ငါကိုယ်တော် အသင်တို့အား ဂျန္နသ်သုခဘုံသားတို့အကြောင်း မပြောပြရဘူးလော။ သူတို့သည် အားအင်ချိနဲ့သူ ၊ အလွန့်အလွန် နှိမ့်ချသူများ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ကျိန်ဆိုမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ ကျိန်ဆိုမှုကို ပြည့်စုံစေတော်မူမည်ဖြစ်သည်။ ထို့အတူ ငါကိုယ်တော် အသင်တို့အား ဂျဟန္နမ်ငရဲသားတို့အကြောင်း မပြောပြရဘူးလော။ ထိုသူတို့သည် ကြမ်းတမ်းခက်ထန်၍ အလွန်အငြင်းသန်သူ၊ အစားကြူး၍ မော်ကြွားသူ၊ အမှန်တရားကို လက်မခံဘဲ မာနထောင်လွှားသူများ ဖြစ်ကြသည်။'
Choose an available translation of this Hadeeth
Hadeeth text
ဟာရိစဟ် ဗင်န် ဝဟ်ဗ် အလ်ခုဇာအီ (ရဿိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်မှာ "ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်ကို ကြားခဲ့ရသည်။ " ငါကိုယ်တော် အသင်တို့အား ဂျန္နသ်သုခဘုံသားတို့အကြောင်း မပြောပြရဘူးလော။ သူတို့သည် အားအင်ချိနဲ့သူ ၊ အလွန့်အလွန် နှိမ့်ချသူများ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ကျိန်ဆိုမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ ကျိန်ဆိုမှုကို ပြည့်စုံစေတော်မူမည်ဖြစ်သည်။ ထို့အတူ ငါကိုယ်တော် အသင်တို့အား ဂျဟန္နမ်ငရဲသားတို့အကြောင်း မပြောပြရဘူးလော။ ထိုသူတို့သည် ကြမ်းတမ်းခက်ထန်၍ အလွန်အငြင်းသန်သူ၊ အစားကြူး၍ မော်ကြွားသူ၊ အမှန်တရားကို လက်မခံဘဲ မာနထောင်လွှားသူများ ဖြစ်ကြသည်။'"
Explanation
ဂျန္နတ်သုခဘုံသားအများစုသည် အားအင်ချိနဲ့သူ၊ အလွန့်အလွန် နှိမ့်ချသူများ ဖြစ်သည်။ တစ်နည်း အလ္လာဟ်အရှင်မြတ်ရှေ့တော်၌ နှိမ့်ချရိုကျိုးသူ၊ ကိုယ့်ကိုယ်ကို ချိုးနှိမ်သူများ ဖြစ်ကြသည်။ ထို့ကြောင့် အချို့လူများက သူတို့ကို အားနည်းသူများဟု မှတ်ယူပြီး အထင်မြင်သေးတတ်ကျသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်၌ သူတို့၏ ဂုဏ်သိက္ခာသည် အလွန်ကြီးမြင့်လေသည်။ ဤကဲ့သို့ အလ္လာဟ်အရှင်မြတ်အတွက် မိမိကိုယ်မိမိနှိမ့်ချကျိုးနွံသူသည် အကယ်၍ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ချီးမြှင့်ရက်ရောမှုကို မျှော်လင့်လျက် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူ၏ကျိန်ဆိုမှုကို ဖြည့်ဆည်းပေးတော်မူမည်။ ထို့ပြင် သူ၏ကျိန်ဆိုမှုကို မှန်ကန်စေပြီး သူ၏
တောင်းဆိုချက်နှင့် ဒုအာကို လက်ခံဖြေကြားပေးတော်မူမည်။
ဂျဟန္နမ်ငရဲသားအများစုသည် "အုသုလ်" ခေါ် ကြမ်းတမ်းခက်ထန်သူ၊ အလွန်အငြင်းပွားသူ သို့မဟုတ် မကောင်းမှုကို ကျူးလွန်ရန် အလွန်ဆန္ဒပြင်းထန်သူများ ဖြစ်ကြသည်။ " ဂျောင်ဝ်ဝါးဇ်" ခေါ် မာနထောင်
လွှားသူ၊ အစား
ကြူးသူ၊ ကိုယ်
ခန္ဓာ ကြီးမားထွားကြိုင်းသူ၊ လမ်းလျှောက်ပုံတွင် မော်ကြွားသူများ ဖြစ်ကြသည်။ "မုသကတ်ဗိရ်" ခေါ် မာနထောင်လွှားသူ၊ အမှန်တရားကို ပယ်ချသူ၊ အခြားသူများကို အထင်အမြင်သေးသူများ ဖြစ်ကြသည်။
Benefits
နှိမ့်ချရိုကျိုးခြင်း (تواضع) သည် နှစ်မျိုးရှိသည်။ ၁။ အလ္လာဟ်အရှင်မြတ်အား နှိမ့်ချရိုကျိုးခြင်း - ၎င်းသည် အရှင်မြတ်၏ အမိန့်တော်များနှင့် တားမြစ်ချက်များကို နာခံလိုက်နာခြင်းဖြင့် ဖြစ်သည်။ ၂။ အဖန်ဆင်းခံတို့အား နှိမ့်ချရိုကျိုးခြင်း - ၎င်းမှာ လူသားသည် အခြားသူများအပေါ် မာန်မာန ထောင်လွှားခြင်းမပြုဘဲ နှိမ့်ချစွာဆက်ဆံခြင်းဖြင့် ဖြစ်သည်။
အစ်ဗ်နုဟဂျရ်ကဆိုသည်မှာ "ဂျန္နတ်သုခဘုံသားအများစုသည် ဤပထမအမျိုးအစား (အရှင်မြတ်နှင့် လူသားအချင်းချင်းတွင် ရိုကျိုးသူများ) ဖြစ်ကြသည်။ အလားတူ ဂျဟန္နမ်ငရဲသားအများစုသည်ဒုတိယအမျိုးအစား (မာန်မာနထောင်လွှားသူများ) ဖြစ်ကြသည်။ (ဤသို့ပြောရာတွင်) ရည်ရွယ်ချက်မှာ နှစ်ဖက်စလုံးတွင် ဤသူများသာလျှင် ရှိသည်ဟု ဆိုလိုခြင်းမဟုတ်၊ များသောအားဖြင့် ဤသူများဖြစ်ကြသည်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။"
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

