افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3160[صحيح]
HadeethEnc · 1.34.0

တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က မိန့်တော်မူသည်မှာ - အကယ်၍ အသင်မ ( ဤရောဂါခံစားရမှုအပေါ်မှာ ) သည်းခံဖို့ ဆန္ဒရှိတယ်ဆိုရင် အသင်မအဖို့ ( အာခိရသ်မှာ )ဂျန္နသ် ရရှိမှာဖြစ်တယ်။ အကယ်၍ အသင်မ ဆန္ဒရှိတယ်ဆိုရင် ငါကိုယ်တော် အသင်မအတွက် အလ္လာဟ်အရှင်မြတ်ထံ တော်ပါးမှာ ( အရှင်မြတ်က အသင်မရဲ့ရောဂါကို ) ပျောက်ကင်းမှုပေးဖို့ ဒုအာပြုပေးတော်မူမယ်

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ) က ဆင့်ပြန်ခဲ့သည်။ ၎င်းက( မိမိရဲ့တပည့် ) အသွာအ် ဗင်န် အဗီရဘာဟ်ကို ကျွန်ုပ် အသင့်အား ဂျန္နသီများအနက်မှ အမျိုးသမီးတစ်ဦးကို မပြရဘူးလားဟု မေးရာ၊ ၎င်း(အသွာအ် ဗင်န် အဗီရဘာဟ်)က အဘယ် ကြောင့်မပြရမည်နည်း၊ ပြပါဟု ဖြေကြားခဲ့၏။ ထိုအခါ ၎င်း(အိဗ်နေ အဗ္ဗားစ်) က ပြောကြားသည်မှာ- ဒီအသားမည်းတယ့် အမျိုးသမီးက တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )ထံသို့ လာရောက်ပြီး ဤသို့ လျှောက်ထားတယ်။ ကျွန်မဟာ တက်( ဝက်ရူးပြန် )တယ့် ရောဂါကြောင့် လဲကျသွားရင် ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများ) ပေါ်သွားပါတယ်။ ထို့ကြောင့် ကိုယ်တော့်အနေနဲ့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ကျွန်မအတွက် ( ထိုရောဂါမှ ပျောက်ကင်းစေဖို့ ) ဒုအာပြလုပ်ပေးတော်မူပါ။တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က မိန့်တော်မူသည်မှာ - အကယ်၍ အသင်မ ( ဤရောဂါခံစားရမှုအပေါ်မှာ ) သည်းခံဖို့ ဆန္ဒရှိတယ်ဆိုရင် အသင်မအဖို့ ( အာခိရသ်မှာ )ဂျန္နသ် ရရှိမှာဖြစ်တယ်။ အကယ်၍ အသင်မ ဆန္ဒရှိတယ်ဆိုရင် ငါကိုယ်တော် အသင်မအတွက် အလ္လာဟ်အရှင်မြတ်ထံ တော်ပါးမှာ ( အရှင်မြတ်က အသင်မရဲ့ရောဂါကို ) ပျောက်ကင်းမှုပေးဖို့ ဒုအာပြုပေးတော်မူမယ်။ထိုအခါ သူမက ကျွန်မသည်းခံပါမယ်။ ဒါပေမယ့် ( ထိုရောဂါခံစားရတယ့်အခါမှာ ) ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများ) ပေါ်သွားပါတယ်။ ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများကိုသာ) မပေါ်အောင် ကိုယ်တော် အလ္လာဟ်အရှင်မြတ်ထံ ဒုအာပြုပေးတော်မူပါဟု လျှောက်ထားရာ၊ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က သူမအတွက် ဒုအာပြုပေးတော်မူခဲ့တယ်။
02

Explanation

အိဗ်နု အဗ္ဗားစ်သခင်က ( မိမိရဲ့တပည့် ) အသွာအ် ဗင်န် အဗီရဘာဟ်ကို ကျွန်ုပ် အသင့်အား ဂျန္နသီများအနက်မှ အမျိုးသမီးတစ်ဦးကို မပြရဘူးလားဟု မေးရာ၊ အသွာအ် ဗင်န် အဗီရဘာဟ်က အဘယ် ကြောင့်မပြရမည်နည်း၊ ပြပါဟု ဖြေကြားခဲ့၏။ ထိုအခါ ၎င်း(အိဗ်နေ အဗ္ဗားစ်) က ပြောကြားသည်မှာ- ဒီအသားမည်းတယ့် အမျိုးသမီးက တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )ထံသို့ လာရောက်ပြီး ဤသို့ လျှောက်ထားတယ်။ ကျွန်မမှာ တက်( ဝက်ရူးပြန် )တယ့် ရောဂါရှိတယ်။ ထိုရောဂါခံစားရသည့်အခါ ( လဲကျသွားသည့်အတွက် )ကျွန်မရဲ့ခန္ဓာကိုယ်မှ (အရှက်အင်္ဂါအစိတ်အပိုင်းအချို့) မှာ ပေါ်သွားပါတယ်။ ထိုသို့ဖြစ်ချိန်၌ ကျွန်မတွင် အသိတရားရှိမ‌နေပါ။ ထို့ကြောင့် ကိုယ်တော့်အနေနဲ့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ကျွန်မအတွက် ( ထိုရောဂါမှ ပျောက်ကင်းစေဖို့ ) ဒုအာပြလုပ်ပေးတော်မူပါ။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က မိန့်တော်မူသည်မှာ - အကယ်၍ အသင်မ ( ဤရောဂါခံစားရမှုအပေါ်မှာ ) သည်းခံဖို့ ဆန္ဒရှိတယ်ဆိုရင် အသင်မအဖို့ ( အာခိရသ်မှာ )ဂျန္နသ် ရရှိမှာဖြစ်တယ်။ အကယ်၍ အသင်မ ဆန္ဒရှိတယ်ဆိုရင် ငါကိုယ်တော် အသင်မအတွက် အလ္လာဟ်အရှင်မြတ်ထံ တော်ပါးမှာ ( အရှင်မြတ်က အသင်မရဲ့ရောဂါကို ) ပျောက်ကင်းမှုပေးဖို့ ဒုအာပြုပေးတော်မူမယ်။ သူမက ကျွန်မသည်းခံပ့မယ်ဟု လျှောက်ထားခဲ့၏။ သူမက ဒါဆို ကျွန်မသည်းခံပ့မယ်ဟု လျှောက်ထားခဲ့၏။ ထို့နောက်သူမက ( ထိုရောဂါခံစားရတယ့်အခါမှာ ) ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများ) မပေါ်အောင် ကိုယ်တော် အလ္လာဟ်အရှင်မြတ်ထံ ဒုအာပြုပေးတော်မူပါဟု လျှောက်ထားရာ၊ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က သူမအတွက် ဒုအာပြုပေးတော်မူခဲ့တယ်။
03

Benefits

ဒွန်ယာလောက၌ ( အရှင်မြတ်၏ ) စမ်းသပ်မှုအပေါ် သည်းခံခြင်းသည် ( နောင်တမလွန်ဘဝတွင် ) ဂျန္နသ်သုခဘုံကို စံစားရရှိစေသည်။
အိမာမ် နဝဝီက ဆိုသည်မှာ- ဤဟဒီးဆ်တော်တွင် တက်သည့်ရောဂါ( ဝက်ရူးပြန်ရောဂါ ) ခံစားရသူသည် ( ထိုရောဂါခံစားရမှုအ‌ပေါ် )အပြည့်အဝ စဝါးဗ်ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
စွဟာဗဟ်သာဝကကြီးများ၏ ဇနီးမယားတို့၏ သိက္ခာတည်ကြည်မှုနှင့် ရှက်တတ်မှု၊ သူမတို့၏( ကိုယ်ခန္ဓာအလှတရားကို )ဖုံးကွယ်လိုသည့် မက်ဆန္ဒ။ (ရဿွိယလ္လာဟု အန်ဟွန်းန ) ထို(ဝက်ရူးပြန်ရောဂါခံစားနေရသည့် )အမျိုးသမီးသည် မိမိ၏ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်စုံတစ်ရာ ပေါ်လွင်ထင်ရှားမှာကို အလွန်စိုးရိမ်ကြောက်ရွံ့နေခဲ့သည်။
အိဗ်နု ဟဂျရ်သခင်က ဆိုသည်မှာ- မိမိကိုယ်ကို စွမ်းဆောင်နိုင်စွမ်းရှိသည်ဟု သိရှိပြီး ခက်ခဲမှုကို ကျင့်သုံးရန် အားနည်းမှုမရှိသူအတွက် ရုခ်စွတ်သ် ( ခွင့်ပြုမိန့်ထက် ) ရှိဒ်ဒသ် ( ခက်ခဲတင်းကျပ်သည့်အမိန့် ) ကိုကျင့်သုံးခြင်းသည် ပိုမိုကောင်းမွန်သည်။
အိဗ်နု ဟဂျရ်သခင်ကဆိုသည်မှာ- ဤဟဒီးဆ်တွင် ဆေးဝါးများထက် ဒုအာပြုခြင်းနှင့် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခြင်းသည် ရောဂါအားလုံးအတွက် ပိုမိုထိရောက်ပြီး အကျိုးရှိသော ကုသမှုဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ခြင်း၏ ကိုယ်ခန္ဓာအပေါ် သက်ရောက်မှုနှင့် တုံ့ပြန်မှုသည် ရုပ်ပိုင်းဆိုင်ရာဆေးဝါးများ၏ သက်ရောက်မှုထက် ပိုမိုကြီးမားကြောင်း ဖော်ပြသည်။ သို့ရာတွင် ၎င်းသည် အကြောင်းနှစ်ရပ်ကြောင့်သာ အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ ၁။လူနာ၏ဘက်မှ - ရည်ရွယ်ချက်မှန်ကန်မှု ၂။ကုသပေးသူ၏ဘက်မှ - စိတ်အာရုံစူးရှမှုအား‌ ကောင်းခြင်း၊ အလ္လာဟ်အရှင်မြတ်အပေါ်ယုံကြည်ကိုးစားခြင်းနှင့် သက္ကဝါတရားထားရှိခြင်းတို့ဖြင့်မိမိ၏စိတ်နှလုံးသားကို ခိုင်မာစေသူ။
အိဗ်နုဟဂျရ်သခင်က ဆိုသည်မှာ- ဤဟဒီးဆ်တွင် ကုသမှုခံယူခြင်းကို စွန့်လွှတ်ခွင့်ပြုထားကြောင်း အထောက်အထားရှိသည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...