အရာငါးခုသည် လူသား၏ သဘာဝအနက်မှဖြစ်သည်။ (၁)ခသ်နဟ် လိင်အရေပြား လှီးဖြတ်ခြင်း၊ (၂)ချက်အောက်မွေးရိတ်ခြင်း၊ (၃)နှုတ်ခမ်းမွေးညှပ်ခြင်း၊ (၄)လက်သည်း၊ခြေသည်းညှပ်ခြင်း၊ (၅)ချိုင်းမွေးနုတ်ခြင်း။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အရာငါးခုသည် လူသား၏ သဘာဝအနက်မှဖြစ်သည်။ (၁)ခသ်နဟ် လိင်အရေပြား လှီးဖြတ်ခြင်း၊ (၂)ချက်အောက်မွေးရိတ်ခြင်း၊ (၃)နှုတ်ခမ်းမွေးညှပ်ခြင်း၊ (၄)လက်သည်း၊ခြေသည်းညှပ်ခြင်း၊ (၅)ချိုင်းမွေးနုတ်ခြင်း။
Explanation
(၁) ခသ်နဟ် လိင်အရေပြား လှီးဖြတ်ခြင်း။ အမျိုးသားတွင် လိင်တံထိပ်ပိုင်းကို ဖုံးအုပ်နေသော အရေပြားအပိုကိုဖြတ်ခြင်း၊ အမျိုးတွင် အမျိုးသမီးအင်္ဂါဇာတ် အပေါ်ဖက်ရှိ အရေပြား ထိပ်ပိုင်းကိုဖြတ်ခြင်း။
(၂) ချက်အောက်မွေးရိတ်ခြင်း။ အရှက်အင်္ဂါပတ်လည်ရှိ အမွေးအမျှင်များကို ရိတ်ခြင်း။
(၃) နှုတ်ခမ်းမွေးညှပ်ခြင်း။ အမျိုးသား၏ အပေါ်နှုတ်ခမ်းအထက်တွင် ပေါက်သော အမွေးအမျှင်များကိုညှပ်ကာ နှုတ်ခမ်းကိုပေါ်လွင်အောင်ထားခြင်း။
(၄) လက်သည်း၊ ခြေသည်းညှပ်ခြင်း။
(၅) ချိုင်းမွေးနုတ်ခြင်းတို့ဖြစ်သည်။
Benefits
ဤအချက်များကို အလေးထားဆောင်ရွက်ရန်နှင့် မေ့လျော့ခြင်း မရှိစေရန် ပြဌာန်းထားသည်။
ဤအကျင့်များတွင် လောကီ၊ လောကုတ္တရာ နှစ်ဌာနစလုံး၏ ကောင်းကျိုးများရှိသည်။ ၎င်းတို့အနက်အချို့မှာ ရုပ်ဆင်းလှပခြင်း၊ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်ခြင်း၊ သန့်ရှင်းစင်ကြယ်မှုကို အလေးထားခြင်း၊ ကာဖိရ်တို့နှင့်ဆန့်ကျင်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို နာခံခြင်းတို့ဖြစ်သည်။
ဤငါးခုအပြင် အခြားသော လူသား၏ သဘာဝများရှိကြောင်း အခြားဟဒီးဆ်တော်များတွင် ဖော်ပြထားသည်။ ဥပမာ - မုတ်ဆိတ်မွေးကို လွှတ်ထားခြင်း၊ တံပူတိုက်ခြင်း စသည်တို့ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

