သင်ဤသို့ ရွတ်ဖတ်လော့ - «لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ» (အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ၊ ထိုအရှင်မြတ်သည် တစ်ပါးတည်းသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ တွဲဖက်ယှဉ်တွဲကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ ချီးမွမ်းခြင်းအားလုံးသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်၏။ စကြဝဠာခပ်သိမ်းရှိ သတ္တဝါအားလုံးကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်သန့်ရှင်းတော်မူ၏။ လွန်စွာတန်ခိုးအာနုဘော်ကြီးမားတော်မူ၍ ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ ကူညီမှုမပါဘဲ မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်၍ ကောင်းမှုကုသိုလ်ပြုနိုင်သည့် စွမ်းအင်ဟူ၍ အလျှင်းမရှိပေ။)
Choose an available translation of this Hadeeth
Hadeeth text
စအ်ဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန် ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ကျေးတောသားတစ်ဦး ရောက်ရှိလာပြီး "ကျွန်တော်မျိုး ရွတ်ဖတ်ရန် ဇိကိရ်တစ်ခုကို သင်ကြားပေးတော်မူပါ။"ဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ "သင်ဤသို့ ရွတ်ဖတ်လော့ -
«لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ»
(အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ၊ ထိုအရှင်မြတ်သည် တစ်ပါးတည်းသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ တွဲဖက်ယှဉ်တွဲကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ ချီးမွမ်းခြင်းအားလုံးသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်၏။ စကြဝဠာခပ်သိမ်းရှိ သတ္တဝါအားလုံးကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်သန့်ရှင်းတော်မူ၏။ လွန်စွာတန်ခိုးအာနုဘော်ကြီးမားတော်မူ၍ ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ ကူညီမှုမပါဘဲ မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်၍ ကောင်းမှုကုသိုလ်ပြုနိုင်သည့် စွမ်းအင်ဟူ၍ အလျှင်းမရှိပေ။) ထိုအခါ ၎င်းက "ဤဇိကိရ်တော်များသည် ကျွန်တော်မျိုး၏ အရှင်အတွက်ဖြစ်ပါသည်။ ကျွန်တော်မျိုးအတွက် အဘယ်အရာရှိပါသနည်း။"ဟု လျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ်က မိန့်တော်မူသည်မှာ သင်ဤသို့ပြောလော့ «اللهُمَّ اغْفِرْ لِي وَارْحَمْنِي وَاهْدِنِي وَارْزُقْنِي» (အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကျွန်တော်မျိုးအား သနားကြင်နာတော်မူပါ၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ပြတော်မူပါ၊ ကျွန်တော်မျိုးအား ရိုဇီရိက္ခာ ချီးမြှင့်ပေးသနားတော်မူပါ။)"
Explanation
Benefits
ဒုအာဆုတောင်းမှုမပြုမီ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်ပြုခြင်းနှင့် ချီးမွမ်းထောမနာခြင်း ပြုလုပ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
လူတစ်ဦးအနေဖြင့် အကောင်းဆုံးသော ဒုအာများဖြင့် ဆုတောင်းခြင်း၊ လောကီ လောကုတ္တရာကောင်းကျိုးများ ပါဝင်သော စွန္နသ်တော်လာ ဒုအာများဖြင့် ဆုတောင်းခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ ထို့ပြင် မိမိအလိုရှိရာကို လည်း ဆုတောင်ခွင့်ရှိသည်။
လူတစ်ဦးသည် ဤလောကနှင့် နောင်တမလွန်တွင် မိမိအား အကျိုးပြုနိုင်သော အရာများကို သင်ယူရန် စိတ်အားထက်သန်သင့်သည်။
အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ကို လည်းကောင်း၊ ကရုဏာတော်ကို လည်းကောင်း၊ ရိုဇီရိက္ခာကို လည်းကောင်း တောင်းခံရန် တိုက်တွန်း ထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ကောင်းခြင်းအားလုံး ပါဝင်နေသည်။
တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အွမ္မသ်သားများအား အကျိုးပြုမည့် အရာများကို သင်ကြားပေးရာရန် ကရုဏာထားတော်မူခြင်းနှင့် စိတ်အားထက်သန်မှုကို ဖော်ပြထားသည်။
မဂ်ဖိရသ် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပြီးနောက်မှ ရဟ်မသ် ကရုဏာတော်ကို တောင်းခံရန် တင်ပြထားခြင်းမှာ စင်ကြယ်မှုကို ပြည့်စုံစေရန်အတွက် ဖြစ်သည်။ ခွင့်လွှတ်ချမ်းသာခွင့်ဆိုသည်မှာ အပြစ်များကို ဖုံးကွယ်ပေးခြင်း၊ ပလပ်ပေးခြင်းနှင့် ဂျဟန္နမ်ငရဲမှ ကယ်တင်ခြင်း ဖြစ်သည်။ ကရုဏာတော် ဆိုသည်မှာ ကောင်းကျိုးများ ရောက်ရှိစေခြင်းနှင့် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရခြင်းဖြစ်ပြီး ဤသည်ပင် ကြီးကျယ်သော အောင်မြင်မှု ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

