افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3390[صحيح]
HadeethEnc · 1.34.0

ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် သူတို့ထံရောက်ရှိလျှင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန် ပထမဦးဆုံးဖိတ်ခေါ်ပါလေ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)အား ယီမင်နိုင်ငံသို့စေလွှတ်သည့်အခါ မှာကြားတော်မူသည်မှာ- ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် သူတို့ထံရောက်ရှိလျှင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန် ပထမဦးဆုံးဖိတ်ခေါ်ပါလေ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ် ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ထားကြောင်း အသိပေးပါ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်တွင် သူတို့၏ဥစ္စာပစ္စည်းများထဲမှ ဇကာသ်ပေးလှူခြင်းအား ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ကြောင်း အသိပေးပါ။ ယင်းဇကာသ်ကို ၎င်းတို့ထဲရှိကြွယ်ဝချမ်းသာသူများထံမှ ယူဆောင်၍ သူတို့၏ဆင်းရဲသားများကိုခွဲဝေပေးကမ်းရမည်။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အသင်သည် ဇကာသ် ကောက်ယူရာတွင် ၎င်းတို့၏အကောင်းဆုံးဥစ္စာပစ္စည်းများကို ကောက်ယူခြင်းမှ ရှောင်ကြဉ်ပါ။ ၎င်းနောက် အသင်သည် မတရားဖိနှိပ်ညှဉ်းပန်းခြင်းခံရသူ၏ မကောင်းဆုတောင်းခြင်းခံရမှု (ကျိန်ဆဲမှု)ကို ရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းတိုင်ကြားမှုနှင့် အလ္လာဟ်အရှင်မြတ်၏ကြားတွင် အကာကွယ်မရှိပေ။
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအာဇ်ဗင်န်ဂျဗလ် (ရဿွိယလ္လာဟုအန်ဟု)အား ယီမင်နိုင်ငံသို့ အလ္လာဟ့်ဘက်သို့ဖိတ်ခေါ်သူ၊ သာသနာရေးရာ သင်ကြားပို့ချသူအဖြစ် စေလွှတ်သည့်အခါ ကြိုတင်ပြင်ဆင်ထားရန်အတွက် မကြာမီ(နဆ်ွရာနီ) ခရစ်ယာန်မျိုးနွယ်စုများနှင့် ဆုံတွေ့ရမည်ဖြစ်ကြောင်း သူ့အား ရှင်းပြတော်မူခဲ့သည်။ ထို့နောက် ၎င်းတို့အား ဒအ်ဝဟ် ဖိတ်ခေါ်မှုပြုရာတွင်အရေးအကြီးဆုံးကိစ္စနှင့်စတင်ကာ တစ်ဆင့်ပြီးတစ်ဆင့် အရေးကြီးသောအရာများကို ဖိတ်ခေါ်ရန်လည်း မိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် သူသည် လူတို့အား ယုံကြည်ချက် ပြုပြင်တည့်မတ်ပေးရန်အတွက် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်‌သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်းကို ဦးစွာပထမ တင်ပြဖိတ်ခေါ်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသက်သခံချက်ဖြင့်သာ ၎င်းတို့အစ္စလာမ်သာသနာသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ အကယ်၍ သူတို့သည် ထိုအချက်ကို လက်ခံခဲ့လျှင် ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးရမည်။ အဘယ့်ကြောင့်ဆိုသော် သောင်ဟီးဒ်တရား၏ နောက်တွင် ဆွလာသ်သည် အကြီးကျယ်ဆုံး ဖရ်ဿ်ွတာဝန် ဖြစ်သည်။ အကယ်၍ သူတို့သည် ဆွလာသ် ဆောက်တည်ကြလျှင် ၎င်းတို့အနက် ချမ်းသာကြွယ်ဝသူများက သူတို့၏ ဥစ္စာပစ္စည်းများထဲမှ ၎င်းတို့ထဲရှိ ဆင်းရဲသားများကို ဇကာသ်ပေးရန်အမိန့်ပေးရမည်။ ဇကာသ်ကောက်ယူရာတွင် အလယ်အလတ်တန်းစားကိုသာ ကောက်ယူရန် တာဝန်ရှိသည့်အတွက် အကောင်းဆုံးပစ္စည်းများကို ကောက်ယူခြင်းမပြုရန် ကိုယ်တော်ကသူ့အား သတိပေးတားမြစ်တော်မူခဲ့သည်။ ထို့နောက် မတရားဖိနှိပ်ခံရသူ၏ မကောင်းဆုတောင်းခြင်း မခံရစေရန်အတွက် မတရားမှုမှ ရှောင်ကြဉ်ရန် မှာကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မတရားဖိနှိပ်ခံရသူ၏ ဒုအာသည် လက်ခံကဗူလ်ပြုခြင်းခံရသည့်အတွက်ဖြစ်သည်။
03

Benefits

အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်‌သော အရှင်မရှိကြောင်း သက်သေခံခြင်း၏ အလိုသဘောမှာ အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ပြီး အရှင်မြတ်မှအပ အခြားမည်သည့်အရာကိုမျှ ခဝပ်ကိုးကွယ်မှု မပြုခြင်းဖြစ်သည်။
မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းသက်သေခံခြင်း၏ အလိုသဘောမှာ ကိုယ်တော်နှင့်ကိုယ်‌တော်ယူဆောင်လာခဲ့သည့်အရာများကို အီမာန်သက်ဝင်ယုံကြည်ခြင်း၊ တမန်တော်မြတ်သည် လူသားတို့ထံ‌ စေလွှတ်ခြင်းခံရသည့် အလ္လာဟ်အရှင်မြတ်၏ နောက်ဆုံးစေတမန်တော်ဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။
ပညာရှိသူ၊ စောဒကများသူကို ပြောဆိုတင်ပြခြင်းသည် ပညာမဲ့အား ပြောဆိုတင်ပြခြင်းနှင့် မတူပေ။ ထို့ကြောင့် ကိုယ်တော်က မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)အား (ဧကန်မုအမှန်ပင် သင်သည် ကျမ်းရပုဂ္ဂိုလ်များထံသွားရောက်နေသည်)ဟု အသိပေးမိန့်ကြားတော်မူခြင်းဖြစ်သည်။
မွတ်စ်လင်မ်တစ်ဦးသည် သံသယရှိသူတို့၏ ဒွိဟသံသယများမှ ကင်းဝေးနိုင်ရန် မိမိသာသနာအား အထောက်အထားနှင့်တကွ သိနားလည်ထားရှိရန် အရေးကြီးသည်။ ဤသည် သာသနာ့ပညာသင်ယူဆည်ပူးခြင်းဖြင့်သာ ရရှိနိုင်မည်ဖြစ်သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)စေလွှတ်ခံရပြီးနောက် ယဟူဒီနှင့် နဆ်ွရာနီတို့၏ သာသနာသည် တရားမဝင်တော့ပေ။ ၎င်းတို့သည် တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် အီမာန်သက်ဝင်ယုံကြည်ကာ အစ္စလာမ်သာသနာ့သို့ မဝင်ရောက်မချင်း ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် လွတ်မြောက်အောင်မြင်မည့်သူများတွင် ပါဝင်မည်မဟုတ်ပါ။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...