HadeethEnc · 1.34.0
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အရက်ရောဆုံးအခြေအနေမှာ ရမဿွာန်လ၌ကိုယ်တော့်ထံသို့ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)လာတွေ့သောအချိန်ဖြစ်သည်။
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
အိဗ်နုအဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်သည်မှာ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အရက်ရောဆုံးအခြေအနေမှာ ရမဿွာန်လ၌ကိုယ်တော့်ထံသို့ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)လာတွေ့သောအချိန်ဖြစ်သည်။ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ကိုယ်တော်မြတ်ကို ရမဿွာန်လ၏ညတိုင်းလာတွေ့ပြီး ကိုယ်တော်မြတ်နှင့်အပြန်အလှန်ကျမ်းမြတ်ကုရ်အာန်ဖတ်ပြလေ့ရှိသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကောင်းမှုနှင့်ပတ်သက်၍(အဖန်ဆင်းခံအားလုံးအား အကျိုးပြုရာတွင်)စေလွှတ်ခြင်းခံရသော လေထက်ပင်ပို၍ရက်ရောတော်မူပေသည်။
02
Explanation
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရမဿွာန်လမြတ်တွင် ပို၍ရက်ရောတော်မူလေရာ ပေးသင့်သောသူကို ပေးသင့်သည့်အရာကို ပေးလေသည်။ ရက်ရောရသည့်အကြောင်းတရားမှာ ကိစ္စရပ်နှစ်ခုကြောင့်ဖြစ်သည်။ ၎င်းတို့မှာ
၁။ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)နှင့်တွေ့ဆုံရခြင်း။
၂။ အပြန်အလှန်ကျမ်းမြတ်ကုရ်အာန်ကို အလွတ်ဖတ်ခြင်း။
ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ကိုယ်တော်မြတ်နှင့် ကျမ်းမြတ်ကုရ်အာန်မှ ကျရောက်ခဲ့သမျှကို အပြန်အလှန်ဖတ်ပြလေ့ရှိသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလွန်ပင်ရက်ရောသူ၊ အလွန်ပင်ကောင်းမှုပြုသောသူဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် မိုးရွာသွန်းခြင်းနှင့် ဂရုဏာတော်များချပေးတော်မူရန်စေလွှတ်လိုက်သော လေကောင်းလေသန့်က လျင်မြန်စွာ အဖန်ဆင်းခံအပေါင်းအား အကျိုးပြုသည်ထက်ပို၍တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အဖန်ဆင်းခံအပေါင်းအား ပို၍လျင်မြန်စွာအကျိုးပြုသောသူလည်း ဖြစ်ပေသည်။

03
Benefits
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ရက်ရောတော်မှုကြောင်းနှင့် အထူးသဖြင့်ရမဿွာန်လတွင်ပို၍ရက်ရောတော်မူကြောင်းတင်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် ရမဿွာန်လသည် ကောင်းမှုများစွာပြုလုပ်ရသောလ၊ ကောင်းမှုများပွါးများရသည့် ရာသီဖြစ်ပေသည်။
အချိန်တိုင်းတွင် ရက်ရောရန်တိုက်တွန်းထားသည်။ ရမဿွာန်လသည် ပို၍ပင်ရက်ရောခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
ရမဿွာန်လတွင် ပေးကမ်းစွန့်ကြဲခြင်း၊ သူတစ်ပါးကိုအကောင်းပြုခြင်း၊ ကျမ်းတော်မြတ်ကုရ်အာန်ရွတ်ဖတ်ခြင်းတို့ကို များစွာပြုလုပ်ရသည်။
ကျောင်းသားများ၊ သာသနာ့ပညာရှင်များနှင့် အပြန်အလှန်ဆွေးနွေးခြင်းသည် အသိပညာများမမေ့ရန် အကြောင်းတရားများအနက်မှဖြစ်သည်။

Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares