HadeethEnc · 1.34.0
မည်သူမဆို ငါကိုယ်တော့်အပေါ် စလာမ်ပို့သလျှင်၊ ငါတော်သည် ထိုသူ့အား စလာမ်ပြန်လည် ဖြေကြားနိုင်ရန် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော့်ဝိညာဉ်ကို ငါကိုယ်တော့်ထံ ပြန်လည်ပေးတော်မူသည် ။
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို ငါကိုယ်တော့်အပေါ် စလာမ်ပို့သလျှင်၊ ငါတော်သည် ထိုသူ့အား စလာမ်ပြန်လည် ဖြေကြားနိုင်ရန် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော့်ဝိညာဉ်ကို ငါကိုယ်တော့်ထံ ပြန်လည်ပေးတော်မူသည် ။
02
Explanation
တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်မှာ - မည်သူမဆို အနီးမှဖြစ်စေ၊ အဝေးမှဖြစ်စေ ကိုယ်တော်မြတ်အပေါ် စလာမ်ပို့သလျှင် ထိုသူ့အား စလာမ်ပြန်လည် ဖြေကြားနိုင်ရန် ကိုယ်တော်၏ဝိညာဉ်ကို (အလ္လာဟ်အရှင်မြတ်က) ပြန်လည်ပေးတော်မူသည်ဟု မိန့်ကြားခဲ့သည်။ သို့ရာတွင် သိနားလည်ထားရမည့် အချက်
မှာ - ဗရ်
ဇခ်လောက (သေပြီးနောက်ရှိသော ကြားကာလဘဝ) နှင့် ကဗရ်သင်္ချိုင်းများအတွင်း ရှိသောအရာများသည် အကွယ်မှကိစ္စရပ်များဖြစ်ပြီး၊ ယင်းတို့၏ အမှန်တကယ်အခြေအနေကို အလ္လာဟ်အရှင်မြတ်သာလျှင် သိတော်မူသည်။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။

03
Benefits
တမန်တော်မြတ် (ﷺ)ပေါ်သို့ ဒရူးဒ်ဆွလာသ်မြားမြောင်စွာ ပို့သရန် တိုက်တွန်းထားခြင်း။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ မိမိကဗရ်အတွင်း၌ ရှိနေသော ရှင်သန်မှုသည် လူသားတစ်ဦး၏ ဗရ်ဇခ်လောကတွင် ရှင်သန်နေသော အပြည့်စုံဆုံးသော အသက်ရှင်သန်မှုပင်ဖြစ်သည်။ သို့သော် ယင်း၏အမှန်တကယ်အခြေအနေကို အလ္လာဟ်အရှင်မြတ်သည်သာ သိတော်မူသည်။
ဤဟဒီးစ်တော်သည် "တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ (ကဗရ်အတွင်း၌) အသက်ရှင်သန်မှုသည် ကျွန်ုပ်တို့ ဤလောကတွင် အသက်ရှင်နေထိုင်သကဲ့သို့ပင် ဖြစ်သည်" ဟု ပြောဆိုသူများအတွက် အထောက်အထားမဟုတ်ပါ။ သို့မဟုတ်ပါက ရှိရ်က် (တွဲဖက်ကိုးကွယ်မှု) ကျူးလွန်သူများက ၎င်းတို့၏ ကိုးကွယ်ရာပြုမှုများအတွက် ဤဟဒီးစ်ကို ကိုးကားလာကြမည် ဖြစ်သည်။ (အမှန်စင်စစ်) ၎င်းသည် ဗရ်ဇခ်လောကဆိုင်ရာ အသက်ရှင်သန်မှုသာလျှင် ဖြစ်သည်။

Attribution
[رواه أبو داود وأحمد]
Categories
Share
Share hadeeth
Sharing options · 0 Total shares