ကျွန်ုပ်တို့အတွက် နှုတ်ခမ်းမွေးညှပ်ရန်၊ လက်သည်း ခြေသည်းညှပ်ရန်၊ ချိုင်းမွှေးနုတ်ရန်၊ ချက်အောက်မွှေးရိတ်ရန်နှင့် ထိုအရာများအား ရက်ပေါင်း (၄၀) ထက်ကျော်လွန်ပြီး မထားကြရန် အချိန်သတ်မှတ်ပေးခြင်း ခံထားရသည်။
Choose an available translation of this Hadeeth
Hadeeth text
အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ "ကျွန်ုပ်တို့အတွက် နှုတ်ခမ်းမွေးညှပ်ရန်၊ လက်သည်း
ခြေသည်းညှပ်ရန်၊ ချိုင်းမွှေးနုတ်ရန်၊ ချက်အောက်မွှေးရိတ်ရန်နှင့် ထိုအရာများအား ရက်ပေါင်း (၄၀) ထက်ကျော်လွန်ပြီး မထားကြရန် အချိန်သတ်မှတ်ပေးခြင်း ခံထားရသည်။"
Explanation
မွေးညှပ်ခြင်း၊ လက်သည်းခြေသည်းညှပ်ခြင်း၊ ချိုင်းမွှေးနုတ်ခြင်းနှင့် ချက်အောက်မွှေးရိတ်ခြင်းတို့ကို ရက်(၄၀)ထက် မကျော်လွန်စေရန် အချိန်သတ်မှတ်ပေးတော်မူခဲ့သည်။
Benefits
အိဗ်နုဟိုဗိုင်ရဟ်က ဤသို့ဆိုသည်- "ဤဟဒီးစ်တော်သည် ယင်းကိစ္စကို နောက်ဆိုင်းခြင်း၏ အဆုံးစွန်သော အချိန်ကန့်သတ်ချက်ကို ဖော်ပြထားသည်။ သို့ရာ တွင် အကောင်းဆုံးမှာ ယင်းအချိန်ကန့်သတ်ချက်မတိုင်မီပင် ထိုကိစ္စကို ဆောင်ရွက်ခြင်းဖြစ်သည်။
၁။ အစ္စလာမ်သာသနာ၏ သန့်ရှင်းမှု၊ စင်ကြယ်မှုနှင့် အလှဆင်မှုအပေါ် ဂရုစိုက်ပုံ။
၂။ နှုတ်ခမ်းမွှေးညှပ်ခြင်း - အပေါ်နှုတ်ခမ်းပေါ်ရှိ အမွှေးအမျှင်များကို ဖြတ်ယူခြင်း။
၃။ ချိုင်းမွှေးနုတ်ခြင်း - ချိုင်းကြားတွင် ပေါက်သော အမွှေးများကို ဖယ်ရှားခြင်း။ (ချိုင်းကြားသည် ပခုံးအဆစ်အောက်ရှိ နေရာဖြစ်သည်။)
၄။ ချက်အောက်မွှေးရိတ်ခြင်း - အမျိုးသား၊ အမျိုးသမီးတို့၏ လိင်အင်္ဂါတစ်ဝိုက်ရှိ ကြမ်းတမ်းသော အမွှေးများကို ဖယ်ရှားခြင်း။
Attribution
Categories
Share hadeeth
Sharing options

