افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65071[صحيح]
HadeethEnc · 1.34.0

အသင်အမိန့်ရှိနေသောအရာနှင့် အသင်ဖိတ်ခေါ်နေသောအရာသည် အလွန်ပင်ကောင်းမွန်ပေသည်။ ကျွန်တော်တို့ ယခင်ကကျူးလွန်ခဲ့သောအပြစ်များအား ပလပ်သွားစေမည့်အရာကို အသင်ပြောပြလျှင် ကောင်းလေစွဟု လျှောက်ထားခဲ့ကြသည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ မုရှ်ရိက်အချို့သည် လူသတ်မှုကို အမြောက်အများကျူးလွန်ခဲ့ကြသည်။ ဇိနာအမှုကိုလည်း အမြောက်အများကျူးလွန်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ အသင်အမိန့်ရှိနေသောအရာနှင့် အသင်ဖိတ်ခေါ်နေသောအရာသည် အလွန်ပင်ကောင်းမွန်ပေသည်။ ကျွန်တော်တို့ ယခင်ကကျူးလွန်ခဲ့သောအပြစ်များအား ပလပ်သွားစေမည့်အရာကို အသင်ပြောပြလျှင် ကောင်းလေစွဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ဤအာယသ်တော်ကျရောက်လာခဲ့သည်။ (၎င်းပြင် အကြင်သူများပင်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်(တွဲဖက်၍)အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ ဟစ်ခေါ်တသ(ကိုးကွယ်ဆည်းကပ်)ကြသည်မဟုတ်ပေ။ ၎င်းပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကိုလည်း တရားသဖြင့်မှတစ်ပါး သတ်ဖြတ်ခြင်း မပြုကြပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကာမေသုမိစ္ဆာစာရကိုလည်း ကျူးလွန်းကြသည်မဟုတ်ပေ။) ကုရ်အာန် (၂၅:၆၈) ၎င်းနောက် ဤအာယသ်တော်လည်း ကျရောက်လာခဲ့သည်။ ((အို-နဗီတမန်တော်) အသင်သည်(ငါအရှင်မြတ်၏ကိုယ်စား) ပြောကြားပါလေ။ အို-မိမိတို့ အပေါ်၌ အလွန်အမင်း လွန်ကျူးခဲ့ကြကုန်သော ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြကုန်လင့်။) ကုရ်အာန် (၃၉:၅၃)
02

Explanation

လူသတ်မှုနှင့် ‘ဇိနာ’ကာမေသုမိစ္ဆာစာရအမှုကို အမြောက်အမြားကျူးလွန်ခဲ့ကြသော မုရှ်ရိက်အချို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်ခဲ့ကြသည်။ ထို့နောက် ကိုယ်တော့်အား လျှောက်ထားကြသည်မှာ အသင် ဖိတ်ခေါ်နေသည့် အစ္စလာမ်သာသနာနှင့် အစ္စလာမ့်၏ပို့ချမှုများသည် အလွန်ပင်ကောင်းမွန်လှ၏။ သို့သော် ကျွန်ုပ်တို့၏ လက်ရှိအခြေအနေနှင့် ယခင်က ကျူးလွန်ခဲ့သော ရှိရ်က်ပြစ်မှုနှင့် အခြားပြစ်မှုများအား ပလပ်သွားစေမည့် အရာရှိပါသလား ဟုလျှောက်ထားခဲ့ကြသည်။

ထိုအခါ ယင်းအာယသ်တော်နှစ်ပါး ကျရောက်လာခဲ့သည်။ ထိုအာယသ်တော်များတွင် လူသားတို့သည် ကြီးမားများပြားလှသည့် အပြစ်အကုသိုလ်များ ကျူးလွန်ထားလျှင်လည်း အရှင်မြတ်သည် ၎င်းတို့၏ သောင်ဗဟ် အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူကြောင်းပါရှိသည်။ ထိုသို့မဟုတ်ပါက ၎င်းတို့သည် မိမိတို့၏ ကုဖ်ရ် သွေဖည်ငြင်းပယ်မှု၊ ဆိုးသွမ်းမှုအပေါ်တွင်သာ ဆက်လက်ရှိနေမည်ဖြစ်ပြီး အစ္စလာမ်သာသနာသို့ ဝင်ရောက်ကြမည်မဟုတ်ပေ။
03

Benefits

အစ္စလာမ်သာသနာတော်၏ ကြီးကျယ်မှု၊ မွန်မြတ်မှုကို ဖော်ပြထားသည်။ အစ္စလာမ်သာသနာသည် အစ္စလာမ် လက်မခံမီက ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။
အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များအား အလွန်ပင်သနားကြင်နာတော်မူ‌ကြောင်း၊ ခွင့်လွှတ်တော်မူ‌ကြောင်းကို တင်ပြထားပေသည်။
အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က် တုဖက်ယှဉ်တွဲကိုးကွယ်ခြင်း၊ အသက်တစ်ချောင်းကို မတရားသဖြင့် သတ်ဖြတ်ခြင်း၊ တရားမဝင် ကာမကျူးလွန်ခြင်းတို့သည် ဟရာမ်ဖြစ်ပြီး ထိုအပြစ်အကုသိုလ်များ ကျူးလွန်သူကို သတိပေးခြိမ်းခြောက်မှုများ ဖော်ပြထားသည်။
အိခ်လာဆွ်ဖြင့် စစ်မှန်သည့် သောင်ဗဟ်အမှားဝန်ခံမှုပြုခြင်း၊ ကောင်းမှုများ ဆောက်တည်ခြင်းသည် ‘ကုဖ်ရ်’ အလ္လာဟ်အရှင်မြတ်အား သွယ်ဖည်ငြင်းပယ်မှုအပါအဝင် အခြားအပြစ်အကုသိုလ်များအားလုံးကို ပယ်ဖျက်ပေးသည်။
အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ မျှော်လင့်ချက်မဲ့ခြင်း ဟရာမ်ဖြစ်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...