‘သတိပြုကြ၊ အရက်ကို ဟရာမ်တားမြစ်လိုက်ပြီ’ ဖြစ်ကြောင်း ကြွေးကြော်ရန် အမိန့်ပေးတော်မူလေသည်
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)ထံမှဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်။ “ကျွန်ုပ်သည် အဘူသွလ်ဟာ၏အိမ်တွင် လူများကိုအရက်တိုက်ကျွေးသူဖြစ်ခဲ့သည်။ ထိုအချိန်က ၎င်းတို့၏ အရက်မှာ ‘ဖဿွီးဟ်’ (စွန်ပလွံသီးဖြင့် ချက်ထားသော အရက်) ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာ…

