ကိယာမသ်နေ့တွင် ကျေးကျွန်တစ်ဦးသည် မိမိ၏သက်တမ်းနှင့်ပတ်သက်၍ မည်သို့ကုန်ဆုံးခဲ့သည်။ မိမိ၏ အိလ်မ်အသိပညာနှင့်ပတ်သက်၍ မည်သို့လိုက်နာကျင့်သုံးခဲ့သည်။ မိမိဥစ္စာပစ္စည်းနှင့် ပတ်သက်၍ မည်သည့် နေရာမှရှာဖွေခဲ့သည် မည်သို့သုံးစွဲခဲ့သည်။ မိမိခန္ဓာကိုယ်နှင့်ပတ်သက်၍ မည်သည့်နေရာတွင် အသုံးချခဲ့သည်တို့ကို မေးမြန်းခြင်းမခံရသ၍ ခြေနှစ်ဖက်သည် လုံးဝရွေ့လျားနိုင်မည်မဟုတ်ပေ။
Choose an available translation of this Hadeeth
Hadeeth text
အဗူဗရဇဟ် အလ် အတ်စ်လမီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကိယာမသ်နေ့တွင် ကျေးကျွန်တစ်ဦးသည် မိမိ၏သက်တမ်းနှင့်ပတ်သက်၍ မည်သို့ကုန်ဆုံးခဲ့သည်။ မိမိ၏ အိလ်မ်အသိပညာနှင့်ပတ်သက်၍ မည်သို့လိုက်နာကျင့်သုံးခဲ့သည်။ မိမိဥစ္စာပစ္စည်းနှင့် ပတ်သက်၍ မည်သည့် နေရာမှရှာဖွေခဲ့သည် မည်သို့သုံးစွဲခဲ့သည်။ မိမိခန္ဓာကိုယ်နှင့်ပတ်သက်၍ မည်သည့်နေရာတွင် အသုံးချခဲ့သည်တို့ကို မေးမြန်းခြင်းမခံရသ၍ ခြေနှစ်ဖက်သည် လုံးဝရွေ့လျားနိုင်မည်မဟုတ်ပေ။
Explanation
(၁) မိမိ၏သက်တမ်းအား မည်သို့ကုန်ဆုံးခဲ့သနည်း။
(၂) မိမိ၏အိလ်မ် အသိပညာအား အလ္လာဟ်အရှင်မြတ်အတွက် ရှာဖွေဆည်းပူးခဲ့ပါသလား။ အိလ်မ်ပညာအပေါ် လိုက်နာကျင့်သုံးခဲ့ပါသလား။ ထိုက်တန်သူတို့အား ပြန်လည်ပို့ချခဲ့ပါသလား။
(၃) မိမိဥစ္စာပစ္စည်းအား မည်သည့်နေရာမှ ရှာဖွေခဲ့ပါသနည်း။ ဟလာလ်ရှာဖွေခဲ့သလော သို့မဟုတ် ဟရာမ်ရှာဖွေခဲ့သလော ထိုပစ္စည်းများအား မည်သို့သုံးစွဲခဲ့ပါသနည်း။ အလ္လာဟ်အရှင်မြတ် နှစ်သက်သည့် နေရာများတွင် သုံးစွဲခဲ့သလော သို့မဟုတ် အလ္လာဟ်အရှင်မြတ် မနှစ်သက်သည့် နေရာများတွင် သုံးစွဲခဲ့သလော။
(၄) မိမိ၏ခန္ဓာကိုယ်၊ အင်အား၊ ကျန်းမာမှုနှင့် ပျိုရွယ်မှုတို့ကို မည်သည့်နေရာတွင် သုံးစွဲခဲ့ပါသနည်း။
Benefits
အလ္လာဟ်အရှင်မြတ်၏ နိအ်မသ်စည်းစိမ်တော်များသည် ကျေးကျွန်များအပေါ်တွင် အမြောက်အများရှိပြီး ၎င်းတို့သည် ထိုနိအ်မသ်များနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်း ခံရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ထိုနိအ်မသ်တော်များကို အလ္လာဟ်အရှင်မြတ်နှစ်သက်သည့် ကိစ္စများတွင် သုံးစွဲရန် တာဝန်ရှိသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

