افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#5889[صحيح]
HadeethEnc · 1.34.0

ငွေကို ရွှေဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ဂျုံကို ဂျုံဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ မုယောစပါးကို မုယောစပါးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

မာလိက် ဗင်န် အောင်စ် ဗင်န် ဟဒစားန်က ဆင့်ပြန်ခဲ့သည်။ သူက ပြောပြခဲ့သည်မှာ- ကျွန်ုပ်သည် ( ရွှေဒင်္ဂါးကို ) ငွေဒင်္ဂါးဖြင့် လဲလှယ်ပေးမည့်သူ ရှိပါသလားဟု မေးမြန်းရန် ရောက်ရှိလာခဲ့သည်။ ထိုအခါ သွလ်ဟာ ဗင်န် အုဘိုင်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု) - ထိုအချိန်၌ ၎င်းသည် အုမရ် ဗင်န် ခသ်သွားဗ် (ရဿွိယလ္လာဟုအန်ဟု) ၏ အနားတွင် ရှိနေခဲ့သည်- "သင့်ရွှေကို ကျွန်ုပ်အား ပြပါ၊ ထို့နောက် (နောက်မှ) ကျွန်ုပ်ထံ ပြန်လာပါ။ ကျွန်ုပ်၏ အစေခံ လာသောအခါ ကျွန်ုပ် သင့်အား သင့်ငွေကို ပေးဆောင်ပါမည်" ဟု ပြောခဲ့သည်။ ထိုစကားကို ကြားရသောအခါ အုမရ် ဗင်န် ခသ်သွားဗ် (ရဿွိယလ္လာဟုအန်ဟု) က ပြောဆိုခဲ့သည်မှာ- "အလျှင်းမဖြစ်နိုင်ပါ၊ အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ပြောမည်။ အသင် သူ့အား သူ၏ငွေကို (ယခုချက်ချင်း) ပေးဆောင်ရမည် သို့မဟုတ် သူ၏ရွှေကို ပြန်‌လည်ပေးအပ်ရမည်" အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည် - ငွေကို ရွှေဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ဂျုံကို ဂျုံဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ မုယောစပါးကို မုယောစပါးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။
02

Explanation

သာဗီအီတစ်ဦးဖြစ်သူ မာလိက် ဗင်န် အောင်စ်က ဆင့်ပြန်ပြောပြခဲ့သည်မှာ - ၎င်းထံတွင် ရွှေဒင်္ဂါးများ ရှိပြီး၊ ၎င်းသည် ထိုရွှေဒင်္ဂါးများကို ငွေဒင်္ဂါးများဖြင့် လဲလှယ်လိုသည်။ ထိုအခါ သွလ်ဟာ ဗင်န် အုဘိုင်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု) က ၎င်းအား " သင့် ရွှေဒင်္ဂါးများကို ကျွန်ုပ်အား ပေးပါ၊ ကျွန်ုပ် ကြည့်ရှုလိုပါသည်" ဟု ပြောခဲ့သည်။ ထို့နောက် ဝယ်ယူရန် စိတ်ဆုံးဖြတ်ပြီးသောအခါ "ကျွန်ုပ်၏ အစေခံ လာသောအခါ သင်ပြန်လာပါ၊ ကျွန်ုပ် သင့်အား ငွေဒင်္ဂါးများ ပေးဆောင်ပါမည်" ဟု ပြောခဲ့သည်။ ထိုအချိန်၌ အုမရ် ဗင်န် ခသ်သွားဗ် (ရဿွိယလ္လာဟုအန်ဟု)လည်း ထိုနေရာတွင် ရှိနေခဲ့သည်။ ထိုအခါ ၎င်း(အုမရ် ဗင်န် ခသ်သွားဗ်)က ဤသို့သော ငွေကြေးလဲလှယ်မှုမျိုးကို ငြင်းဆန်ခဲ့ပြီး သွလ်ဟာ (ရဿွိယလ္လာဟုအန်ဟု)အား ယခုချက်ချင်း ငွေကိုပေးရန် သို့မဟုတ် မာလိက် ဗင်န် အောင်စ် ထံမှ ယူထားသော ရွှေကို ပြန်လည်‌ပေးအပ်ရန် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောဆိုခဲ့သည်။ ထိုသို့ပြုရခြင်း၏ အကြောင်းရင်းမှာ အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ရွှေကို ငွေဖြင့် သို့မဟုတ် ငွေကို ရွှေဖြင့် လဲလှယ် ရောင်းချလိုပါက၊ အရောင်းဝယ်လုပ်သည့် ပစ္စည်းကို ချက်ချင်းလက်ငင်း ရယူရမည်။ သို့မဟုတ်ပါက ထိုအရောင်းအဝယ်သည် တားမြစ်ထားသောအတိုး ဖြစ်သွားမည်ဖြစ်ပြီး ထိုရောင်းဝယ်မှုသည်လည်း ပျက်ပြားသွားမည်" ဟု မိန့်ကြားခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရွှေကို ငွေဖြင့် သို့မဟုတ် ငွေကို ရွှေဖြင့် လှဲလယ်ရောင်းချခြင်းသည် ချက်ချင်းလက်ငင်း ရောင်းဝယ်ခြင်းနှင့် နှစ်ဖက်စလုံးမှ (အရောင်းဝယ်လုပ်သည့် ပစ္စည်းကို) လက်ခံရယူခြင်း ရှိမှသာလျှင် မှန်ကန်ပါမည်။ အလားတူပင် ဂျုံနုကို ဂျုံနုဖြင့်၊ ဂျုံကြမ်းကို ဂျုံကြမ်းဖြင့် မုယောစပါးကို မုယောစပါးဖြင့်၊ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့် ရောင်းချခြင်းသည် အလေးချိန်၊ ပမာဏ တူညီမှုရှိပြီး နှစ်ဖက်စလုံးမှ ချက်ချင်းလက်ငင်း လက်ခံရယူခြင်း ရှိမှသာလျှင် မှန်ကန်ပါမည်။ ဤပစ္စည်းများတွင် တစ်ဖက်သို့ လက်ငင်းပေးချေခြင်းနှင့် တစ်ဖက်သို့ နောက်ကျပေးချေခြင်း မပိုင်ပေ။ ထို့အပြင် လက်ခံရယူခြင်းမပြုမီ အရောင်းအဝယ်လုပ်သူနှစ်ဦး ခွဲခွာသွားခြင်းလည်း မပိုင်ပေ။
03

Benefits

ဤဟဒီးစ်တွင် ရွှေ၊ ငွေ၊ ဂျုံ၊ မုယောဆန် နှင့် စွန်ပလွံသီး ဟူ၍ အမျိုးစားငါးမျိုးကို ဖော်ပြထားပါသည်။ သို့ဖြစ်ရာ တူညီသော ကုန်ပစ္စည်းအမျိုးအစားများကို (ဥပမာ- ရွှေကို ရွှေဖြင့်) လဲလှယ်ရောင်းဝယ်သည့်အခါ၊ ထိုအရောင်းအဝယ် မှန်ကန်မှုရှိရန်အတွက် အချက်နှစ်ချက်လိုအပ်သည်- ၁။ သဘောတူညီချက်ပြုလုပ်သည့် နေရာတွင် နှစ်ဦးနှစ်ဖက်စလုံး အရောင်းအဝယ်ပစ္စည်းကို လက်ခံရယူခြင်း။ ၂။ အလေးချိန်တူညီခြင်း။ အထက်ပါစည်းမျဉ်းတစ်ခုခုချိုးဖောက်ပါက ယင်းသည် ရိဗလ်ဖဇ်လ် (ပိုမိုယူသော အတိုး) ဟု ခေါ်ဆိုပါသည်။ မတူညီသော အမျိုးအစားများကို (ဥပမာ- ငွေကို ဂျုံဖြင့်) လဲလှယ်ရောင်းဝယ်သည့်အခါ၊ ထိုအရောင်း အဝယ် မှန်ကန်မှုရှိရန်အတွက် အချက်တစ်ချက်လိုအပ်သည်- ၁။ သဘောတူညီချက်ပြုလုပ်သည့် နေရာတွင် တန်ဖိုးကို လက်ခံရယူခြင်းဖြစ်သည်။ အကယ်၍ ဤစည်းမျဉ်းကို ချိုးဖောက်ပါက ယင်းသည် ရိဗန်နဆီအာ (ဆိုင်းငံ့ထားခြင်းပေါ် ပိုမိုယူသော အတိုး) ဟု ခေါ်ဆိုပါသည်။
သဘောတူညီချက်ပြုလုပ်သည့် နေရာဆိုသည်မှာ နှစ်ဦးနှစ်ဖက်ရောင်းဝယ်ဖောက် ကားမှုပြုလုပ်သည့် နေရာကိုဆိုလိုသည်။ ထိုနေရာတွင် အရောင်းဝယ်ပြုလုပ်သူနှစ်ဦးစလုံး ထိုင်နေခြင်းဖြစ်စေ၊ လမ်းလျှောက်နေခြင်း သို့မဟုတ် အစီးအနင်းစီးနေခြင်းဖြစ်စေ အတူတူပင် ဖြစ်သည်။ ကွဲခွါခြင်း ဆိုသည်မှာ လူတို့ကြားတွင် ကွဲခွါခြင်းအဖြစ် သတ်မှတ်ထားသည့် အခြေအနေအားလုံးကို ဆိုလိုသည်။
ဟဒီးစ်တွင် လာရှိသော တားမြစ်ချက်သည် ဒင်္ဂါးသွန်းထားသော ရွှေအမျိုးမျိုးနှင့် ဒင်္ဂါးသွန်းထားသော ငွေအမျိုးမျိုးအပါအဝင် ရွှေ၊ ငွေအားလုံးကို ခြုံငုံသက်ရောက်သည်။
လက်ရှိခေတ် သုံးစွဲနေသော ငွေစက္ကူများနှင့်ပတ်သက် ၍လည်း ရွှေနှင့်ငွေ လဲလှယ်ရောင်းဝယ်မှုဆိုင်ရာ စည်းမျဉ်းများအတိုင်း လိုက်နာကျင့်သုံးရမည်။ ဆိုလိုသည်မှာ အကယ်၍ သင်သည် ငွေကြေး(ငွေစက္ကူ)တစ်မျိုးကို အခြားငွေကြေး (ငွေစက္ကူ)တစ်မျိုးဖြင့် လဲလှယ်လိုပါက (ဥပမာ- ဆော်ဒီ ရီယာလ်ကို ဒိရ်ဟမ်ဖြင့်) နှစ်ဦးနှစ်ဖက်သဘောတူညီချက်ဖြင့် အပိုဆောင်းငွေယူခြင်းသည်ခွင့်ပြုထားသော်လည်း ရောင်းဝယ်ဖောက်ကားမှုပြုလုပ်သည့် နေရာတွင် နှစ်ဦးနှစ်ဖက် လက်ခံလက်လွှဲပြုလုပ်ရန် အရေးကြီးသည်။ သို့မဟုတ်ပါက ရောင်းဝယ်မှုသည် ပျက်ပြယ်ပြီး ဟရာမ်ဖြစ်သော အတိုးပါဝင်သည့် ငွေကြေးလဲလှယ်မှုဖြစ်သွားပါမည်။
အတိုးကို အခြေခံသော ငွေကြေးလဲလှယ်မှုများ၊ရောင်းဝယ်ဖောက် ကားမှုများ ပြုလုပ်ခွင့်မရှိပေ။ နှစ်ဦးနှစ်ဖက် သဘောတူကျေနပ်သည်ဖြစ်စေ ထိုကဲ့သို့သော သဘောတူညီချက်သည် ပျက်ပြယ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် အစ္စလာမ်သာသနာသည် လူသားတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အ စည်း၏ အခွင့်အ ရေးကို ကာကွယ်ပေးပြီး ထိုသူကိုယ်တိုင် စွန့်လွှတ်လိုက်သည့်တိုင် ကာကွယ်ပေးသောကြောင့်ဖြစ်ပါသည်။
မကောင်းမှုကို တားဆီးကာကွယ်ခြင်းသည် ထိုသို့ပြုလုပ်နိုင်စွမ်းရှိသူတိုင်းအပေါ် တာဝန်ရှိပါသည်။
မကောင်းမှုကို တားဆီးရာတွင် အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) ပြုလုပ်ခဲ့သည့် နည်းလမ်းအတိုင်း သက်သေအထောက်အထားများ တင်ပြခြင်းကို ပြုလုပ်ရမည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...