သင်တို့အနက်မှ မည်သူမဆို နံနက်ခင်းအချိန်သို့ဝင်သောအခါ ကျန်းမာသောကိုယ်ခန္ဓာရှိလျက်၊ မိမိအသက်ဝိညာဉ် ဘေးကင်းလျက်၊ ၎င်းထံ ထိုနေ့အတွက် စားနပ်ရိက္ခာရှိလျှင် ထိုသူသည် ဤလောကကြီးတစ်ခုလုံး စုပေါင်းပေးအပ်ခံခဲ့ရသူကဲ့သို့ပင် ဖြစ်၏။
အုဗိုင်ဒုလ္လာဟ် ဗင်န် မိဟ်စွတ်န် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "သင်တို့အနက်မှ မည်သူမဆို နံနက်ခင်းအချိန်သို့ဝင်သောအခါ ကျန်းမာသောကိုယ်ခန္ဓာရှိလျက်၊ မိမိအသက်ဝိညာဉ် ဘေးကင်းလျက…

