လူတစ်ဦးသုံးစွဲလိုက်သည့် ဒီနာရ်(ငွေကြေး )တို့အနက်အမြတ်ဆုံးမှာ မိမိ မိသားစုအတွက်သုံးစွဲလိုက်သည့် ဒီနာရ်၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိ၏ အစီးအနင်းအတွက် သုံးစွဲလိုက်သည့် ဒီနာရ် နှင့်အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မိမိ၏မိတ်ဆွေများအတွက် သုံးစွဲလိုက်သည့် ဒီနာရ်တို့ဖြစ်သည်
Choose an available translation of this Hadeeth
Hadeeth text
စောင်ဗားန်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " လူတစ်ဦးသုံးစွဲလိုက်သည့် ဒီနာရ်(ငွေကြေး )တို့အနက်အမြတ်ဆုံးမှာ မိမိ မိသားစုအတွက်သုံးစွဲလိုက်သည့် ဒီနာရ်၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိ၏
အစီးအနင်းအတွက် သုံးစွဲလိုက်သည့် ဒီနာရ် နှင့်အလ္လာဟ်အရှင်မြတ်၏
လမ်းတော်တွင် မိမိ၏မိတ်ဆွေများအတွက် သုံးစွဲလိုက်သည့် ဒီနာရ်တို့ဖြစ်သည်။ အဘူကိလာဗဟ်က(ဟဒီးစ်တော်တွင်) မိသားစုဖြင့်စတင်ထားသည်ဟုပြောပြခဲ့ပြီးနောက် ဆက်လက်ပြောသည်မှာ မိမိ၏ငယ်ရွယ်သည့်သားသမီးများအပေါ်သုံးစွဲသူထက် ပို၍မည်သူသည် ကုသိုလ်အကျိုးကြီးမားနိုင်မည်နည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုအရာဖြင့်၎င်းတို့အား တားမြစ်ထားသောအရာများမှ ရှောင်ရှားစေပြီး၊ အကျိုးဖြစ်ထွန်းစေကာ ကြွယ်ဝစေတော်မူသည်။
Explanation
ဥစ္စာပင်ဖြစ်ပေသည်ဟု ကိုယ်တော်မြတ်က မိန့်ကြားခဲ့သည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်၏
လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ရန် အသင့်ပြင်ဆင်ထားသော အစီးအနင်းအတွက် လှူဒါန်းသုံးစွဲခြင်း ဖြစ်သည်။ ထို့နောက်မိမိ၏အပေါင်းအသင်းများနှင့် မိတ်ဆွေများအတွက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်နေစဉ် လှူဒါန်းခြင်းဖြစ်သည်။
Benefits
ကုသိုလ်အကျိုးအားဖြင့်မိသားစုဝင်များအတွက် သုံးစွဲခြင်းသည် အခြားလှူဒါန်းမှုများထက် ပို၍ဦးစားပေးထိုက်ကြောင်း ဖော်ပြထားသည်။
အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ရန် လှူဒါန်းခြင်း၊ ဥပမာ- ဂျိဟာဒ်အတွက် လက်နက်ကိရိယာများနှင့် လူသူများ ပြင်ဆင်ခြင်းသည် အလွန်ကြီးမြတ်သော လှူဒါန်းမှုတစ်ရပ် ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်၏လမ်းတော် ဆိုသည်မှာ ဟဂျ်ပြုလုပ်ခြင်းကဲ့သို့သော စသည့် နာခံမှုတိုင်းကို ဆိုလိုသည်။
Attribution
Categories
Share hadeeth
Sharing options

