ထိုအခါ ကိုယ်တော်က ‘ငါကိုယ်တော်နှင့် ဤဒွန်ယာလောက မည်သို့ဆက်စပ်မှုရှိသနည်း၊ ငါကိုယ် တော်သည် ဤဒွန်ယာလောက၌ အရိပ်ရရန် သစ်ပင်အောက်တွင် ခိုလှုံပြီး ထို့နောက် ထွက်ခွာသွားသော စီးနင်းသူ (ခရီးသည်) တစ်ဦးမျှသာ ဖြစ်သည်’ ဟု မိန့်တော်မူ၏။”
Choose an available translation of this Hadeeth
Hadeeth text
အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿိယလ္လာဟုအန်ဟု) က ဆင့်ပြန်ပြောကြားသည်- “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖျာတစ်ချပ်ပေါ်တွင် အိပ်စက်တော်မူခဲ့သည်။ ထို့နောက် နိုးထတော်မူသောအခါ ဖျာ၏အရာသည် ကိုယ်တော်၏ နံဘေးတွင် ကျန်ရစ်နေခဲ့သည်။ ထိုအခါ ကျွန်ုပ်တို့က ‘အို အလ္လာဟ်အရှင်မြတ်၏
ရစူလ်တမန်တော်၊ ကိုယ်တော့်အတွက် ကျွန်တော်မျိုးတို့ အိပ်ရာတစ်ခု ပြု
လုပ်ပေးပါရစေ’ ဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်က ‘ငါကိုယ်တော်နှင့် ဤဒွန်ယာလောက မည်သို့ဆက်စပ်မှုရှိသနည်း၊ ငါကိုယ် တော်သည် ဤဒွန်ယာလောက၌ အရိပ်ရရန် သစ်ပင်အောက်တွင် ခိုလှုံပြီး ထို့နောက် ထွက်ခွာသွားသော စီးနင်းသူ (ခရီးသည်) တစ်ဦးမျှသာ ဖြစ်သည်’ ဟု မိန့်တော်မူ၏။”
Explanation
Benefits
၂။ ဟဒီးစ်တော်၌ လောကီရေးရာများတွင် မရှိမဖြစ်လိုအပ်သောအရာများကို စွန့်လွှတ်ရမည်ဟူ၍ မပါရှိပါ။ (အမှန်စင်စစ် ရှုံ့ချပြစ်တင်ထိုက်သည်မှာ) ထိုလောကီရေးရာများဖြင့် နောင်ဘဝအတွက် လုပ်ဆောင်ရမည့်ကိစ္စများမှ သွေဖည်သွားခြင်းပင်ဖြစ်သည်။ အကြောင်းမူကား လူတစ်ဦးသည် သစ်ပင်တစ်ပင်အောက်တွင် ခိုလှုံပြီး မိမိခရီးဆက်လျှောက်နိုင်ရန်အတွက် ထိုသစ်ပင်မှ အကျိုးခံစားယူခြင်းဖြစ်ရာ၊ ထိုသစ်ပင်ကို မှီခိုတည်နေသည်မဟုတ်ပေ။
၃။ အကဲဖြတ်ဆင်ခြင်ရမည့်အချက်မှာ အကောင်းဆုံးသော စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အခြေအနေပင်ဖြစ်သည်။ မည်သူမဆို ထိုတမန်တော်၏ ဖဝါးခြေထပ် လျှောက်လမ်းပါက လမ်းမှန်သို့ ရောက်ရှိမည်ဖြစ်ပြီး လောကီရော နောင်ဘဝတွင်ပါ အောင်မြင်မှုရရှိမည်ဖြစ်သည်။
၄။ ဆွဟာဗဟ်များ (ရဿွိယလ္လာဟုအန်ဟွမ်) ၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ်၌ အလေးထားဂရုစိုက်မှုနှင့် ချစ်ခင်မြတ်နှိုးမှု။
၅။ ဒအ်ဝသ်ပေးဖိတ်ခေါ်ခြင်းနှင့် ပညာသင်ကြားပေးခြင်းတို့တွင် ဥပမာများဖြင့် ရှင်းပြခြင်းသည် ခွင့်ပြုထားသော ကိစ္စရပ်ဖြစ်ခြင်း။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

