افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#6106[حسن لغيره]
HadeethEnc · 1.34.0

'အာလင်မ်သာသနာ့ပညာရှင်၏ အီဗာဒသ်ပြုသူထက် သာလွန်မြင့်မြတ်မှုသည်၊ အသင်တို့အနက်မှ အနိမ့်ဆုံးလူထက် ငါကိုယ်တော်၏ သာလွန်မြင့်မြတ်မှု ကဲ့သို့ဖြစ်၏

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူအုမာမဟ် အလ်ဗာဟိလီ (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောပြခဲ့သည် " အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ လူနှစ်ဦးအကြောင်း ဖော်ပြခဲ့ကြသည်။ တစ်ဦးမှာ အီဗာဒသ်တရားအားထုတ်သူ ဖြစ်၍ အခြားတစ်ဦးမှာ အာလင်မ်သာသနာ့ပညာရှင်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- 'အာလင်မ်သာသနာ့ပညာရှင်၏ အီဗာဒသ်ပြုသူထက် သာလွန်မြင့်မြတ်မှုသည်၊ အသင်တို့အနက်မှ အနိမ့်ဆုံးလူထက် ငါကိုယ်တော်၏ သာလွန်မြင့်မြတ်မှု ကဲ့သို့ဖြစ်၏။' ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)
က ဆက်လက်မိန့်ကြားတော်မူသည်- 'ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် မလာအိကဟ်ကောင်းကင်
တမန်များ၊ မိုးကောင်းကင်နှင့် ကမ္ဘာမြေရှိ အရာခပ်သိမ်းတို့သည်၊ မိမိ၏ တွင်းထဲ၌ရှိနေသောပုရွက်ဆိတ်မှအစ ပင်လယ်ထဲရှိသည့် ငါးသတ္တဝါအဆုံး (အားလုံးသည်) လူသားတို့အား ကောင်းမြတ်သောအရာများကို သင်ကြားပြသပေးသူအတွက် ဆွလာသ်ပို့သ ( အရှင်မြတ်ဘက်မှ ကရုဏာတော်ကို ချီးမြှင့်ရန် ဆုတောင်းပတ္ထနာပြု) ကြ၏။”
02

Explanation

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ လူနှစ်ဦးအကြောင်း ဖော်ပြခဲ့ကြသည်။ တစ်ဦးမှာ အီဗာဒသ်တရားအားထုတ်သူ ဖြစ်၍ အခြားတစ်ဦးမှာ အာလင်မ်သာသနာ့ပညာရှင်ဖြစ်ပြီး၊ ထိုနှစ်ဦးအနက် မည်သူက သာလွန်မြင့်မြတ်သနည်းဟု လျှောက်ထားမေးမြန်းခဲ့ကြသည်။

ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- (ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ -) သာသနာ့ပညာရပ်များကို နားလည်တတ်ကျွမ်းပြီး ယင်းအား လက်တွေ့လိုက်နာကျင့်သုံးကာ အခြားသူများကို သင်ကြားပေးသူသည် မိမိအတွက် မရှိမဖြစ်လိုအပ်သော အခြေခံပညာရပ်များကိုသာ သိရှိထားပြီး ဝိညာဉ်ရေးရာ အားထုတ်မှုတွင်သာ အချိန်ပြည့်မြှုပ်နှံထားသော ပုဂ္ဂိုလ်ထက် သာလွန်မြင့်မြတ်၏။ ထိုသို့သာလွန်မြင့်မြတ်မှုသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဂုဏ်သိက္ခာက အနိမ့်ဆုံး ဆွဟာဗီသာဝကတစ်ပါးထက် သာလွန်မြင့်မြတ်သကဲ့သို့ပင် ဖြစ်၏။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က (ထိုသို့သာလွန်မြင့်မြတ်ရသည့်)အကြောင်း
ရင်းကို ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ- အလ္လာဟ်အရှင်မြတ်၊ ထိုအရှင်၏ အရ်ရှ်ပလ္လင်တော်ကို ထမ်းထားသော မလာအိကဟ်ကောင်းကင်
တမန်များ၊ မိုးကောင်းကင်ရှိ အခြားမလာအိကဟ်ကောင်းကင်တမန်များအားလုံး၊ မြေကြီးပေါ်ရှိ လူသားနှင့်ဂျင်န်၊ သတ္တဝါအားလုံးနှင့် မြေကြီးအထဲ၌ရှိသော ပုရွက်ဆိတ်များမှစ၍၊ ပင်လယ်ရှိငါးသတ္တဝါအထိ၊ ကုန်းနေ ရေနေ သတ္တဝါအဆုံး၊ ၎င်းတို့အားလုံးသည် လူသားများအား ၎င်းတို့အတွက် လွှတ်မြောက်ခြင်းနှင့် အောင်မြင်မှုများပါဝင်သည့် သာသနာ့အသိပညာရပ်များကို သင်ကြားပေးသူအတွက် ကောင်းချီးမင်္ဂလာရရန် ဒုအာတောင်းပေးကြလေသည်။
03

Benefits

၁။ အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဒအ်ဝသ်ပေးဖိတ်ခေါ်မှုနည်းလမ်းများအနက်မှ တစ်ခုမှာ စိတ်အားထက်သန်မှုပေးခြင်းနှင့် ဥပမာများဖြင့် ရှင်းလင်းတင်ပြခြင်း ဖြစ်သည်။
၂။ သာသနာ့ပညာကို လေ့လာသင်ယူပြီး ထိုပညာ၏ ဝတ္တရားနှင့်အညီ လက်တွေ့လိုက်နာကျင့်သုံးကာ ဒအ်ဝသ်ဖိတ်ခေါ်မှုလုပ်ငန်းကို ပြုလုပ်ဆောင်ရွက်သူ၏ ဂုဏ်သိက္ခာ ကြီးမြင့်မှု (ကိုဖော်ပြထားသည်။)
၃။ သာသနာ့အာလင်မ်ပညာရှင်များ၊ ပညာသင်ယူဆည်းပူးနေသော ကျောင်းသားများအား ဂုဏ်ပေးဆက်ဆံရန်နှင့် ၎င်းတို့အတွက် ဒုအာဆုတောင်းပေးရန် တိုက်တွန်းထားသည်။
၄။ လူသားများအား ကောင်းမှုကို သင်ကြားပေးရန် တိုက်တွန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လူသားတို့၏ (ဂျဟန္နမ်ငရဲမှ) လွှတ်မြောက်ခြင်းနှင့် ပျော်ရွှင်မှုရရှိရေး၏ အကြောင်းရင်းတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။

Attribution

[رواه الترمذي]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...