မူးယစ်စေသောအရာအားလုံးသည် ဟရာမ်ဖြစ်သည်။
အဘူဗွရ်ဒဟ်သည် ၎င်း၏ ဖခင် အဘူမူစာ အရှ်အရီ ( ရဿွိယလ္လာဟု အန်ဟု ) ထံမှဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ၎င်းအား ယီမင်နိုင်ငံသို့ စေလွှတ်တော်မူခဲ့တယ်။ ထိုအခါ ၎င်းက တမန်တော်မြတ်အား ထိုယီမင်နိုင်ငံတွင် ပြုလုပ်တယ့် သောက်သုံးစရာများနဲ့ပတ်သတ်ပြီး မေးမြ…

