အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။
Choose an available translation of this Hadeeth
Hadeeth text
အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ အမျိုးသမီးများနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ဧကန်အမှန်ပင် ဗနီအစ္စရာအီးလ်တို့၌ ပထမဦးဆုံး ပေါ်ပေါက်ခဲ့သည့် ‘ဖိသ်နဟ်’ ပြဿနာမှာ အမျိုးသမီးများနှင့် ပတ်သက်၍ဖြစ်သည်။
Explanation
Benefits
အမျိုးသမီးများကို ကြည့်ခြင်း၊ အမျိုးသမီးများနှင့် တစ်စိမ်းအမျိုးသားများရောရောနှောနှောနေခြင်းစသည့် အမျိုးသမီးများနှင့် သက်ဆိုင်သည့် ဖိသ်နဟ် ပြဿနာများမှ ရှောင်ကြဉ်ရန် သတိပေးနှိုးဆော်ထားသည်။
လောကီ၌ အကြီးမားဆုံး ဖိသ်နဟ်ပြဿနာမှာ အမျိုးသမီးများ၏ ဖိသ်နဟ်ပြဿနာဖြစ်သည်။
လွန်လေပြီးသော အွမ္မသ်နောက်လိုက်များမှ သံဝေဂတရားရယူရန်တိုက်တွန်းထားသည်။ ဗနီအစ္စရာအီးလ်တို့တွင် ဖြစ်ပေါ်ခဲ့သည့်အရာသည် အခြားသောသူများတွင်လည်း ဖြစ်နိုင်သည်။
အမျိုးသမီးများ၏ဖိသ်နဟ် ပြဿနာသည် အမျိုးမျိုးရှိတတ်သည်။ အကယ်၍ ဇနီးသည်ဖြစ်ပါက သူမ၏ ဖိသ်နဟ်မှာ ခင်ပွန်းသည် မတတ်နိုင်သည့် အသုံးစရိတ်ကို တောင်းဆိုခြင်းမျိုးဖြစ်သည်။ ထိုကြောင့်သူသည် သာ သနာရေးကိစ္စများတွင် အချိန်မပေးနိုင်တော့ဘဲ လောကီရှာဖွေမှုတွင်သာ နစ် မွန်းသွားသည်။ အကယ်၍ သူစိမ်းအမျိုးသမီးဖြစ်လျှင် သူမ၏ ဖိသ်နဟ် ပြ ဿနာမှာ သူမတို့သည် အိမ်အပြင်သို့ထွက်ပြီး အမျိုသားနှင့်ရောနှောပါက အ မျိုးသားများကို စွဲဆောင်ခြင်းနှင့် ၎င်းတို့ကို အမှန်တရားမှ ယိမ်းယိုင်စေခြင်း စသည်တို့ဖြစ်သည်။ အထူးသဖြင့် သူမတို့သည် ‘ဟိဂျာဗ်’ ခန္ဓာကိုယ် တစ်ခုလုံးအား လုံခြုံစွာ ဖုံးအုပ်ခြင်းမရှိဘဲ မိမိတို့၏ အလှအပကို ဖော်ထုတ်ပြသကာ သွားလာပါက ဖိသ်နဟ်ပို၍ဖြစ်တတ်သည်။ ဤကိစ္စသည် တစ်ခါတစ်ရံ ‘ဇိနာ’၏ အဆင့်အမျိုးမျိုးဆီသို့ ကျရောက်စေသည်။ ထို့ကြောင့် မုအ်မင်န်တစ်ဦးအနေဖြင့် အလ္လာဟ်အရှင်မြတ်၏အမိန့်ကို စွဲမြဲစွာဆုပ်ကိုင်ထားပြီး အမျိုးသမီးများ၏ဖိသ်နဟ် ပြဿနာများမှုမှ လွတ်မြောက်ရန် အရှင်မြတ်ထံ တောင်းခံနေရမည်ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options

