‘သတိပြုကြ၊ အရက်ကို ဟရာမ်တားမြစ်လိုက်ပြီ’ ဖြစ်ကြောင်း ကြွေးကြော်ရန် အမိန့်ပေးတော်မူလေသည်
Choose an available translation of this Hadeeth
Hadeeth text
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)ထံမှဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်။ “ကျွန်ုပ်သည် အဘူသွလ်ဟာ၏အိမ်တွင် လူများကိုအရက်တိုက်ကျွေးသူဖြစ်ခဲ့သည်။ ထိုအချိန်က ၎င်းတို့၏ အရက်မှာ ‘ဖဿွီးဟ်’ (စွန်ပလွံသီးဖြင့် ချက်ထားသော အရက်) ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကြွေးကြော်သူတစ်ဦးကို ‘သတိပြုကြ၊ အရက်ကို ဟရာမ်တားမြစ်လိုက်ပြီ’ ဖြစ်ကြောင်း ကြွေးကြော်ရန် အမိန့်ပေးတော်မူလေသည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ - အဘူသွလ်ဟာက ကျွန်ုပ်အား ‘ထွက်သွားပြီး ယင်းအရက်များကို သွန်ပစ်လော့’ ဟု ပြောဆိုခဲ့၏။ ကျွန်ုပ်သည် ထွက်သွားပြီး ယင်းအရက်များကို သွန်ပစ်လိုက်ရာ၊ မဒီနာမြို့၏လမ်းများတစ်လျှောက် စီးဆင်းသွားသည်။ ထိုအခါ လူအချို့က ‘အရက်သည် သူတို့၏ဝမ်းဗိုက်ထဲတွင်ရှိနေစဉ် လူအချို့သေဆုံးသွားခဲ့ပြီ’ ဟု ပြောကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် [အီမာန်ယုံကြည်ပြီး ကောင်းမှုများပြုကျင့်သောသူများအပေါ်၌ (ယခင်က) သုံးဆောင်ခဲ့သည့်အရာများအတွက် အပြစ်မရှိပေ] (အလ်-မာအိဒဟ် ၅း၉၃) ဟူသော အာယတ်တော်ကို ချပေးတော်မူခဲ့၏။”
Explanation
[အီမာန်ယုံကြည်ပြီး ကောင်းမှုများပြုကျင့်သောသူများအပေါ်၌ (ယခင်က) သုံးဆောင်ခဲ့သည့်အရာများအတွက် အပြစ်မရှိပေ]။ (အလ်-မာအိဒဟ် ၅း၉၃) ဆိုလိုသည်မှာ အရက်ဟရာမ်မဖြစ်မီက သောက်စားခဲ့ကြသော အီမာန်ယုံကြည်သူများအတွက် ထိုအရာတွင် အပြစ်တစ်စုံတစ်ရာ မရှိပေ။
Benefits
အလ်ခမ်ရ် ဆိုသည်မှာ - မူးယစ်စေတတ်သော အရာအားလုံးကို ခြုံငုံခေါ်ဆိုခြင်းဖြစ်သည်။
‘ဖဿွီးဟ်’ ဆိုသည်မှာ မမှည့်သေးသော စွန်ပလွံသီးနှင့် မှည့်သွားသောစွန်ပလွံသီးတို့ကို မီးမထိစေဘဲ ဖျော်စပ်ထားသော အရည်တစ်မျိုးဖြစ်သည်။ အလ်ဗုစ်ရ် ဆိုသည်မှာ- မှည့်ခါနီး စွန်ပလွံသီးကို ဆိုလိုသည်။
အိဗ်နုဟဂျရ် က မုဟလ်လဗ်၏ ပြောဆိုချက်ကို ကိုးကားပြီး “အရက်ကို လမ်းပေါ်တွင် သွန်ပစ်ရခြင်းမှာ ၎င်းကို ငြင်းပယ်ကြောင်း ကြေညာရန်နှင့် ၎င်းကို စွန့်လွှတ်ခြင်းအား ထင်ရှားစေရန်ဖြစ်ပြီး ယင်းသည် လမ်းပေါ်သွန်ချခြင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်ရသည်ထက် အကျိုးများသော နည်းလမ်းဖြစ်သည်” ဟု ဆိုထားသည်။
အလ္လာဟ်အရှင်မြတ်၏ ဗန္ဒဟ်ကျေးကျွန်များအပေါ် ထားရှိသော ကရုဏာတော်နှင့် အရှင်မြတ်သည် အမိန့်တော်မချမှတ်မီက ပြုလုပ်ခဲ့သည့်အပြစ်အတွက် စစ်ဆေးမေးမြန်းတော်မူမည် မဟုတ်ကြောင်း ဖော်ပြထားခြင်း။
အလ္လာဟ်အရှင်မြတ်သည် အရက်ကို ဟရာမ်တားမြစ်တော်မူခဲ့သည်။ အကြောင်းမှာ ၎င်းတွင် အသိဉာဏ်နှင့် စည်းစိမ်ဥစ္စာကို ထိခိုက်စေသော ဆိုးကျိုးများ ပါဝင်ပြီး ၎င်းကြောင့် လူသားသည် သတိဉာဏ်ကင်းမဲ့ကာ အပြစ်များစွာကို ကျူးလွန်တတ်သောကြောင့် ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

