“မည်သည့်မွတ်စ်လင်မ်မဆို ဘေးဒုက္ခတစ်စုံတစ်ရာ ကြုံတွေ့သောအခါ အလ္လာဟ်အရှင်မြတ် အမိန့်ပေးတော်မူသည့်အတိုင်း- {إِنَّا لِلهِ وَإِنَّا إِلَيْهِ رَاجِعُونَ} (အကယ်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်ကြပြီး ဧကန်အမှန် အရှင်မြတ်ထံသို့ ပြန်လည်ရောက်ရှိကြရမည်ဖြစ်ပါသည်။) (စူရဟ် အလ်ဘကရဟ်၊ ၂:၁၅၆) ဟုရွတ်ဆိုကာ، ‘အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ဤဘေးဒုက္ခတွင် အကျိုးဆုလာဘ် ပေးသနားတော်မူပါ။ ၎င်းဘေးအစား ကျွန်တော်မျိုးအား ယင်းထက်ကောင်းမြတ်သောအရာကို အစားထိုးပေးသနားတော်မူပါ’”ဟု တောင်းဆုဒုအာပြုလျှင်، ထိုသူအား အလ္လာဟ်အရှင်မြတ်သည် ယင်းထက်ကောင်းမြတ်သောအရာကို အစားထိုးပေးတော်မူသည်။
မုအ်မင်န်တို့၏ မိခင်ကြီး အွမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)ထံမှ ဆင့်ပြန်လာရှိသည်။ သူမက ပြောပြခဲ့သည်။ ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ “မည်သည့်မွတ်စ်လင်မ်မဆို ဘေးဒုက္ခတစ်စုံတစ်ရာ ကြုံတွေ့သောအခါ အလ္လာ…

