပ်တို့သည် နဗီတမန်တော်အပေါင်းတို့ထံသို့ ထိုနဗီတမန်တော်များကို မွေးမြူတော်မူသောအရှင်၏ အထံတော်မှ ပေးသနားတော်မူခြင်းခံရကုန်သော ဒေသနာတော်များကိုလည်း ယုံကြည်ကြပါပြီ။ (ထိုသို့ယုံကြည်ရာ၌) အကျွန်ုပ်တို့သည် ထိုနဗီတမန်တော် အပေါင်းတို့အနက်မှ နဗီတမန်တော်တစ်ပါးကို အခြားနဗီတမန်တော်တစ်ပါးနှင့် လုံးဝခွဲခြားခြင်းလည်း မပြုကြပါ၊ အမှန်သော်ကား ကျွန်ုပ်တို့သည် ထိုအလ္လာဟ် အရှင်မြတ်၏ ဒေသနာတော်ကိုသာလျှင် လိုက်နာသူများပင် ဖြစ်ကြပါသည်။ စူရဟ် ဗကရဟ် - (၂:၁၃၆)
03

Benefits

ကျမ်းရပုဂ္ဂိုလ်များ တင်ပြပြောဆိုသည့် အကြောင်းအရာများကို သုံးမျိုးခွဲခြားနိုင်သည်။ (၁) ကုရ်အာန်၊ စွန္နဟ်နှင့် ကိုက်ညီသည့်အရာ ၎င်းကိုထောက်ခံရမည်။ (၂) ကုရ်အာန်၊ စွန္နဟ်နှင့်ဆန့်ကျင်သည့်အရာ ၎င်းသည် မှားယွင်းသည့်အတွက် ငြင်းပယ်ရပေမည်။ (၃) ကုရ်အာန်၊ စွန္နဟ်တွင် ၎င်းအရာအား ထောက်ခံကြောင်း၊ ငြင်းပယ်ကြောင်း တစ်စုံတစ်ရာညွှန်ပြထားခြင်းမရှိသည့်အရာ ဤတတိယအမျိုးအစားကို ထောက်ခံခြင်း၊ ငြင်းပယ်ခြင်း မပြုလုပ်ရန် တင်ပြထားခြင်းဖြစ်သည်။

Attribution

[رواه البخاري]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...