HadeethEnc · 1.34.0
ငါကိုယ်တော်၏အွမ္မသ်ထဲမှ အုပ်စုတစ်စုသည် အမြဲတမ်း လွှမ်းမိုးအောင်ပွဲခံပြီး (အမှန်တရားပေါ်တွင်) တည်မြဲနေပေလိမ့်မည်။ နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော် (ကိယာမသ်နေ့) သူတို့ထံ ရောက်ရှိလာသည်အထိ ၎င်းတို့သည် ထိုအခြေအနေ (ထင်ရှားလွှမ်းမိုးပြီး အောင်ပွဲခံသည့်အနေအထား)ပေါ်တွင်သာ ရှိနေကြလိမ့်မည်။
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
မုဂီရဟ် ဗင်န် ရှိုအ်ဗဟ်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - "ငါကိုယ်တော်၏အွမ္မသ်ထဲမှ အုပ်စုတစ်စုသည် အမြဲတမ်း လွှမ်းမိုးအောင်ပွဲခံပြီး (အမှန်တရားပေါ်တွင်) တည်မြဲနေပေလိမ့်မည်။ နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော် (ကိယာမသ်နေ့) သူတို့ထံ ရောက်ရှိလာသည်အထိ ၎င်းတို့သည် ထိုအခြေအနေ (ထင်ရှားလွှမ်းမိုးပြီး အောင်ပွဲခံသည့်အနေအထား)ပေါ်တွင်သာ ရှိနေကြလိမ့်မည်။
02
Explanation
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ — ငါ၏နောက်လိုက်အွမ္မသ်သားများထဲမှ အုပ်စုတစ်စုသည် လူသားများအပေါ် လွှမ်းမိုးအောင်မြင်လျက်၊ မိမိတို့ကို ဆန့်ကျင်သူများကို အနိုင်ယူလျက် ရှိနေဦးမည်ဖြစ်သည်။ ဤအခြေအနေသည် ကိယာမသ်မတိုင်မီ ဒွန်ယာ လောက၏နောက်ဆုံးသောအချိန်ကာလ၌ ထိုအုပ်စု၏ အသက်ဝိညာဉ်များကို နှုတ်သိမ်းရန် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် မကျရောက်မချင်း ဆက်လက်တည်ရှိမည်။
03
Benefits
ဤသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ထင်ရှားသောမုအ်ဂျိဇဟ်တစ်ခုပင်ဖြစ်သည်။ အကြောင်းမှာ ဤဖော်ပြချက်သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ခေတ်ကာလမှ စ၍ ယနေ့တိုင်တည်ရှိနေပြီး ဟဒီးစ်တော်ပါ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် ရောက်ရှိလာသည်အထိ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
အမှန်တရားပေါ်၌ စွဲမြဲစွာရပ်တည်ခြင်းနှင့် လိုက်နာကျင့်သုံးခြင်း၏ အကျိုးကျေးဇူးနှင့် ၎င်းကို တိုက်တွန်းထားခြင်း။
ဒီန် (အစ္စလာမ်သာသနာ) ၏ လွမ်းမိုးထင်ရှားအောင်ပွဲဆင်ခြင်းသည် နှစ်မျိုးရှိသည်- (၁) အထောက်အထား၊ ရှင်းလင်းချက်နှင့် ထင်ရှား ပေါ်လွင်မှုဖြင့် လွမ်းမိုးထင်ရှားအောင်ပွဲဆင်ခြင်း၊ (၂) အင်အားနှင့် လက်နက်စွမ်းအားဖြင့် လွမ်းမိုးထင်ရှားအောင်ပွဲဆင်ခြင်း။ အထောက်အထားနှင့် ရှင်းလင်းချက်ဖြင့် လွမ်းမိုးထင်ရှားအောင်ပွဲဆင်ခြင်းမှာ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ အကြောင်းမှာ အစ္စလာမ်၏ အခိုင်မာဆုံး သက်သေအထောက်အထားမှာ ကုရ်အာန်ကျမ်းတော်မြတ်ဖြစ်ပြီး ၎င်းသည် ထင်ရှားပေါ်လွင်ကာ အခြားအရာအားလုံးအပေါ် လွှမ်းမိုးအုပ်မိုးလျက်ရှိသည်။ သို့သော် ဒုတိယအမျိုးအစားဖြစ်သော အင်အားနှင့် လက်နက်စွမ်းအားဖြင့် လွမ်းမိုးထင်ရှားအောင်ပွဲဆင်ခြင်းမှာ အီမာန်ယုံကြည်ခြင်းနှင့် ကမ္ဘာမြေပေါ်တွင် အာဏာတည်မြဲခိုင်မာခြင်းအပေါ် မူတည်သည်။

Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares