(ထို့နောက် အသင်တို့သည် ထိုနေ့၌ စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။) ကုရ်အာန် (၁၀၂:၈) ဟူသော အာယသ်တော်ကျရောက်လာသောအခါ
Choose an available translation of this Hadeeth
Hadeeth text
ဇုဗိုင်ရ်ဗင်န်အောင်ဝ်ဝါးမ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ (ထို့နောက် အသင်တို့သည် ထိုနေ့၌ စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။) ကုရ်အာန် (၁၀၂:၈) ဟူသော အာယသ်တော်ကျရောက်လာသောအခါ ဇုဗိုင်ရ်(ရဿွိယလ္လာဟုအန်ဟု)က လျှောက်ထားသည်မှာ အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် မည်သည့်စည်းစိမ်နှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည်နည်း။ ကျွန်ုပ်တို့ထံတွင် အမဲရောင်နှစ်ခုဖြစ်သော စွန်ပလွံသီးနှင့်ရေ စသည့်နှစ်မျိုးသာလျှင် ရှိပေသည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ မကြာမီ ယင်းနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းခံရလိမ့်မည်။
Explanation
ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့ ယခုလက်ရှိအခြေနေတွင်ရှိသည့် စည်းစိမ်နှင့်ပတ်သက်၍လည်း အသင်တို့ မုချမေးမြန်းခြင်းခံရလိမ့်မည်။ ၎င်းစည်းစိမ်နှစ်ခုသည် အလ္လာဟ်အရှင်မြတ်၏ နိအ်မသ်စည်းစိမ်တော်များအနက်မှကြီးကျယ်လှသည့် စည်းစိမ်နှစ်ခုဖြစ်သည်။
Benefits
နိအ်မသ် စည်းစိမ်သည် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကိယာမသ်နေ့၌ လူသားသည် ၎င်းတို့နှင့် စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းခံရမည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

