( اَللّٰهُمَّ بَاعِدْ بَيْنِيْ وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်၌ သက္ကဗီရ်သဟ်ရီမဟ် ဆိုပြီးနောက် ကိရာအသ်ရွတ်ဖတ်မှု မပြုမီ ခေတ်တမျှတိတ်ဆိတ်စွာ နေတော်မူသည်။ ထို့ကြောင့် ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုး၏ ဖခင်နှင့် မိခင်ကို ကိုယ်တော့်အပေါ် စွန့်လှူပါသည်။ ကိုယ်တော်သည် သက္ကဗီရ်နှင့် ကိရာအသ်ကြားတွင် တိတ်ဆိတ်စွာနတော်မူစဉ် အဘယ်အရာကို ရွတ်ဖတ်တော်မူပါသနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ငါကိုယ်တော် ဤသို့ရွတ်ဖတ်တော်မူသည်ဟု မိန့်ကြားတော်မူသည်။
( اَللّٰهُمَّ بَاعِدْ بَيْنِيْ وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ، اَللّٰهُمَّ نَقِّنِيْ مِنْ خَطَايَايَ كَمَا يُنَقَّى الثَّوْبُ الْأََبْيَضُ مِنَ الدَّنَسِ، اَللّٰهُمَّ اغْسِلْنِيْ مِنْ خَطَايَايَ بِالثَّلْجِ وَالْمَاءِ وَالْبَرَدِ )
(အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်က အရှေ့အရပ်နှင့် အနောက်အရပ်အား ကွာလှမ်းစေသကဲ့သို့ ကျွန်တော်မျိုး၏ အပြစ်များကို ကျွန်တော်မျိုးနှင့် ဝေးကွာစေတော်မူပါ။ အို အလ္လာဟ်အရှင်မြတ်၊ ဖြူစင်သောအဝတ်အထည်မှ အညစ်အကြေးများကို ကောင်းမွန်စွာ လျှော်ဖွတ်ခြင်းကြောင့် အညစ်အကြေးများမှ ကင်းစင်စေသကဲ့သို့ ကျွန်တော်မျိုး၏ အပြစ်များကို ကင်းစင်စေတော်မူပါ။ အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်များကို ဆီးနှင်းရေဖြင့်လည်းကောင်း၊ ရေဖြင့်လည်းကောင်း၊ မိုးသီးရေဖြင့်လည်းကောင်း ဆေးကြောသန့်စင်စေတော်မူပါ။)
Explanation
Benefits
စွဟာဗဟ်(ရဿွိရလ္လာဟုအန်ဟုမ်)တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ လှုပ်ရှားမှု၊ ငြိမ်သက်နေမှု အခြေအနေတိုင်းကို သိလိုစိတ် ပြင်းပြကြသည်။
အဖွင့်ဆုမွန်ဒုအာအတွက် အခြားဒုအာများလည်း ရှိသည်။ အကောင်းဆုံးမှာ လူတစ်ဦးအနေဖြင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ မှန်ကန်ခိုင်လုံစွာ အတည်ဖြစ်ထားသော အဖွင့်ဆုမွန်ဒုအာများအားလုံးကို တစ်လှည့်စီ ရွတ်ဖတ်သင့်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

