افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#5888[صحيح]
HadeethEnc · 1.34.0

အသင်တို့ သူစိမ်းအမျိုးသမီးများထံ ဝင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ကြလော့။ ထိုအခါ အန်စွာရီ စွဟာဗီတစ်ပါးက လျှောက်ထားမေးမြန်းသည်မှာ - အို အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်၊ ခင်ပွန်းရဲ့သားချင်း (ညီ၊ အစ်ကို) များနှင့်ပတ်သတ်၍ ကိုယ်တော် မည်သို့ မိန့်ကြားတော်မူပါမည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်တော်မူသည်။ ခင်ပွန်းရဲ့သားချင်းများဟာ သေခြင်းတရား ပင်ဖြစ်သည်။ (တစ်နည်း သေတာထက်ပင် ပိုအန္တရာယ်ကြီးသည်ကို ဆိုလိုခြင်းဖြစ်သည်။)

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အုက်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ သူစိမ်းအမျိုးသမီးများထံ ဝင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ကြလော့။ ထိုအခါ အန်စွာရီ စွဟာဗီတစ်ပါးက လျှောက်ထားမေးမြန်းသည်မှာ - အို အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်၊ ခင်ပွန်းရဲ့သားချင်း (ညီ၊ အစ်ကို) များနှင့်ပတ်သတ်၍ ကိုယ်တော် မည်သို့ မိန့်ကြားတော်မူပါမည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်တော်မူသည်။ ခင်ပွန်းရဲ့သားချင်းများဟာ သေခြင်းတရား ပင်ဖြစ်သည်။ (တစ်နည်း သေတာထက်ပင် ပိုအန္တရာယ်ကြီးသည်ကို ဆိုလိုခြင်းဖြစ်သည်။)
02

Explanation

အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သူစိမ်းအမျိုးသမီးများနှင့် ရောနှောခြင်းမှ သတိပေးတားမြစ်ခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူခဲ့သည်- "သင်တို့သည် ကိုယ်တိုင် သူစိမ်းအမျိုးသမီးများထံ ဝင်ထွက်သွားလာခြင်းမှ ရှောင်ကြဉ်လော့။ ထိုနည်းတူ သူစိမ်းအမျိုးများသည်လည်း သင်တို့ထံ ဝင်ထွက်သွားလာခြင်းမှ ရှောင်ကြဉ်ခိုင်းလော့"။

ထိုအခါ အန်စွာရီ စွဟာဗီတစ်ပါးက လျှောက်ထားမေးမြန်းသည်မှာ - အို အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်၊ ခင်ပွန်း၏ ဆွေမျိုးသားချင်းများ (ဥပမာ- ခင်ပွန်း၏ညီ၊ အစ်ကို၊ တူ၊ ဦးလေး၊ ဝမ်းကွဲညီအစ်ကိုများ)စသည့် ထိုအမျိုးသမီး အိမ်ထောင်မပြုရသေးပါက လက်ထပ်ခွင့်ရှိသည့် သားချင်းများနှင့် ပတ်သတ်၍ ကိုယ်တော် မည်သို့ မိန့်ကြားတော်မူပါမည်နည်း။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) က မိန့်ကြားတော်မူသည်မှာ - "သင်တို့သည် သေဘေးမှ သတိထားဆင်ခြင်ကြသကဲ့သို့ ထိုအရာ (အမျိုးသမီးများထံ ဝင်ထွက်သွားလာခြင်း) မှလည်း အလားတူ သတိထားဆင်ခြင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ခင်ပွန်း၏ ဆွေမျိုးများနှင့် အကွယ်၌ နှစ်ကိုတည်း ရှိနေခြင်းသည် သာသနာတွင် ပြသနာများနှင့် ပျက်စီးခြင်းဘက်သို့‌ ရောက်ရှိ‌စေသောကြောင့်တည်း။ ခင်ပွန်း၏ဖခင်နှင့် သားများကို ချန်လှပ်ထားပြီး ခင်ပွန်း၏ အခြားဆွေမျိုးများနှင့် အကွယ်၌ နှစ်ကိုတည်းရှိခြင်းကို တားမြစ်ခြင်းမှာ သူစိမ်းများနှင့် အကွယ်၌ နှစ်ကိုတည်းရှိခြင်းကို တားမြစ်ခြင်းထက် ပို၍ပင် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများထက် ထိုသူများနှင့် အကွယ်၌ နှစ်ကိုတည်းရှိရန် အခွင့်အလမ်းများလည်း ပိုများပြီး မကောင်းမှုနှင့် ပြသနာဖြစ်နိုင်ခြေလည်း ပိုများသောကြောင့်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ထိုသူများသည် အမျိုးသမီးထံ အလွယ်တကူ ချဉ်းကပ်နိုင်ပြီး အမျိုးသမီးနှင့် အကွယ်၌ နှစ်ကိုတည်းရှိရန်အခွင့်အရေးရရှိခြင်းသည်လည်း သာမန်ကိစ္စတစ်ခုအဖြစ် ရှိနေသောကြောင့်ဖြစ်ကာ၊ ထိုသို့ဖြစ်ခြင်းအား ကန့်ကွက်ရန် အခွင့်အရေးလည်း နည်းပါးနေသောကြောင့်ဖြစ်သည်။ အမျိုးသမီးအနေဖြင့် ခင်ပွန်း၏ နီးစပ်သော ဆွေမျိုးများမှ လုံးဝကွဲကွာ၍ သီးသန့်နေထိုင်ရန်မှာ လက်တွေ့အားဖြင့် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ ဤကိစ္စတွင် ယေဘုယျအားဖြင့် ပေါ့လျော့မှုများလည်း ရှိတတ်သည်။ ထို့ကြောင့် အမျိုးသားတစ်ဦးသည် မကြာခဏဆိုသလိုပင် မိမိအကို၏ ဇနီးနှင့် အကွယ်၌ နှစ်ကိုတည်းရှိခြင်းမျိုး ဖြစ်တတ်သည်။ သို့ဖြစ်ရာ ၎င်းကိစ္စရပ်သည် ယုတ်ညံ့မှုနှင့် ဆိုးကျိုးတွင် သေခြင်းတရားနှင့် တူညီသည်။ ဤသို့မဟုတ်ဘဲ သူစိမ်းအမျိုးသားတစ်ဦးနှင့်ဆိုလျှင် ထိုအဖြစ်အပျက်မှ သတိထားဆင်ခြင်နိုင်မည် ဖြစ်သည်။
03

Benefits

သူစိမ်းအမျိုးသမီးများထံ ဝင်ထွက်သွားလာခြင်း၊ သူမတို့နှင့် အကွယ်၌ နှစ်ကိုယ်တည်း ရှိနေခြင်းမှ တားမြစ်ထားခြင်းမှာ စက်ဆုပ် ရွံရှာဖွယ်ကိစ္စရပ် ဖြစ်ပွားနိုင်ခြေ အကြောင်းရင်းကို ပိတ်ပင်တားဆီးရန်အတွက်ဖြစ်သည်။
ဤတားမြစ်ချက်သည် ခင်ပွန်း၏ ညီ၊ အစ်ကို ၊ဆွေမျိုးများ (အမျိုးသမီးနှင့် နေကဟ်ပြုပိုင်သူများ) အပါအဝင် အခြားသော သူစိမ်းယောက်ျားအားလုံးနှင့် သက်ဆိုင်သည်။ သို့သော် တားမြစ်ချက်မှာ ဝင်ထွက်သွားလာခြင်းသည် အကွယ်၌ နှစ်ကိုတည်းရှိခြင်း အဖြစ်သို့ ဆိုက်ရောက်မှသာလျှင် ဖြစ်သည်။
မကောင်းမှု၌ ကျရောက်မည်ကို စိုးရိမ်လျက်ချွတ်ချော်မှားယွင်းနိုင်ခြေရှိသော နေရာများအားလုံးမှ ကင်းကင်းရှင်းရှင်း နေထိုင်ခြင်း။
အိမာမ် နဝဝီက ဤသို့ဆိုသည် - " အရဗီဘာသာ စကားပညာရှင်အားလုံးက (الأحْمَاءَ )'အလ်အဟ်မာအ်' ဆိုသည်မှာ ခင်ပွန်း၏ဖခင်၊ ဦးလေး၊ အစ်ကို၊ တူ၊ ဝမ်းကွဲညီအစ်ကိုစသည့် ဆွေမျိုးများကို ရည်ညွှန်းကြောင်း၊ (الأَخْتَانَ)'အလ်အခ်သားန်' ဆိုသည်မှာ ဇနီး၏ဆွေမျိုးများကို ရည်ညွှန်းကြောင်း၊ (الأصْهارَ)'အလ်အတ်စ်ဟွာရ်' ဆိုသော စကားလုံးသည် အထက်ပါနှစ်မျိုးလုံးကို ခြုံငုံခေါ်ဆိုကြောင်း" တညီတညွှတ်တည်း အဆိုပြုခဲ့ကြသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ခင်ပွန်း၏ဆွေမျိုးများကို "သေခြင်း" နှင့် နှိုင်းယှဉ်မိန့်ကြားခဲ့သည်။ အိဗ်နု ဟဂျရ်က ဤသို့ဆိုသည် - "အာရပ်လူမျိုးများသည် မနှစ်သက်ဖွယ်ရာကိစ္စရပ်များကို 'သေခြင်းတရား'ဖြင့် ဥပမာပေးလေ့ရှိသည်။ ဤနေရာတွင် နှိုင်းယှဉ်ခြင်း၏ အကြောင်းရင်းမှာ အကယ်၍ ပြစ်မှုကျူးလွန်မိပါက၊ ယင်းသည် (အပြစ်ကြောင့်) ဒီန်(သာသနာ)၏ သေခြင်း ( ပျက်စီးခြင်း )ပင်ဖြစ်သည်။ အကယ်၍ ပြစ်မှုကျူးလွန်မိပြီး၊ ရဂျမ် ( ခဲပေါက်သတ်ခြင်း ) ပြစ်ဒဏ် ချမှတ်ခံရပါက၊ ယင်းသည် အမျိုးသမီးနှင့် အကွယ်၌ နှစ်ကိုယ်တည်းရှိခဲ့သူ၏ သေခြင်းဖြစ်ပြီး၊ ပြစ်မှုကျူးလွန်မိခဲ့သည့်အမျိုးသမီးအတွက်မူ ပျက်စီးခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သံသယသည် ခင်ပွန်းအား သူမကို ကွာရှင်းရန် တွန်းအားပေးခဲ့လျှင် သူမသည် မိမိ၏ခင်ပွန်းနှင့် ကင်းကွာရသောကြောင့်ဖြစ်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...