“အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျီဟာဒ်) ၌ တစ်ရက်တာ ကင်းစောင့်ခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏
Choose an available translation of this Hadeeth
Hadeeth text
စဟ်လ် ဗင်န် စအ်ဒ် အတ်စ်စာအိဒီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ “အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျီဟာဒ်) ၌ တစ်ရက်တာ ကင်းစောင့်ခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။ ဂျန္နသ်သုခဘုံ၌ အသင်တို့တစ်ဦးတစ်ယောက်၏ ကြာပွတ်တစ်ချောင်းစာနေရာသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။ လူတစ်ဦးသည် ညနေခင်း သို့မဟုတ် မနက်ခင်းအချိန်တွင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ထွက်ခွာသွားခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။"
Explanation
ရောက်ချိန်အထိ သို့မဟုတ် နေ့လယ်မှ ညအထိ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ တစ်ကြိမ် ခရီးသွားခြင်း၏ အကျိုးနှင့် ကောင်း
မှုသည် ဤလောကနှင့် ၎င်းတွင်ရှိသမျှအရာအားလုံးထက် ပို၍ကောင်း၏။
Benefits
၂။ နောင်တမလွန်ဘဝနှင့်ယှဥ်လျင် ဒွန်ယာလောကသည် မပြောပြလောက်အောင်ပင် သေးသိမ်လှသည်။ အဘယ် ကြောင့်ဆိုသော် ဂျန္နသ်သုခဘုံ၌ ကြာပွတ်တစ်ချောင်းစာနေရာသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။
၃။ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်ပြုခြင်း (ဂျိဟာဒ်)၏ မွန်မြတ်မှုနှင့် ယင်း၏ကြီးမားသော ကောင်းမှုအကျိုး (ကို ဖော်ပြထားသည်။) အဘယ်ကြောင့်ဆိုသော် ညနေခင်း သို့မဟုတ် မနက်ခင်းအချိန်တွင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ တစ်ကြိမ်ထွက်ခွာသွားခြင်း၏ အကျိုးသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။
၄။ "في سبيل الله" (အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင်) ဟူသော စကားသည် အိခ်လာစ် (စိတ်ရင်းဖြူစင်မှု) ၏ အရေးပါမှုကို ညွှန်ပြပြီး အဆိုပါကောင်းမှုအကျိုးသည် ယင်းစိတ်ရင်းဖြူစင်မှုအပေါ်တွင် မူတည်ကြောင်း ဖော်ပြထားသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

