اللَّهُمَّ اكْفِنِي بِحَلاَلِكَ عَنْ حَرَامِكَ، وَأَغْنِنِي بِفَضْلِكَ عَمَّنْ سِوَاكَ (အဓိပ္ပာယ်) "အို- အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ် ခွင့်ပြုတော်မူအပ်သောအရာ(ဟလာလ်)ဖြင့် အရှင်မြတ် တားမြစ်တော်မူအပ်သောအရာ(ဟရာမ်)မှ ကျွန်တော်မျိုးကို လုံလောက်စေတော်မူပါ၊ အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် အရှင်မြတ်မှတစ်ပါး အခြားသူများထံမှ ကင်းလွတ်၍ ကြွယ်ဝချမ်းသာစေတော်မူပါ”။
Choose an available translation of this Hadeeth
Hadeeth text
အလီ (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်ခဲ့သည်။ ၎င်းထံသို့ မိမိ၏လွတ်မြောက်ရေးအတွက် ငွေပေးချေရန် စာချုပ်ချုပ်ဆိုထားသော ကျွန်တစ်ဦးသည် လာရောက်၍ "ကျွန်ုပ်၏ ငွေပေးချေမှုစာချုပ်ကို ဆက်လက်ပေးဆပ်ရန် မတတ်စွမ်းနိုင်တော့ပါ။ သို့ပါ၍ ကျွန်ုပ်အား ကူညီပါ။" ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလီ(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်အား သင်ပေးတော်မူခဲ့သော စကားလုံးအချို့ကို သင်အား သင်ကြားပေးရမည်လော။ အကယ်၍ သင့်၌ စွိုင်ရ်တောင်လောက်ကြီးသော ကြွေးမြီရှိခဲ့လျှင်လည်း အလ္လာဟ်အရှင်မြတ်သည် သင့်အတွက် ၎င်းကို ဖြေရှင်းပေးတော်မူလိမ့်မည်။ အလီ(ရဿွိယလ္လာဟုအန်ဟု)က မိန့်ကြားသည်မှာ- အသင် ဤသို့ ရွတ်ဆိုပါ- اللَّهُمَّ اكْفِنِي بِحَلاَلِكَ عَنْ حَرَامِكَ، وَأَغْنِنِي بِفَضْلِكَ عَمَّنْ سِوَاكَ
(အဓိပ္ပာယ်) "အို- အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ် ခွင့်ပြုတော်မူအပ်သောအရာ(ဟလာလ်)ဖြင့် အရှင်မြတ် တားမြစ်တော်မူအပ်သောအရာ(ဟရာမ်)မှ ကျွန်တော်မျိုးကို လုံလောက်စေတော်မူပါ၊ အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် အရှင်မြတ်မှတစ်ပါး အခြားသူများထံမှ ကင်းလွတ်၍ ကြွယ်ဝချမ်းသာစေတော်မူပါ”။
Explanation
Benefits
၂။ သာသနာ့ပညာရှင်များနှင့် အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သူများအနေဖြင့် ဖိတ်ခေါ်ခံရသူများအား ၎င်းတို့ကြုံတွေ့ရသည့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အထောက်အကူပြုမည့် အရာများကို လမ်းညွှန်ပေးခြင်း၊ သွန်သင်ဆုံးမခြင်းတို့ ပြုလုပ်ရမည်။
၃။ ကျွန်အဖြစ်မှ လွတ်မြောက်ရန် စာချုပ်ချုပ်ဆိုထားသူကို ကူညီရန် တိုက်တွန်းထားခြင်း။
၄။ ဤဒုအာအား သင်ယူခြင်းနှင့် ယင်းဒုအာဖြင့် အလ္လာဟ်အရှင်မြတ်ထံ တောင်းခံပန်ကြားရန် တိုက်တွန်းထားခြင်း။
၅။ ဟလာလ်ရိုဇီရိက္ခာသည် နည်းပါးသော်လည်း၊ ဟရာမ် ဥစ္စာပစ္စည်း (ယင်းသည် များပြားလင့်ကစား) ထက်သာလွန်၏။
၆။ လူသားတို့ထက် အလ္လာဟ်အရှင်မြတ်ကိုသာ အားကိုးအား ထားပြုခြင်း။
၇။ သင့်ထံတွင် လာရောက်တောင်းရမ်းသူအား ပေးစရာမရှိလျှင် ၎င်းအား ကောင်းမွန်သောစကားဖြင့် တုံ့ပြန်ရန် တိုက်တွန်းထားခြင်း။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

