افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#6203[صحيح]
HadeethEnc · 1.34.0

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်း၏နောက်တွင် ထိုကလိမဟ်တော်များကို ရွတ်ဆိုခဲ့သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဇုဗိုင်းရ်က ဆင့်ပြန်ခဲ့သည်။ အစ်ဗ်နုဇုဗိုင်းရ် (ရဿွိယလ္လာဟုအန်ဟု)သည် စလာမ်လှည့်ပြီးသည့်အခါ ဆွလာသ်တိုင်း၏နောက်တွင် ဤသို့ရွတ်ဆိုလေ့ရှိသည်။ «لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ، لَا إِلَهَ إِلَّا اللهُ، وَلَا نَعْبُدُ إِلَّا إِيَّاهُ، لَهُ النِّعْمَةُ وَلَهُ الْفَضْلُ وَلَهُ الثَّنَاءُ الْحَسَنُ، لَا إِلَهَ إِلَّا اللهُ مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الْكَافِرُونَ» အဓိပ္ပာယ်။ အလ္လာဟ်အရှင်မြတ်သည် အတုမဲ့အနှိုင်းမဲ့၍ ဆည်းကပ်ကိုးကွယ်မှုအပေါင်းကို ခံထိုက်တော်မူသောအရှင်ဖြစ်၏။ စိုးပိုင်ခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်၏။ ချီးမွမ်းထောမနာခြင်းဟူသမျှသည်လည်း ထိုအရှင်မြတ်အဖို့သာဖြစ်၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းအလုံးစုံကို စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်သည်။ မကောင်းမှုမှ ရှောင်ကြဉ်နိုင်ခြင်းနှင့် ကောင်းမှုများ ပြုကျင့်နိုင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားပေးသနားတော်မူခြင်းကြောင့်သာ ဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်မှအပ မှန်ကန်သည့် ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိ။ ၎င်းအပြင် ကျွန်တော်မျိုးတို့သည် ထိုအရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။ နိအ်မသ် စည်းစိမ်အပေါင်းနှင့် ကျေးဇူးတရားအဖြာဖြာတို့သည် ထိုအရှင်မြတ်ထံတော်ပါးမှသာလျှင် ဖြစ်တော်မူသည်။ ချီးမွမ်းထောမနာပြုခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်၏။ အလ္လာဟ်အရှင်မြတ်မှအပ မှန်ကန်သည့် ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိ။ ကာဖိရ်များ မနှစ်သက်ကြစေကာမူ ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်အား အိခ်လာဆွ်ဖြင့် ခဝပ်ကိုးကွယ်ပါ၏။ ထို့နောက် ၎င်းကပြောပြသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်း၏နောက်တွင် ထိုကလိမဟ်တော်များကို ရွတ်ဆိုခဲ့သည်။
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿ်ွဆွလာသ်တိုင်း၌ စလာမ်လှည့်ပြီးသောအခါ ကြီးကျယ်မြင့်မြတ်လှသည့် ဤဇိက်ရ်တော်ကို ရွတ်ဆိုလေ့ရှိသည်။ ယင်းဇိက်ရ်တော်၏အဓိပ္ပာယ်မှာ

"لا إله إلا الله" အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိ။

"وحده لا شريك له" အလ္လာဟ်အရှင်မြတ်သည် ခဝပ်ကိုးကွယ်မှုကို ခံထိုက်ခြင်း၌လည်းကောင်း၊ အရာခပ်သိမ်းကိုဖန်ဆင်းမွေးမြူး ထိန်းသိမ်းစောင့်ရှောက်ခြင်း၌လည်းကောင်း၊ အရှင်မြတ်၏ ဂုဏ်တော်၊ နာမတော်များကို ပိုင်ဆိုင်ရာတွင်လည်းကောင်း အရှင်မြတ်နှင့်အတူ ဖက်စပ်ပါဝင်သူဟူ၍မရှိ။

"له الملك" အလွန်ပင်ပြည့်ဝစုံလင်၍ အကန့်အသတ်မရှိသော စိုးပိုင်မှုအာဏာ၊ မိုးကောင်းကင်များနှင့် မြေပထဝီနှင့် ၎င်းတို့ကြားရှိ အရာခပ်သိမ်း၏ စိုးမိုးအုပ်ချုပ်မှုအာဏာသည် အရှင်မြတ်အဖို့သာဖြစ်သည်။

"وله الحمد" ထိုအရှင်မြတ်သည် ပြီးပြည့်စုံတော်မူသောအရှင်ဖြစ်ပြီးတော်မူသည်။ ချောင်လည်သည့်အခါတွင်ဖြစ်စေ၊ ခက်ခဲသည့်အခါတွင်ဖြစ်စေ အခြေအနေတိုင်း၌ ပြည့်ဝသည့် ချစ်ခင်မြတ်နိုးမှု၊ ဂုဏ်ပေးလေးစားမှုတို့နှင့်တကွ ချီးမွမ်းခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင်ဖြစ်သည်။

"وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" ထိုအရှင်မြတ်၏ စွမ်းဆောင်နိုင်မှုသည် အဘက်ဘက်မှ ပြည့်ဝစုံလင်တော်မူသည်။ မည်သည့်အရာကမျှ ထိုအရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် မပြုလုပ်နိုင်‌ချေ။ ထို့အတူ မည်သည့်အရေးကိစ္စကမျှ ထိုအရှင်မြတ်အား တားဆီးပိတ်ပင်နိုင်သည်ဟူ၍မရှိပါ။

"لا حول ولا قوة إلا بالله" အခြေအနေတစ်ခုမှ အခြားအခြေအနေတစ်ခုသို့ ပြောင်းလဲခြင်း၊ အလ္လာဟ်အရှင်မြတ်၏အမိန့်ဖီဆန်ခြင်းမှ အရှင်မြတ်၏ အမိန့်နာခံခြင်းဘက်သို့ ပြောင်းလဲခြင်းသည် အလ္လာဟ်အရှင်မြတ်ချီးမြှင့်မှသာ ဖြစ်နိုင်ပါသည်။ ထိုအရှင်မြတ်သည်သာ အကူအညီစောင်မတော်မူသောအရှင်၊ အားကိုးအားထားရာအရှင်ဖြစ်တော်မူသည်။

"لا إله إلا الله، ولا نعبد إلا إياه" အလ္လာဟ်အရှင်မြတ်သာလျှင် ခဝပ်ကိုးကွယ်မှုကို ခံထိုက်သည့်အရှင်ဖြစ်ကြောင်း အလေးအနက်ထား ဖော်ပြထားပြီး ရှိရ်က်တုဖက်နှိုင်းယှဥ်ခြင်းကို ပယ်ဖျက်ထားသည်။ အရှင်မြတ်မှအပ မည်သူမျှ ခဝပ်ကိုးကွယ်မှုကို ခံထိုက်ခြင်းမရှိ။

"له النعمة وله الفضل" ထိုအရှင်မြတ်သည် နိအ်မသ် စည်းစိမ်အားလုံးကို ဖန်ဆင်းတော်မူသောအရှင်၊ ၎င်းတို့ကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်သည်။ ထိုအရှင်မြတ်သည် မိမိ၏ကျေးကျွန်များအနက် မိမိအလိုရှိသူအား ထိုနိအ်မသ်များဖြင့် ကျေးဇူးပြုတော်မူသည်။

" وله الثناء الحسن "ချီးမွမ်းထောမနာပြုခြင်းဟူသမျှသည် အခြေအနေတိုင်းတွင် အရှင်မြတ်၏ ဇာသ်တော်၊ ဂုဏ်တော်များ၊ လုပ်ရပ်များ၊ စည်းစိမ်များအားလုံး အတွက်သာဖြစ်၏။

"لا إله إلا الله، مخلصين له الدين" အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ပြီး ပြစားမှု၊ ကျော်ကြားလိုမှု မပါဘဲ အရှင်မြတ်၏အမိန့်ကို နာခံပါ၏။

"ولو كره الكافرون" ကာဖိရ်များ မနှစ်သက်ကြစေကာမူ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းအပေါ် မြဲမြံစွာရပ်တည်‌နေပါသည်။
03

Benefits

ဖရ်ဿွ် ဆွလာသ်ပြီးတိုင်း ဤဇိက်ရ်တော်ကို စွဲစွဲမြဲမြဲဖတ်ရွတ်ခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
ကာဖိရ်များ မနှစ်သက်ကြလျှင်လည်း မွတ်စ်လင်မ်သည် မိမိ၏သာသနာဖြင့် ဂုဏ်ယူပြီး သာသနာတော်၏ အထိမ်းအမှတ်များကို ထုတ်ဖော်နေရမည်။
ဟဒီးဆ်တော်၌ “ဆွလာသ်၏နောက်တွင်” ဟူသော အသုံးအနှုန်းဖြင့် ဇိက်ရ်တစ်ခုကို ဖော်ပြထားလျှင် ဤသည်စလာမ်လှည့်ပြီးနောက် ရွတ်ဆိုရန် ဆိုလိုခြင်းဖြစ်ပြီး၊ ဒုအာတစ်ခုကို ဖော်ပြထားလျှင် ဤသည်ဆွလာသ်အတွင်း၌ စလာမ်မလှည့်မီ တောင်းဆုပြုရန် ဆိုလိုခြင်းဖြစ်သည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...