افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#6254[صحيح]
HadeethEnc · 1.34.0

မည်သည့် မွတ်စ်လင်မ်မဆို ၎င်းထံ ဖရ်ဿွ် ဆွလာသ်ဝတ်ပြုချိန် ကျရောက်လာသည့်အခါ ၎င်းအနေဖြင့် ထိုဆွလာသ်အတွက် ဝူဿွူရေသန့်စင်ခြင်း၊ (ဆွလာသ်အတွင်း) ခူရှူအ် ကျိုးနွံခြင်းနှင့် ရူကူအ် ဦးညွှတ်ခြင်းတို့ကို ကောင်းမွန် ကျနစွာပြုလုပ်မည်ဆိုလျှင် အပြစ်အကုသိုလ်ကြီးများကို မကျူးလွန်သရွေ့ ထိုဆွလာသ်သည် ယင်းမတိုင်မီက ပြုလုပ်ခဲ့သော အပြစ်များကို ပလပ်စေမည့် ကဖ္ဖာရဟ်ပင်ဖြစ်သည်။ ထို့ပြင် ယင်းအကျိုးကျေးဇူးသည် အမြဲပင်ဖြစ်၏။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အွတ်စ်မားန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ "မည်သည့် မွတ်စ်လင်မ်မဆို ၎င်းထံ ဖရ်ဿွ် ဆွလာသ်ဝတ်ပြုချိန် ကျရောက်လာသည့်အခါ ၎င်းအနေဖြင့် ထိုဆွလာသ်အတွက် ဝူဿွူရေသန့်စင်ခြင်း၊ (ဆွလာသ်အတွင်း) ခူရှူအ် ကျိုးနွံခြင်းနှင့် ရူကူအ် ဦးညွှတ်ခြင်းတို့ကို ကောင်းမွန် ကျနစွာပြုလုပ်မည်ဆိုလျှင် အပြစ်အကုသိုလ်ကြီးများကို မကျူးလွန်သရွေ့ ထိုဆွလာသ်သည် ယင်းမတိုင်မီက ပြုလုပ်ခဲ့သော အပြစ်များကို ပလပ်စေမည့် ကဖ္ဖာရဟ်ပင်ဖြစ်သည်။ ထို့ပြင် ယင်းအကျိုးကျေးဇူးသည် အမြဲပင်ဖြစ်၏။"
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်း မိန့်ကြားတော်မူခဲ့သည်မှာ- မည်သည့် မွတ်စ်လင်မ်မဆို ဖရ်ဿ်ွဆွလာသ်အချိန် ကျရောက်လာသည့်အခါ ဝူဿွူကို ကောင်းမွန်ပြည့်စုံစွာ ပြုလုပ်ပြီးနောက်၊ ကျိုးနွံနှိမ့်ချမှုအပြည့်ဖြင့် ဆွလာသ်ဝတ်ပြုမည်။ သူ၏စိတ်နှလုံးနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများအားလုံးကို အလ္လာဟ်အရှင်မြတ်၏ဘက်သို့ အာရုံပြုထားပြီး သူ၏စိတ်နှလုံးထဲတွင် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုကို စွဲမြဲစွာ ထားရှိကာ ရူကူအ်၊ စဂျ်ဒဟ်စသည့် ဆွလာသ်၏ကဏ္ဍများကို ပြည့်ပြည့်ဝဝ ဆောင်ရွက်မည်ဆိုလျှင် ယင်းဆွလာသ်သည် ယခင်က ကျူးလွန်မိခဲ့သော သေးငယ်သည့်အပြစ်များကို ပလပ်စေမည့် အရာဖြစ်လာမည်။ ဤသည် ကြီးလေးသောအပြစ်များကို မကျူးလွန်သ၍ ဖြစ်သည်။ ဤအကျိုးကျေးဇူးသည် အချိန်ကာလတိုင်း၌ တည်ရှိပြီးနှင့် ဆွလာသ်တိုင်းအတွက် ဖြစ်သည်။
03

Benefits

အပြစ်များကို ပလပ်စေသော ဆွလာသ်ဟူသည် ဗန္နဟ်ကျေးကျွန်သည် ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်ပြီး အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုရရန် ရည်ရွယ်လျှက် အာရုံစူးစိုက်မှုအပြည့်ဖြင့် ဝတ်ပြုသော ဆွလာသ်ပင်ဖြစ်သည်။
အိဗာဒသ် ခဝပ်ကိုးကွယ်မှုများကို စွဲစွဲမြဲမြဲ ပြုလုပ်ခြင်း၏ အကျိုးကို ဖော်ပြထားသည်။ ထိုသို့ပြုလုပ်ခြင်းသည် သေးငယ်သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ခြင်းခံရရန်အတွက် အကြောင်းခံတစ်ရပ်ဖြစ်သည်။
ဝူဿွူကို ကောင်းမွန်ကျနစွာပြုလုပ်ခြင်း၊ ဆွလာသ်ကို ကောင်းမွန်စွာ ဝတ်ပြုခြင်းနှင့် ဆွလာသ်ဝတ်ပြုရာတွင် ခူရှူအ် စိတ်ရောကိုယ်ပါ အာရုံစူးစိုက်မှုအပြည့်ဖြင့်ဝတ်ပြုခြင်း၏ အကျိုးကို ဖော်ပြထားသည်။
သေးငယ်သောအပြစ်များ ခွင့်လွှတ်ခြင်းခံရရန်အတွက် ကြီးလေးသောအပြစ်အကုသိုလ်များကို ရှောင်ကြဉ်ရန် အရေးကြီးသည်။
ကြီးလေးသော အပြစ်အကုသိုလ်များသည် စစ်မှန်သည့် သောင်ဗဟ်ပြုလုပ်မှသာလျှင် ပလပ်ခြင်းခံရမည်ဖြစ်သည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...