'အာလင်မ်သာသနာ့ပညာရှင်၏ အီဗာဒသ်ပြုသူထက် သာလွန်မြင့်မြတ်မှုသည်၊ အသင်တို့အနက်မှ အနိမ့်ဆုံးလူထက် ငါကိုယ်တော်၏ သာလွန်မြင့်မြတ်မှု ကဲ့သို့ဖြစ်၏
အဗူအုမာမဟ် အလ်ဗာဟိလီ (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောပြခဲ့သည် " အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ လူနှစ်ဦးအကြောင်း ဖော်ပြခဲ့ကြသည်။ တစ်ဦးမှာ အီဗာဒသ်တရားအားထုတ်သူ ဖြစ်၍ အခြားတစ်ဦးမှာ အာလင်မ်သာသနာ့ပညာရှင်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အ…

