افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#66536[صحيح]
HadeethEnc · 1.34.0

မူးယစ်စေသောအရာအားလုံးသည် ဟရာမ်ဖြစ်သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဘူဗွရ်ဒဟ်သည် ၎င်း၏ ဖခင် အဘူမူစာ အရှ်အရီ ( ရဿွိယလ္လာဟု အန်ဟု ) ထံမှဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ၎င်းအား ယီမင်နိုင်ငံသို့ စေလွှတ်တော်မူခဲ့တယ်။ ထိုအခါ ၎င်းက တမန်တော်မြတ်အား ထိုယီမင်နိုင်ငံတွင် ပြုလုပ်တယ့် သောက်သုံးစရာများနဲ့ပတ်သတ်ပြီး မေးမြန်းခဲ့ရာ တမန်တော်မြတ်က ထိုအရာများကို ဘယ်အရာတွေကနေပြုလုပ်သလည်းဟု မေးမြန်းရာ ပျားရည်နဲ့ မုယောစပါးတို့ကနေ ပြုလုပ်ပါသည်ဟု လျှောက်ထားခဲ့၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မူးယစ် စေသော အရာအားလုံးသည် ဟရာမ်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့လသည်။ ( ဗုခါရီကျမ်း ) ၎င်းဟဒီးစ်ကို အိမာမ်မွတ်စ်လင်မ်ကလည်း မိမိ၏ စွဟီးကျမ်းတွင် ဆင့်ပြန်တင်ပြခဲ့ပြီး ၎င်း၏ ဟဒီးစ်စာသားမှာ အဘူမူစာ အရှ်အရီက ပြောပြခဲ့သည်မှာ - ကျွန်ုပ်နှင့် မုအားဇ်ကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ယီမင်နိုင်ငံသို့ စေလွှတ်တော်မူခဲ့တယ်။ ထိုအခါ ကျွန်ုပ်က တမန်တော်မြတ်အား အို - အလ္လာဟ်ရဲ့ ရစူလ် အမှန်တကယ်ပင် ကျွန် တော်မျိုးတို့ နေထိုင်တယ့် နေရာမှာ မိဇရ် လို့ခေါ်တယ့် မုယောစပါးနဲ့ ပြုလုပ်ထားတယ့် သောက်စရာနဲ့ ဘိသ်အ် လို့ခေါ်တယ့် ပျားရည်နဲ့ ပြုလုပ်ထားတယ့် သောက်စရာတို့ကို ပြုလုပ်ကြပါသည်ဟု လျှောက်
ထားခဲ့၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က " မူးယစ်စေတယ့် အရာအားလုံးဟာ ဟရာမ်ဖြစ်သည် " ဟု မိန့်ကြားတော်မူခဲ့သည်။ မွတ်စ်လင်မ်ကျမ်း၏ ဆင့်ပြန်ချက်တစ်ရပ်တွင် လာရှိသည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က " ဆွလာသ်ဝတ်ပြုခြင်းကနေ မူးယစ်ရီ‌ ဝေစေတယ့် အရာအားလုံးဟာ ဟရာမ်ဖြစ်သည် " ဟု မိန့်ကြားတော်မူခဲ့သည်။ မွတ်စ်လင်မ်ကျမ်း၏ နောက်ထပ်ဆင့်ပြန်ချက်တစ်ရပ်တွင် လာရှိသည်မှာ - ပြည့်စုံကြွယ်ဝ၍ လှပတင့်တယ်သော စကားရပ်တော်များကို ချီးမြှင့်ခြင်းခံရ‌တော်မူတယ့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က " ဆွလာသ်ဝတ်ပြုခြင်းကနေ မူးယစ်ရီ‌ဝေစေတယ့် အရာအားလုံးမှ ငါကိုယ်တော် တားမြစ်တော်မူသည် " ဟု မိန့်ကြားတော်မူခဲ့သည်။
02

Explanation

အဘူမူစာ အရှ်အရီ ( ရဿွိယလ္လာဟု အန်ဟု ) က ၎င်းအား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ယီမင် နိုင်ငံသို့ စေလွှတ်သည့်အခါ၊ ထိုယီမင်နိုင်ငံတွင် ပြုလုပ်သည့် သောက်သုံးစရာများနှင့်ပတ်သတ်၍ ၎င်းတို့မှာ ဟရာမ်ဖြစ်ပါသလားဟု မေးမြန်းလျှောက်ထားခဲ့၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ထိုသောက်သုံးစရာများသည် (အဘယ်အရာများဖြင့်ပြုလုပ်ထားသည်ကို )မေးမြန်းတော်မူခဲ့၏။ ထိုအခါ အဘူမူစာ ( ရဿွိယလ္လာဟု အန်ဟု )က ၎င်းမှာ - " ဘိသ်အ် " ပျားရည်နဲ့ပြုလုပ်ထားတယ့် သောက်သုံးစရာဖြစ်ပြီး၊ " မိဇရ် " မုယောစပါးဖြင့်ပြုလုပ်ထားတယ့် သောက်သုံးစရာဖြစ်ပါသည် ဟု လျှောက်ထားခဲ့၏။ ထိုအခါ ပြည့်စုံကြွယ်ဝသော စကားရပ်တော်များကို ချီးမြှင့်ခြင်းခံရ‌တော်မူတယ့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က " မူးယစ်စေတယ့် အရာအားလုံးသည် ဟရာမ်ဖြစ်သည်" ဟု မိန့်ကြားတော်မူခဲ့သည်
03

Benefits

နဗီးဇ်- ဆိုသည်မှာ စွန်ပလွံသီး၊ ပျားရည် သို့မဟုတ် မုယောစပါးစသည်တို့ကို ရေထဲတွင် စိမ်ထားသော အရည်ဖြစ်သည်။ ထိုသို့စိမ်ထားသောရေသည် ယင်းပစ္စည်းများမှ ချိုမြိန်သောအရသာကို ရရှိစေပြီး၊ နောက်ပိုင်းတွင် အချဉ်ဖောက်ကာ မူးယစ်စေသော အရည်အဖြစ် ပြောင်းလဲသွားသည်။
ဟဒီးစ်သည် အရက်သေစာ၊ ဆေးခြောက် နှင့် အခြားသော မူးယစ်စေသော အရာများအားလုံးကို တားမြစ်ထားသည့် အခြေခံဥပဒေသ တစ်ရပ် ဖြစ်သည်။
မွတ်စ်လင်မ်တစ်ဦးအတွက် လိုအပ်သောအရာများကို မေးမြန်းရန် အရေးပါပုံ။
အရက်သေစာကို ပထမဆုံးအကြိမ် တားမြစ်ခဲ့သည်မှာ ဆွလာသ်ဝတ်ပြုချိန် ရောက်လာသောအခါတွင်ဖြစ်သည်။ အကြောင်းမှာ မုဟာဂျိရ်စွဟာဗဟ်များထဲမှ အချို့သည် ဆွလာသ်ဝတ်ပြုရာတွင် ကျမ်းတော်မြတ်ကုရ်အာန်ကို ရွတ်ဖတ်သည့်အခါ စကားလုံးများ ရောထွေးခဲ့သောကြောင့် ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ဤသို့ မိန့်ကြားတော်မူခဲ့သည် - "အို- အီမာန် ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် မူးယစ်နေသူများ ဖြစ်နေစဉ်အခါတွင် အသင်တို့ ပြောဆိုကြသော အရာများကို အသင်တို့ မသိသမျှ ကာလပတ်လုံး ဆွလာသ်ဝတ်ပြုမှု အနီးသို့ မချဉ်းကပ်ကြနှင့်။" (စူရာဟ် နိစာအ် - 43 ) ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)( ထံပါးတွင်ရှိသော ) ဟစ်ခေါ်ကြွေးကြော်သူက "မူးယစ်နေသူသည် ဆွလာသ်ဝတ်ပြုရန် မချဉ်းကပ်ရ" ဟု ကြွေးကြော်ခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်က အောက်ပါအတိုင်း အပြီးအပိုင် တားမြစ်ခဲ့သည် - အို- အီမာန် ယုံကြည်သူ အပေါင်းတို့၊ အရက်၊ လောင်းကစားမှု၊ ရုပ်တုဆင်းတုများနှင့် မဲမြားတို့(ဖြင့် ကံစမ်းခြင်း)သည် ရှိုင်သွာန်၏ လုပ်ရပ်ထဲမှ အလွန်ဆိုးဝါး ညစ်ညမ်းသော ကိစ္စများသာလျှင် ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရာများကို အသင်တို့ အောင်မြင်ရန် အတွက် ရှောင်ကြဉ်ကြပါ။ ( 90 ) စင်စစ် ရှိုင်သွာန်သည် အရက်၊ လောင်းကစားနှင့် ပတ်သက်၍ အသင်တို့ ကြားတွင် ရန်ငြိုးမှုနှင့် မုန်းတီးမှုကို ဖြစ်ပေါ်စေရန်နှင့် အသင်တို့အား အလ္လာဟ် အရှင်မြတ်ကို သတိရမှုနှင့် စွလာသ် ဝတ်ပြုမှုမှ တားဆီးရန်ကိုသာ ရည်ရွယ်နေသည်။ သို့ဖြစ်ရာ အသင်တို့သည် (အရက်သောက်ခြင်းနှင့် လောင်းကစားခြင်းမှ) ရပ်တန့်သူများ ဖြစ်ကြမည်လော။ (ဝါ) ရပ်တန့်ကြပါ။ ( စူရဟ် မာအိဒဟ် 90-91 )
အလ္လာဟ်အရှင်မြတ်သည် အရက်သေစာကို ကြီးမားသော ဆိုးကျိုးများနှင့် အကျိုးယုတ်မှုများ ပါဝင်သောကြောင့် တားမြစ်ခဲ့ခြင်းဖြစ်သည်။
အရက်‌သေစာ သောက်စားခြင်းကို တားမြစ်ရခြင်း၏ အဓိကအချက်မှာ မူးယစ်စေသော သတ္တိရှိခြင်း ဖြစ်သည်။ အကယ်၍ စပျစ်ဝိုင်သည် မူးယစ်စေသော သတ္တိရှိပါက ၎င်းသည် ဟရာမ်ဖြစ်ပြီး၊ မူးယစ်စေသော သတ္တိမရှိပါက ၎င်းသည် ဟလာလ် ဖြစ်သည်။

Attribution

[رواه البخاري ومسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...