မုအ်မင်န်သည် လူတို့အား အလွန်ပင်အပြစ်ရှာသူ၊ အလွန်ပင်ကျိန်ဆဲသူ၊ ညစ်ညမ်းသောစကား၊ အရှက်တရားကင်းမဲ့သည့် လုပ်ရပ်တို့ကို ကျူးလွန်သူ မဟုတ်ပေ။
Choose an available translation of this Hadeeth
Hadeeth text
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န်သည် လူတို့အား အလွန်ပင်အပြစ်ရှာသူ၊ အလွန်ပင်ကျိန်ဆဲသူ၊ ညစ်ညမ်းသောစကား၊ အရှက်တရားကင်းမဲ့သည့် လုပ်ရပ်တို့ကို ကျူးလွန်သူ မဟုတ်ပေ။
Explanation
Benefits
ကိုယ်အင်္ဂါအစိတ်အပိုင်းများကို မကောင်းမှုအပြစ်အနာအဆာများမှ ထိန်းသိမ်းရန်၊ အထူးသဖြင့် နှုတ်လျှာကို ထိန်းသိမ်းရန် တိုက်တွန်းထားသည်။
အိမာမ် ဆင်န်ဒီက ဤသို့ဆိုထားသည်- "အလွန်ကဲ့ရဲ့ပြစ်တင်သူ" နှင့် "အလွန်လအ်နသ်ကျိန်ဆဲသူ" ဟူသော အသုံး အနှုန်းများတွင် အတိုင်းထက်အလွန် သုံးစွဲမှုပုံစံ သဘောသက်ရောက်သည်။ ၎င်းသည် ပြစ်တင်ကျိန်ဆဲခံထိုက်သူအား အနည်းငယ်ကဲ့ရဲ့ပြစ်တင် ကျိန်ဆဲခြင်းသည် အီမာန်ရှင်များ၏ ဂုဏ်ရည်နှင့် ပြည့်စုံမှုကို မထိခိုက်စေကြောင်း ညွှန်ပြနေသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

