افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65065[ضعيف]
HadeethEnc · 1.34.0

သင့်အပေါ် ၎င်းတို့၏သစ္စာဖောက်မှု၊ အမိန့်မနာခံမှု၊ လိမ်လည်မှုတို့နှင့် ၎င်းတို့အား သင်ပေးသည့်ပြစ်ဒဏ်တို့ကို နှိုင်းယှဉ်တိုင်းဆမည်ဖြစ်သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အာအိရှဟ်(رَضِيَ اللّٰهُ عَنْهَا)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ﷺ)၏ ရှေ့တော်မှောက်တွင်ထိုင်၍ လျှောက်ထားသည်မှာ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုးတွင် ကျွန်နှစ်ယောက်ရှိပါသည်။ ၎င်းတို့သည် ကျွန်တော့်အား မုသားစကားပြောကြသည်။ ကျွန်တော့်အား သစ္စာဖောက်ကြသည်။ ကျွန်တော့်အမိန့်ကို မနာခံကြပေ။ ကျွန်တော်သည် ၎င်းတို့အား ဆူပူကြိမ်းမောင်းကာ ရိုက်ပါသည်။ သို့ဖြစ်၍ ၎င်းတို့နှင့်ပတ်သက်၍ ကျွန်တော်မျိုး၏အမှုကိစ္စသည် မည်သို့ဖြစ်မည်နည်း။ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ သင့်အပေါ် ၎င်းတို့၏သစ္စာဖောက်မှု၊ အမိန့်မနာခံမှု၊ လိမ်လည်မှုတို့နှင့် ၎င်းတို့အား သင်ပေးသည့်ပြစ်ဒဏ်တို့ကို နှိုင်းယှဉ်တိုင်းဆမည်ဖြစ်သည်။ အကယ်၍ သင်ပေးသည့်ပြစ်ဒဏ်သည် ၎င်းတို့အပြစ်များ၏ အတိုင်းအတာနှင့်အညီဖြစ်ခဲ့လျှင် (ပြစ်မှု နှင့်ပြစ်ဒဏ်) နှစ်မျိုးစလုံး ညီမျှသွားပြီဖြစ်သဖြင့် သင့်အတွက်မည်သည့် ကောင်းကျိုးမျှမရှိသလို မည်သည့်ပြစ်ဒဏ်မျှလည်းမရှိပေ။ အကယ်၍ ၎င်းတို့အား သင်ပေးသည့်ပြစ်ဒဏ်သည် ၎င်းတို့၏အပြစ်ထက်နည်းပါက သင်အကျိုးကုသိုလ်ရရှိမည်။ အကယ်၍ ၎င်းတို့အားသင်ပေးသည့်ပြစ်ဒဏ်သည် ၎င်းတို့၏အပြစ်ထက်ပိုများပါက ပိုသွားသမျှကို သင်၏အကျိုးကုသိုလ်မှယူပြီး ၎င်းတို့အားပေးမည်ဖြစ်သည်။ ဆင့်ပြန်သူကပြောသည်မှာ ထိုအခါ ၎င်းပုဂ္ဂိုလ်သည် အခြားတနေရာသို့သွားကာ ငိုကြွေးလေတော့သည်။ ထိုအခါ တမန်တော်(ﷺ)က မိန့်ကြားတော်မူသည်မှာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ကျမ်းမြတ်၌ မဖတ်ခဲ့လေသလော (စင်စစ် ငါအရှင်မြတ်သည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် မျှတသောချိန်ခွင်များကို ထားရှိတော်မူသည်။ သို့ဖြစ်ပေရာ မည်သူတစ်ဦးတစ်ယောက်မျှ အနည်းငယ်စိုးစဉ်းမျှပင် မတရားသဖြင့်နှိပ်စက်ခြင်းကို ခံရမည်မဟုတ်ပေ။ စင်စစ်အကယ်၍ (တစ်ဦးတစ်ယောက်၌) မုန်ညင်းစေ့တစ်စေ့မျှ အလေးချိန်ရှိသော(ကောင်းမှုပင်) ရှိသော်ငြားလည်း ငါအရှင်မြတ်သည် ယင်းမုန်ညင်းစေ့တစ်စေ့ကိုလည်း (ရှေ့တော်မှောက်သို့) ယူလာတော်မူမည်သာဖြစ်သည်။) ကုရ်အာန် (၂၁:၄၇) ထိုပုဂ္ဂိုလ်ကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်ပါသည် အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ၎င်းတို့နှင့်ခွဲခွါလိုက်ခြင်းထက် ကျွန်တော့်အတွက်ရော သူတို့အတွက်ပါ ပိုကောင်းသည့်အရာကို ကျွန်တော်မတွေ့တော့ပါ။ ကိုယ်တော့်အား သက်သေထားပါသည်။ ဧကန်မုချ ၎င်းတို့အားလုံးသည် ကျွန်အဖြစ်မှလွတ်မြောက်ကာ လွတ်လပ်သူများ ဖြစ်သွားကြပါပြီ။
02

Explanation

ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ﷺ)ထံ လာရောက်၍ မိမိ၏ကျွန်များ၏ မကောင်းသည့်အကျင့်စရိုက်များနှင့်ပတ်သက်၍ တိုင်တန်းသည်။ ၎င်းတို့သည် သူ့အားလိမ်လည်ပြောဆိုကြပြီး အပ်နှံထားသောအရာနှင့်ပတ်သက်၍ သစ္စာမရှိကြပေ။ အပေးအယူကိစ္စများ၌ လိမ်လည်လှည့်ဖြားကြသည်။ သူ၏အမိန့်ကို ဖီဆန်ကြသည်။ထို့ကြောင့် ၎င်းကလည်း ကျွန်များအား ဆုံးမသည့်အနေဖြင့် ဆဲဆိုကြိမ်းမောင်းကာ ရိုက်နှက်သည်။ သို့ဖြစ်၍ ထိုပုဂ္ဂိုလ်သည် ကိုယ်တော့်အား ကိယာမသ်နေ့၌ ၎င်းတို့နှင့်စပ်လျဉ်း၍ မိမိ၏အခြေအနေ မည်သို့ရှိမည်ကို မေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ် (ﷺ)က ဖြေကြားသည်မှာ သင့်အပေါ် ၎င်းတို့၏ သစ္စာဖောက်မှု၊ အမိန့်မနာခံမှု၊ လိမ်လည်မှုတို့နှင့် ၎င်းတို့အား သင်ပေးသည့်အပြစ်ဒဏ်တို့ကို နှိုင်းယှဉ်တိုင်းတာမည်ဖြစ်သည်။ အကယ်၍ ပြစ်ဒဏ်၏ ပမာဏသည် ၎င်းတို့၏အပြစ်များနှင့် ညီမျှပါက သင့်အတွက်မည်သည့်ကောင်းကျိုးမျှမရှိသလို မည်သည့်ပြစ်ဒဏ်မျှလည်းရှိမည်မဟုတ်ပေ။ အကယ်၍ သင်ပေးသည့်ပြစ်ဒဏ်၏ ပမာဏသည် ၎င်းတို့၏အပြစ်များထက် နည်းပါက သင်အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အကယ်၍ သင်ပေးသည့်ပြစ်ဒဏ်သည် ၎င်းတို့၏အပြစ်များထက်များပါက သင်အပြစ်ပေးခြင်းခံရမည်ဖြစ်ပြီး ပိုသမျှအတိုင်းအတာကို သင့်ထံမှယူ၍ ၎င်းတို့အား အစားပြန်ပေးသွားမည်ဖြစ်သည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်သည် အခြားတနေရာသို့သွားကာအသံကျယ်လောင်စွာ ငိုကြွေးနေသည်။ ထိုအခါတမန်တော်(ﷺ)က ၎င်းအားမိန့်ကြားတော်မူသည်မှာ အသင်သည်အလ္လာဟ်အရှင်မြတ်၏ကျမ်းမြတ်၌ မဖတ်ခဲ့လေသလော (စင်စစ် ငါအရှင်မြတ်သည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် မျှတသောချိန်ခွင်များကို ထားရှိတော်မူသည်။ သို့ဖြစ်ပေရာ မည်သူတစ်ဦးတစ်ယောက်မျှ အနည်း ငယ်စိုးစဉ်းမျှပင် မတရားသဖြင့် နှိပ်စက်ခြင်းကို ခံရမည်မဟုတ်ပေစင်စစ်အကယ်၍ (တစ်ဦးတစ်ယောက်၌) မုန်ညင်းစေတစ်စေ့မျှ အလေးချိန်ရှိသော(ကောင်းမှုပင်) ရှိငြားသော်လည်း ငါအရှင်မြတ်သည် ယင်းမုန်ညင်းစေ့တစ်စေ့ကိုလည်း (ရှေ့တော်မှောက်သို့) ယူလာတော်မူမည်သာဖြစ်သည်။ စင်စစ် ငါအရှင်မြတ်နှင့်ပင် စစ်ဆေးတော်မူသောအရှင်အဖြစ် လုံလောက်ပေသတည်း။) ကုရ်အာန် (၂၁:၄၇)
ဆိုလိုသည်မှာ ကိယာမသ်နေ့၌ မည်သူမျှ မတရားပြုခြင်းခံရမည်မဟုတ်ပေ။ လူတို့၏ကြား၌ မျှတသောချိန်ခွင်များ
ရှိနေမည်ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကပြောသည်မှာ အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပါသည် အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ၎င်းတို့နှင့်ခွဲခွါလိုက်ခြင်း၊ ၎င်းတို့ကို စွန့်လွှတ်လိုက်ခြင်းထက် ကျွန်တော့်အတွက်ရော သူတို့အတွက်ပါ ပိုကောင်းသည့်အရာကို ကျွန်တော်မတွေ့တော့ပါ။ကိုယ်တော့်အား သက်သေထားပါသည်။ အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်သက်ရန်၊ စာရင်းစစ်ဆေးခြင်းနှင့် အဇာဗ်ပြစ်ဒဏ်တို့အား ကြောက်ရွံ့သည့်အ‌တွက်‌ ၎င်းတို့အား ကျွန်အဖြစ်မှသူကောင်းပြုလိုက်ပါပြီ။
03

Benefits

အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကိုကြောက်၍ မိမိ ၏ကျွန်များကို သူကောင်းပြုလိုက်သည့် ဆွဟာဗဟ်၏ မှန်ကန်ဖြောင့်မတ်မှုကို သိရှိရသည်။
မတရားပြုသူထံမှ ၎င်းကျူးလွန်ခဲ့သည့် မတရားမှုနှင့်အညီ သို့မဟုတ် ထို့ထက်လျော့၍ အစားပြန်လည်ရယူခြင်း ပိုင်သည်။ အပြစ်ထက်ပို၍ အစားယူခြင်းကို တားမြစ်ထားသည်။
အခိုင်းအစေများနှင့် အားနည်းသူများကို ကောင်းမွန်စွာ ဆက်ဆံရန် တိုက်တွန်းသည်။

Attribution

[رواه الترمذي]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...