افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3103[صحيح]
HadeethEnc · 1.34.0

“အလ္လာဟွမ်မ အင်န်နီး အအူးဇုဗိက မင်န်အဇာဗိ ဂျဟန္နမ်မ၊ ဝမင်န်အဇာဗိလ် ကဗရိ၊ ဝမင်န် ဖိသ်နသိလ် မဟ်ယာ ဝလ်မမာသိ ဝမင်န် ဖိသ်နသိလ် မစီးဟိဒ်ဒဂျာလ်“ (အဓိပ္ပါယ် အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဂျဟန္နမ်၏ ပြစ်ဒဏ်မှ လည်း ကောင်း၊ ကဗရ်သင်္ချိုင်း၏ ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေစဉ် ကြုံ တွေ့ရမည့် ဘေးအန္တရာယ်များနှင့် သေခြင်း၌ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များမှလည်းကောင်း၊

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤဒုအာကို တောင်းခံလေ့ရှိတော်မူသည်။ “အလ္လာဟွမ်မ အင်န်နီး အအူးဇုဗိက မင်န်အဇာဗိ ဂျဟန္နမ်မ၊ ဝမင်န်အဇာဗိလ် ကဗရိ၊ ဝမင်န် ဖိသ်နသိလ် မဟ်ယာ ဝလ်မမာသိ ဝမင်န် ဖိသ်နသိလ် မစီးဟိဒ်ဒဂျာလ်“ (အဓိပ္ပါယ် အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဂျဟန္နမ်၏ ပြစ်ဒဏ်မှ လည်း ကောင်း၊ ကဗရ်သင်္ချိုင်း၏ ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေစဉ် ကြုံ တွေ့ရမည့် ဘေးအန္တရာယ်များနှင့် သေခြင်း၌ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များမှလည်းကောင်း၊ ဒဂ်ျဂျာလ်၏ အန္တရာယ်မှလည်းကောင်း ကင်းဝေးရန် အရှင်မြတ်ထံတော်ပါး၌ ခိုလှုံပါ၏။) မွတ်စ်လင်မ်ကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ- သင်တို့အနက် တစ်ဦးတစ်ယောက်သည် နောက်ဆုံး “သရှဟ္ဟုဒ်” ပြီးဆုံးသွားသည့်အခါ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဂျဟန္နမ်ငရဲ၏ ပြစ်ဒဏ်မှလည်းကောင်း၊ ကဗရ်၏ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေချိန်နှင့် ကွယ်လွန်ချိန်တွင် ကြုံတွေ့ရမည့် ဖိသ်နဟ် စမ်းသပ်မှုများမှလည်းကောင်း၊ ဒဂ်ျဂျာလ်၏ ဖိသ်နဟ် စမ်းသပ်မှုမှလည်းကောင်း ခိုလှုံခွင့်တောင်းခံပါ။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နောက်ဆုံး သရှဟ္ဟုဒ်ဖတ်ပြီးနောက် စလာမ်မလှည့်မီ အရာလေးခုကို အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံခွင့်တောင်းခံလေ့ရှိသည်။ ထို့ပြင် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့အား ထိုအရာလေးခုမှ အလ္လာဟ်အ ရှင်မြတ်ထံတော်တွင် ခိုလှုံခွင့်တောင်းခံကြရန် မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့မှာ-

ပထမ ။ ။ ကဗရ်၏အဇာဗ်ပြစ်ဒဏ်မှခိုလှုံခွင့်တောင်းခံရန်။

ဒုတိယ။ ။ ကိယာမသ်နေ့၌ ငရဲမီး၏ အဇာဗ်ပြစ်ဒဏ်မှခိုလှုံခွင့်တောင်းခံရန်။

တတိယ။ ။ အသက်ရှင်နေစဉ် ကြုံတွေ့ရမည့် ဖိသ်နဟ် စမ်းသပ်မှုများဖြစ်သော ဟရာမ် တားမြစ်ထားသော လောကီအလိုရမ္မက်များနှင့် လမ်းမှားစေမည့် ဒွိဟသံသယများမှလည်းကောင်း၊ သေဆုံးချိန်တွင် ကြုံတွေ့ရမည့်ဖိသ်နဟ် စမ်းသပ်မှုများဖြစ်သော သေဆုံးခါနီးအချိန်တွင် အစ္စလာမ်သာသ နာ သို့မဟုတ် စွန္နသ်လမ်းစဥ်မှ တိမ်းချော်သွားခြင်းမှလည်းကောင်း၊ ကောင်း ကင်တမန်နှစ်ပါး၏ မေးမြန်းခြင်းကဲ့သို့ ကဗရ်သင်္ချိုင်း၏ စမ်းသပ်မှုများမှလည်းကောင်း ခိုလှုံခွင့်တောင်းခံရန်။

စတုတ္ထ။ ။ နောက်ဆုံးအချိန်ကာလတွင် ထွက်ပေါ်လာမည့် မစီးဟ် ဒဂျ်ဂျာလ်၏ ဖိသ်နဟ် စမ်းသပ်မှုမှလည်းကောင်း ခိုလှုံရန်ဖြစ်သည်။ အလ္လာအရှင်မြတ်သည်၎င်းကိုအကြောင်းပြု၍မိမိ၏ ဗန္ဒဟ်ကျေးကျွန်တို့အား စမ်းသပ်တော်မူမည်ဖြစ်သည်။ ဒဂ်ျဂျာလ်အကြောင်း သီးသန့် တင်ပြထားခြင်းမှာ ၎င်း၏အန္တရာယ်နှင့် လမ်းမှားစေခြင်းတို့မှာကြီးမားသည့်အတွက်ကြောင့်ဖြစ်သည်။
03

Benefits

ဤဒုအာတွင် လောကီ၊ လောကုတ္တရာ နှစ်ဌာနစလုံး၏ မကောင်းမှုများမှ ခိုလှုံမှုတောင်းခံခြင်း ပါဝင်သည့်အတွက် ဤဒုအာသည် ပြည့်စုံပြီး အလွန်အရေးပါသည့် ဒုအာဆုမွန်များတွင် ပါဝင်သည်။
ကဗရ်အဇာဗ်ကို အတည်ပြုထားသည်။ ကဗရ်အဇာဗ်သည် အမှန်တကယ်ပင်ဖြစ်သည်။
ဖိသ်နဟ် စမ်းသပ်မှုများ၏ အန္တရာယ်နှင့် ၎င်းတို့မှ လွတ်မြောက်ရန်အတွက် ဒုအာဆုမွန် တောင်းခံရန်နှင့် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကူအညီတောင်းခံရန် အရေးကြီးကြောင်း တင်ပြထားသည်။
ဒဂျ်ဂျာလ် ထွက်ပေါ်မည့်အကြောင်း အတည်ပြုထားပြီး ၎င်း၏ ဖိသ်နဟ် စမ်းသပ်မှုသည် ကြီးကျယ်ကြောင်း တင်ပြထားသည်။
နောက်ဆုံးသရှဟ္ဟုဒ် ဖတ်ပြီးနောက် ဤဒုအာကို တောင်းခံခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
ကောင်းမှုပြုပြီးနောက် ဒုအာဆုမွန်တောင်းခြင်း မွတ်စ်သဟဗ်ဖြစ်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...