افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3566[صحيح]
HadeethEnc · 1.34.0

- "အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေနပ်နှစ်မြို့မှုဖြင့် အရှင်မြတ်၏ အမျက်ဒေါသမှ ခိုလှုံခွင့်တောင်းခံပါ၏။ အရှင်မြတ်၏ ခွင့်လွှတ်ခြင်းဖြင့် အရှင်မြတ်၏ ပြစ်ဒဏ်မှ ခိုလှုံခွင့်တောင်းခံပါ၏။ အရှင်မြတ်ထံ အရှင်မြတ်(၏ ပြင်းထန်မှု)မှ ခိုလှုံခွင့်တောင်းခံပါ၏။ (အိုအလ္လာဟ်အရှင်) ကျွန်တော်မျိုးသည် အရှင်မြတ်အား အရှင်မြတ်ကိုယ်တော်တိုင် မိမိကိုယ်ကို ချီးမွမ်းထားသကဲ့သို့ဂုဏ်တင်ပြီးမြောက်အောင် ချီးမွမ်းနိုင်စွမ်းမရှိပါ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ဆင့်ပြန်ထား‌သော ဟဒီးဆ်တော်တွင်လာရှိထားသည်။ သူမကပြောပြသည်မှာ- တစ်ညတွင် ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား အိပ်ရာပေါ်၌ မတွေ့ရသဖြင့် ရှာဖွေခဲ့ရာ ကျွန်မ၏လက်သည် ကိုယ်တော်မြတ်၏ ခြေဖဝါးနှစ်ဖက်ကို ထိတွေ့မိခဲ့ပြီး၊ ကိုယ်တော်သည် ဗလီဝတ်ကျောင်းတော်အတွင်း (စဂျ်ဒဟ်အနေအထားဖြင့်) ရှိနေပြီး၊ ကိုယ်တော်၏ ခြေနှစ်ဖက်မှာ ထောင်လျက်ရှိနေခဲ့သည်။ ကိုယ်တော်သည် ဤသို့ ဒုအာပြုလျက်ရှိနေသည်ကို တွေ့ရ၏- "အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေနပ်နှစ်မြို့မှုဖြင့် အရှင်မြတ်၏ အမျက်ဒေါသမှ ခိုလှုံခွင့်တောင်းခံပါ၏။ အရှင်မြတ်၏ ခွင့်လွှတ်ခြင်းဖြင့် အရှင်မြတ်၏ ပြစ်ဒဏ်မှ ခိုလှုံခွင့်တောင်းခံပါ၏။ အရှင်မြတ်ထံ အရှင်မြတ်(၏ ပြင်းထန်မှု)မှ ခိုလှုံခွင့်တောင်းခံပါ၏။ (အိုအလ္လာဟ်အရှင်) ကျွန်တော်မျိုးသည် အရှင်မြတ်အား အရှင်မြတ်ကိုယ်တော်တိုင် မိမိကိုယ်ကို ချီးမွမ်းထားသကဲ့သို့ဂုဏ်တင်ပြီးမြောက်အောင် ချီးမွမ်းနိုင်စွမ်းမရှိပါ။"
02

Explanation

အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) ပြောပြသည်မှာ- ကျွန်မသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ဘေးတွင် အိပ်ပျော်နေခဲ့သည်။ ညအချိန်၌ ကိုယ်တော့်အား မတွေ့ရသဖြင့် ရှာဖွေခဲ့ရာ ကျွန်မသည် လက်ဖြင့် အခန်းအတွင်း (တမန်တော်မြတ် ဆွလာသ်ဝတ်ပြုလေ့ရှိသော) နေရာကို စမ်းခဲ့ရာ ကိုယ်တော်သည် စဂ်ျဒဟ်ဦးချ‌နေသည့်အနေအထားတွင် ရှိနေပြီး ကိုယ်တော်၏ခြေနှစ်ဖက်မှာ ထောင်လျက်ရှိနေသည်ကို တွေ့ခဲ့ရသည်။ ထိုအချိန်၌ ကိုယ်တော်သည် (ဤသို့) ဒုအာဆုတောင်းလျက်ရှိနေသည်- "

"(အိုအလ္လာဟ်အရှင်မြတ်) ကျွန်‌ တော်မျိုးသည် အရှင်မြတ်၏ ကျေနပ်နှစ်မြို့မှုကို အားကိုးလျက် အရှင်မြတ်၏ အမျက်ဒေါသမှ (ကျွန်‌ တော်မျိုးအပေါ်၌သော်လည်းကောင်း၊ ကျွန်‌တော်မျိုး၏အွမ္မသ်နောက်လိုက်သားများအပေါ် ၌ လည်းကောင်း သက်ရောက်ခြင်းမှ) ခိုလှုံခွင့်တောင်းခံပါ၏။ ၎င်းပြင် ကျွန်‌တော်မျိုးသည် အရှင်မြတ်၏ (များပြားလှသော) ခွင့်လွှတ်ခြင်းကို အားကိုးလျက် အရှင်မြတ်၏ ပြစ်ဒဏ်မှ ခိုလှုံခွင့်တောင်းခံပါ၏။ ၎င်းပြင် ကျွန်‌တော်မျိုးသည် အရှင်မြတ်ထံ အရှင်မြတ်မှပင် ခိုလှုံခွင့်တောင်းခံပါ၏။" တစ်နည်း - အရှင်မြတ်၏ သနားကြင်နာမှုနှင့် ကရုဏာတော်ဆိုင်ရာ အရည်အသွေးများဖြင့် အရှင်မြတ်၏ အပြစ်ဒဏ်ပေးမှုဆိုင်ရာ အရည်အသွေးများမှ ခိုလှုံခွင့်တောင်းခံပါ၏။ အဘယ်ကြောင့်ဆိုသော် အရှင်မြတ်မှလွဲ၍ အရှင်မြတ် (၏အပြစ်ဒဏ်) မှ ကာကွယ်စောင့်ရှောက်နိုင်သူ မည်သူမျှမရှိသောကြောင့်ဖြစ်၏။ ထို့ပြင် အရှင်မြတ်ထံ ပြန်လှည့်ခြင်းမှအပ အရှင်မြတ်ထံမှ လွတ်မြောက်ရာ သို့မဟုတ် ခိုလှုံရာဟူ၍ မည်သည့်နေရာမျှမရှိပေ။ ကျွန်‌တော်မျိုးသည် အရှင်မြတ်အား ချီးမွမ်းခြင်းကို မည်သို့မျှ အပြည့်အဝ မတတ်စွမ်းနိုင်ပါ။" (ဆိုလိုသည်မှာ-) ကျွန်‌တော်မျိုး ကြိုးစားအားထုတ်စေကာမူ ကျွန်‌တော်မျိုး၏ အားအင်ချိနဲ့မှုကြောင့် အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကောင်းမှုတော်များကို အရှင်မြတ်နှင့်ထိုက်တန်သည့်အတိုင်း မည်သို့မျှ အပြည့်အဝ ရေတွက်နိုင်ခြင်းမရှိပါ။ "(အိုအလ္လာဟ်အရှင်) အရှင်မြတ်သည် အရှင်မြတ်ကိုယ်တိုင် မိမိကိုယ်ကို ချီးမွမ်းထားတော်မူသည့်အတိုင်း ဖြစ်တော်မူ၏။" (ဆိုလိုသည်မှာ-) အရှင်မြတ်သည် အရှင်မြတ်၏အရည်အသွေးနှင့်ထိုက်တန်စွာ မိမိကိုယ်ကို ချီးမွမ်းတော်မူခဲ့၏။ သို့ဖြစ်ရာ အရှင်မြတ်နှင့်ထိုက်တန်သည့်အတိုင်း မည်သူတစ်ဦးတစ်ယောက်ကမျှ ချီးမွမ်းနိုင်မည် မဟုတ်ပေ။
03

Benefits

စဂ်ျဒဟ်ဦးချသည့်အခါ၌ အောက်ပါဒုအာကို ရွတ်ဆိုခြင်းသည် မွတ်စ်သဟဘ်ဖြစ်သည်။
ပညာရှင်မီရက်က ဆိုသည်မှာ - နဆာအီ၏ ဆင့်ပြန်ချက်တစ်ရပ်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဆွလာသ်ဝတ်ပြုပြီးစီး၍ အိပ်ရာဝင်သောအခါတွင် ဤဒုအာကို ရွတ်ဆိုလေ့ရှိသည်။
အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များဖြင့် အရှင်မြတ်အား ချီးမွမ်းခြင်းနှင့် ကျမ်းတော်မြတ်ကုရ်အာန်နှင့် စွန္နသ်တော်လာ မှန်ကန်တိကျသည့် နာမတော်များဖြင့် အလ္လာဟ်အရှင်မြတ်ထံ ဒုအာဆုတောင်းခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
ဤဟဒီးစ်တော်၌ ရူကူအ် (ကိုင်းညွှတ်ခြင်း) နှင့် စဂ်ျဒဟ် (ဦးချခြင်း) တို့တွင် ဖန်ဆင်းရှင်၏ ကြီးကျယ်မြင့်မြတ်မှုကို ထုတ်ဖော်မြွက်ဟခြင်း ပါဝင်သည်။
အလ္လာဟ်အရှင်မြတ်၏ မြင့်မြတ်သောဇာတိတော် ဖြင့် ခိုလှုံခွင့် တောင်းခံခြင်းသည် ပြုပိုင်သကဲ့သို့ အရှင်မြတ်၏ ဂုဏ်တော်များဖြင့် ခိုလှုံခွင့် တောင်းခံခြင်းသည်လည်း ပြုပိုင်သည်။
အိမာမ်ခသ်သွာဗီက ဆိုသည်မှာ - ဤဒုအာတွင် နက်နဲသိမ်‌မွေ့‌သော အဓိပ္ပါယ်တစ်ရပ် ပါရှိသည်။ ထိုအချက်မှာ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်သည် အရှင်မြတ်၏ အမျက်တော်မှ အရှင်မြတ်၏ နှစ်သက်မှုတော်သို့ လည်းကောင်း၊ အရှင်မြတ်၏ အပြစ်ဒဏ်မှ အရှင်မြတ်၏ ခွင့်လွှတ်မှုတော်သို့ လည်းကောင်း ခိုလှုံခွင့် တောင်းခံခြင်းဖြစ်သည်။ နှစ်သက်မှုနှင့် အမျက်တော်သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် ဖြစ်သည်။ ထိုနည်းတူ ခွင့်လွှတ်မှုနှင့် အပြစ်ဒဏ်သည်လည်း တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်သည်။ သို့ရာတွင် မည်သည့် ဆန့်ကျင်ဘက်မျှမရှိသော အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်ကို သတိရ မှတ်သားမိသောအခါ ထိုအရှင်မြတ် တစ်ပါးတည်းထံမှသာ ခိုလှုံခွင့်တောင်းခံခဲ့ပြီး အခြားတစ်စုံတစ်ဦးထံ ခိုလှုံခွင့်တောင်းခံခဲ့ခြင်း မရှိပေ။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်နှင့်ထိုက်တန်သည့် ခဝပ်ကိုးကွယ်ခြင်းနှင့် ချီးမွမ်းဂုဏ်ပြုခြင်းတွင် ပေါ့လျော့ပျက်ကွက်မိသော ချို့တဲ့မှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခြင်းဖြစ်သည်။ ကိုယ်တော်၏ "لا أحصي ثناء عليك" (ထို့ပြင် ကျွန်တော်မျိုးသည် အရှင်မြတ်အား ချီးမွမ်းခြင်းကို အကုန်အစင် မစွမ်းဆောင်နိုင်ပါ) ဟူသော စကားသည် “ကျွန်တော်မျိုး၌ ထိုသို့ ချီးမွမ်းနိုင်ရန် စွမ်းအားမရှိပါ၊ ထိုသို့ ချီးမွမ်းနိုင် လောက်သည့် အဆင့်ထိ ကျွန်တော်မျိုး လက်လှမ်းမမှီပါ” ဟူ၍ အဓိပ္ပာယ်ရသည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...