အသင်တို့သည် မိမိတို့၏အိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြလေနှင့်။ ဧကန်မုချ ရှိုင်သွာန်သည် စူရဟ်ဗကရဟ်ရွတ်ဖတ်သော အိမ်မှထွက်ပြေးသည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် မိမိတို့၏အိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြလေနှင့်။ ဧကန်မုချ ရှိုင်သွာန်သည် စူရဟ်ဗကရဟ်ရွတ်ဖတ်သော အိမ်မှထွက်ပြေးသည်။
Explanation
ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှိုင်သွာန်သည် စူရဟ်ဗကရဟ် ရွတ်ဖတ်သည့်အိမ်မှ ထွက်ပြေးကြောင်း မိန့်ကြားတော်မူခဲ့သည်။
Benefits
ကဗရ်သင်္ချိုင်းများတွင် ဆွလာသ် ဆောက်တည်ခြင်း မပိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဤသည် ရှိရ်က် အလ္လာဟ်အရှင်မြတ်နှင့် တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းနှင့် ကဗရ်ထဲတွင်ရှိနေသူများနှင့် ပတ်သက်၍ အစွန်းရောက်ခြင်းဆီသို့ ပို့ဆောင်ပေးသည့် အကြောင်းခံတစ်ခုဖြစ်သည်။ သို့သော် ဂျနာဇဟ်ဆွလာသ် ဝတ်ပြုခွင့်ရှိသည်။
ကဗရ်သင်္ချိုင်းများတွင် ဆွလာသ်ဆောက်တည်ခြင်းကို တားမြစ်ထားကြောင်း ဆွဟာဗဟ်များ သိရှိပြီးဖြစ်သည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အိမ်များတွင် ဆွလာသ် မဆောက်တည်ဘဲ ကဗရ်သင်္ချိုင်းများကဲ့သို့ ပြုလုပ်ထားခြင်းကို တားမြစ်တော်မူခြင်းဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

