မည်သည့်အမလ်ကောင်းမှုသည် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်တော်မူပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဆွလာသ်အား သူ့အချိန်နှင့်သူ ဆောက်တည်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သည်
Choose an available translation of this Hadeeth
Hadeeth text
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မည်သည့်အမလ်ကောင်းမှုသည် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်တော်မူပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဆွလာသ်အား သူ့အချိန်နှင့်သူ ဆောက်တည်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ ကိုယ်တော်သည် ကျွန်တော့်အား ဤကောင်းမှုများကို မိန့်ကြားတော်မူခဲ့သည်။ အကယ်၍ ကျွန်တော်က ထပ်မံမေးမြန်းလျှင် ကိုယ်တော်သည် ထပ်မံ၍ ဖြေကြားမည်ပင်ဖြစ်သည်။
Explanation
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်မှာ ကိုယ်တော်သည် ကျွန်တော့်အား ဤအမလ်ကောင်းမှုများကို မိန့်ကြားတော်မူခဲ့သည်။ အကယ်၍ ကျွန်တော်က ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးမြန်းခဲ့လျှင် ကိုယ်တော်သည် ထပ်မံ၍ဖြေကြားမည်ပင်ဖြစ်သည်။
Benefits
ပိုမွန်မြတ်သော ကောင်းမှုများကိုကျင့်ဆောင်ရန် မွတ်စ်လင်မ်တို့အား တိုက်တွန်းထားသည်။
မေးမြန်းသူများနှင့် မေးမြန်းသူများ၏ အခြေအနေကွာခြားချက်အပေါ် မူတည်၍လည်းကောင်း၊ မေးမြန်းသူတစ်ဦးခြင်းစီအတွက် ပိုအကျိုးရှိစေမည့်အရာကို ရှေးရှု၍လည်းကောင်း အမွန်မြတ်ဆုံး အမလ်ကောင်းမှုနှင့် ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ဖြေကြားချက်များသည် ကွာခြားမှုရှိသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

