အသင်တို့သည် (လူတို့၏ အရေးကိစ္စများကို) လွယ်ကူအောင်ပြုပေးကြပါ၊ ခက်ခဲအောင် မပြုကြနှင့်။ သတင်းကောင်းပေးကြပါ၊(ကောင်းမြတ်သည့် ကိစ္စများမှ) ဝေးကွာအောင် မလုပ်ကြနှင့်။
Choose an available translation of this Hadeeth
Hadeeth text
အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် (လူတို့၏ အရေးကိစ္စများကို) လွယ်ကူအောင်ပြုပေးကြပါ၊ ခက်ခဲအောင် မပြုကြနှင့်။ သတင်းကောင်းပေးကြပါ၊(ကောင်းမြတ်သည့် ကိစ္စများမှ) ဝေးကွာအောင် မလုပ်ကြနှင့်။
Explanation
လူတို့အား ကောင်းမြတ်သည့် သတင်းကောင်းများကိုပေးရန်နှင့် ကောင်းမှုများမှ ဝေးကွာအောင် မပြုလုပ်ရန် တိုက်တွန်းထားသည်။
Benefits
အလ္လာဟ်ဘက်သို့ ဖိတ်ခေါ်သူ ဒါအီသည် လူတို့အား အစ္စလာမ်ဘက်သို့ဖိတ်ခါ်မည့် သဗ်လိဂ်နည်းလမ်းကို ဟိက်မသ်အမြော်မြင်နှင့်တကွ ရွေးချယ်ရမည်။
ဝမ်းမြောက်စရာ သတင်းကောင်းပေးခြင်းသည် ဒါအီကိုယ်တိုင်နှင့် လူတို့အား တင်ပြသော ၎င်း၏တရားစကားများတွင် ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှု၊ စိတ်အေးချမ်းမှုတို့ကို မွေးဖွားပေးမည်ဖြစ်သည်။
ခက်ခဲအောင်လုပ်ခြင်းသည် ဒါအီ၏ စကားကို မနှစ်သက်ခြင်း၊ ကျောခိုင်းခြင်းနှင့် သံသယစိတ်တို့ကို ဖြစ်ပေါ်စေသည်။
ကျေးကျွန်များပေါ်တွင်ရှိသော အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်သည် အလွန်ကျယ်ဝန်းလှသည်။ အရှင်မြတ်သည် ခွင့်လွှတ်ချမ်းသာပေးသည့် သာသနာ၊ လွယ်ကူသည့် တရားလမ်းစဉ်ကို ၎င်းတို့အဖို့ ကျေနပ်နှစ်သက်တော်မူခဲ့သည်။
ရှရီအဟ် တရားတော်၏ အမိန့်များသည် လွယ်ကူသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

