နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] {အလ္လာဟ်အရှင်မြတ်၏ကူညီမှုနှင့် အောင်နိုင်မှု ရောက်ရှိလာသောအခါ} [အလ်-နဆ်ရ်: ၁] အာယသ် ကျရောက်ပြီးနောက် မည်သည့်ဆွလာသ်ကိုမဆို ဝတ်ပြုတော်မူသည့်အခါတိုင်း ထိုဆွလာသ်အတွင်း၌ ဤဒုအာ «سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي» ကို ရွတ်ဖတ်တော်မူခဲ့သည်
Choose an available translation of this Hadeeth
Hadeeth text
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)မှ ဆင့်ပြန်လာရှိသည်။ သခင်မက ပြောပြခဲ့သည်။ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] {အလ္လာဟ်အရှင်မြတ်၏ကူညီမှုနှင့် အောင်နိုင်မှု ရောက်ရှိလာသောအခါ} [အလ်-နဆ်ရ်: ၁] အာယသ် ကျရောက်ပြီးနောက် မည်သည့်ဆွလာသ်ကိုမဆို ဝတ်ပြုတော်မူသည့်အခါတိုင်း ထိုဆွလာသ်အတွင်း၌ ဤဒုအာ «سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي» ကို ရွတ်ဖတ်တော်မူခဲ့သည်။ အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ထံမှပင် ဆင့်ပြန်လာရှိသည်။ သခင်မက ပြောပြခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ ရူကူအ်ဦးညွှတ်ခြင်းနှင့် စဂျ်ဒဟ်ဦးချခြင်းတို့၌ ဤဒိုအာ «سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي» ကို များမြောင်စွာ ရွတ်ဖတ် တော်မူလေ့ရှိသည်။
(အဓိပ္ပာယ် : အို- ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ချို့တဲ့ခြင်းဟူသမျှမှ စင်ကြယ်တော်မူ၏။ ထို့ပြင် အရှင်၏ဂုဏ်ကျေးဇူးတော်များဖြင့် အရှင့်အား ချီးမွမ်းပါ၏။ အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) ဤသည် ကျမ်းတော်မြတ်ကို လိုက်နာကျင့်သုံးသည့်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
Explanation
Benefits
၂။ ဘဝနိဂုံးပိုင်းတွင် အစ်သစ်ဂ်ဖာရ် ပြုလုပ်ရခြင်း၏ လျှို့ဝှက်ချက်မှာ ဝတ်ပြုကိုးကွယ်မှုများ (အထူးသဖြင့် ဆွလာသ်ဝတ်ပြုမှု) ကိုလည်း အစ်သစ်ဂ်ဖာရ် (အပြစ်များမှ လွှတ်ငြိမ်းချမ်းသာခွင့် တောင်းခံခြင်း) ဖြင့် နိဂုံးချုပ်သင့်ကြောင်း သတိပေးထားခြင်း ဖြစ်သည်။ ယင်းသို့ဖြင့် ဝတ်ပြုကိုးကွယ်မှုအတွင်း ဖြစ်ပေါ်လာသော ချို့တဲ့မှုများကို ဖြည့်စွက်နိုင်မည်ဖြစ်သည်။
၃။ ဒိုအာလက်ခံခြင်းခံရရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ချဉ်းကပ်ရန် အကောင်းဆုံးနည်းလမ်းမှာ အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်း၊ အရှင်မြတ်အား သန့်ရှင်းစင်ကြယ်ကြောင်း မြွက်ဆိုခြင်းနှင့် အရှင်မြတ်သည် ချို့တဲ့မှုဟူသမျှမှ သန့်ရှင်းစင်ကြယ်ကြောင်းတို့ကို ထုတ်ဖော်ပြောဆိုခြင်းတို့ ဖြစ်သည်။
၄။ အစ်သစ်ဂ်ဖာရ်(အပြစ်များမှ လွှတ်ငြိမ်းချမ်းသာခွင့် တောင်းခံခြင်း)၏ အကျိုးကျေးဇူးနှင့် အခြေအနေတိုင်း၌ မဂ်ဖိရသ်လွှတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံခြင်း။
၅။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်ပီသမှုနှင့် အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာဆောင်ရွက်ရာတွင် အထွတ်အထိပ်အဆင့်တွင် ရှိခဲ့ခြင်း။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

